What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Vietjet Air 2018 ျပကၡဒိန္ဖက္ရွင္

Vietjet Air 2018 ျပကၡဒိန္
==============
ဗီယက္နမ္ ေလေၾကာင္းလုိင္းျဖစ္တဲ့ Vietjet Air ဟာ အေရာင္းျမႇင့္တင္ေရးအတြက္ ၂၀၁၈ ခုႏွစ္အတြက္ စားပြဲတင္ ေရာင္စုံျပကၡဒိန္ကုိ ထုတ္ေ၀လုိက္တာမွာ ဘီကနီ ဖက္ရွင္ကုိ အဓိက သုံးစြဲထားပါတယ္။

အခမဲ့ေပးေ၀တဲ့ ျပကၡဒိန္ေတြကုိ ကုမၸဏီေတြ ထုတ္လုပ္ျဖန္႔ေ၀ၾကတာမွာ ဘီကနီပုံေတြကုိ သုံးစြဲတာဟာ လုိင္းတစ္လုိင္း သီးသန္႔သုံးစြဲၾကေလ့ရွိၿပီး အေ၀ဖန္ခံရမွာကုိ အမႈမထားဖုိ႔ လုိပါတယ္။

ဗီယက္နမ္ႏုိင္ငံရဲ႕ ႏုိင္ငံတကာေလေၾကာင္းလုိင္းျဖစ္ၿပီး ရန္ကုန္ ဟုိခ်ီမင္းခရီးစဥ္ ပုံမွန္ေျပးဆြဲေနတဲ့ Vietjet Air ရဲ႕ ၂၀၁၈ ခုႏွစ္ ျပကၡဒိန္အတြက္ “air cabin catwalk” ဆုိတဲ့ စိတ္ကူးစိတ္သန္းျဖင့္ ဖန္တီးထားၿပီး Vietjet Air ေလယာဥ္ အတြင္းအျပင္တုိ႔မွာ ေမာ္ဒယ္ေတြကုိ ဘီကီနီဖက္ရွင္ေတြနဲ႔ ဓာတ္ပုံ႐ုိက္ထားပါတယ္။

ေလေၾကာင္းလုိင္းရဲ႕ ေျပာေရးဆုိခြင့္ ရွိသူက ယခုႏွစ္မွာ Vietjet ဟာ ထိပ္တန္း ေမာ္ဒယ္ေတြကုိ သုံးစြဲႏုိင္ဖုိ႔အတြက္ အျပင္းအထန္ ႀကိဳးပမ္းခဲ့ၿပီး ဗီယက္နမ္မွ်သာ မဟုတ္ဘဲ အျခားႏုိင္ငံမ်ားမွ လူသိမ်ားတဲ့ေမာ္ဒယ္ေတြ ပါ၀င္ေစခဲ့ၿပီး ဓာတ္ပုံ႐ုိက္ကူးခဲ့တာဟာ ေလေၾကာင္းလုိင္း လက္မွတ္ေရာင္းေကာင္းေစဖုိ႔အတြက္သာမက ဗီယက္နမ္ႏုိင္ငံရဲ႕ ခရီးသြားလုပ္ငန္း ျမႇင့္တင္ေရးကုိပါ ရည္ရြယ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

သုံးစြဲထားတဲ့ ေမာ္ဒယ္ေတြမွာ အေမရိကန္ ဂီတပညာရွင္နဲ႔ အင္စတာဂရမ္ ေမာ္ဒယ္ Celine Farach ပါ၀င္ၿပီး အသက္ ၂၀ ႏွစ္အရြယ္ ျဖစ္ၿပီး Instagram မွာ
followers 950,000 ေက်ာ္ ရရွိထားသူ ျဖစ္ပါတယ္။
Miss Asia 2017 မွာ ပါ၀င္တဲ့ Minh Tu Nguyen နဲ႔ 2017 Miss Universe Pageant မွာ ပါ၀င္တဲ့ ထုိင္းအလွမယ္ Kwanlada Rungrojampa တုိ႔လည္း ပါ၀င္ပါတယ္။

PR promotion စတန္႔အျဖစ္ ၂၀၁၄ ခုႏွစ္မွာ Vietjet ဟာ ယခုလုိ ဘီကီနီ၀တ္စုံျဖင့္ ေလယာဥ္မယ္အျဖစ္ လုပ္ကုိင္ေစခဲ့ပါတယ္ တကယ္ေတာ့
Vietjet ရဲ႕ ေလယာဥ္ပ်ံေတြေပၚမွာ ေလယာဥ္မယ္ေတြဟာ ယူနီေဖာင္း အျပည့္အစုံကုိသာ ၀တ္ဆင္ထားၾကၿပီး ရံဖန္ရံခါမွသာ အထူးခရီးစဥ္ေတြမွာသာ တရား၀င္ ဘီကီနီယူနီေဖာင္းကုိ ၀တ္ဆင္ျခင္း ျပဳပါတယ္။ PR စတန္႔ထြင္တာမွာ ပင္လယ္ကမ္းေျခၿမိဳ႕ဆီသြားတဲ့ ေလေၾကာင္းခရီးစဥ္ေတြမွာ ေလယာဥ္မယ္ေတြက ေလေၾကာင္းလုိင္းရဲ႕ တရား၀င္ ဘီကီနီ ယူနီေဖာင္းျဖင့္ ေလယာဥ္ေပၚမွာ တာ၀န္ထမ္းေဆာင္ေစေလ့ရွိတာအတြက္ နာမည္ႀကီးခဲ့ပါတယ္။

vietjet

 


Vietjet ရဲ႕ အဓိကၿပိဳင္ဘက္ ဗီယက္နမ္ေလေၾကာင္းလုိင္းႀကီးေတြျဖစ္တဲ့ Vietnam Airlines နဲ႔ JetStar Pacific တုိ႔ကုိ ပခုံးယွဥ္ႏုိင္ဖုိ႔ ယခုလုိ ဘီကီနီနည္းဗ်ဴဟာျဖင့္ ေဈးကြက္အေရာင္းျမႇင့္တင္ရတာ ျဖစ္ပါတယ္။
ယခုလုိ ျပကၡဒိန္တစ္ခု ရဖုိ႔ ဓာတ္ပုံေတြ ဘယ္လုိ ႐ုိက္ကူးခဲ့ၾကရတယ္ဆုိတာကုိ ထင္ဟပ္ျပသတဲ့ ပုံတခ်ဳိ႕ကုိ ရွာေဖြေဖာ္ျပလုိက္ရပါတယ္။

 

img20171121181917193

 

img20171121181917476

 

img20171121181917588

 

img20171121181917679

 

img20171121181918028

 

img20171121181918252

 

img20171121181918383vietjet2018 11

သာမန္အားျဖင့္ မလုံသလုိလုိနဲ႔ လုံေနတဲ့ ဘီကီနီဖက္ရွင္နဲ႔ ျပကၡဒိန္ကုိ အရည္အေသြးရွိရွိ ဖန္တီးရတာ မလြယ္ပါဘူး။ နာမည္ႀကီး ေမာ္ဒယ္ေတြကုိ ရထားတဲ့ ဘတ္ဂ်က္နဲ႔ ေလာက္ငေအာင္ ငွားရမ္းစီစဥ္ရတဲ့ဒုကၡက မေသးပါဘူး။ ဘီကီနီ အပုိင္းအစမွ်သာ မဟုတ္ဘဲ ဖက္ရွင္ဒီဇုိင္းနာေတြ ဉာဏ္ကြန္႔ျမဴးထားတဲ့ အလွအဆင္းတန္ဆာေတြကုိ ဧရိယာေသးငယ္တဲ့ အ၀တ္စမွာ တြဲဖက္ေပးရတာဟာလည္း ပညာသားပါပါတယ္။ ျငင္းမရတဲ့ အားနည္းခ်က္ကေတာ့ အလွမယ္ေတြနဲ႔ သူတုိ႔ဆင္ျမန္းထားတဲ့ ဖက္ရွင္ဆန္းေတြကုိ အသားေပးေဖာ္ျပရတဲ့အျပင္ ေလေၾကာင္းလုိင္းရဲ႕ အႏွစ္သာရကုိလည္း ေဖာ္က်ဳးရတာမုိ႔ Vietjet ျပကၡဒိန္မွာ လတစ္လရဲ႕ ရက္ေတြကို ေဖာ္ျပေပးထားတာ အေသအခ်ာၾကည့္မွသာ ျမင္ရပါလိမ့္မယ္ဆုိတာပါပဲ။

Vietjet အေၾကာင္းကိုေျပာရင္ Vietjet ရဲ႕ ဗီယက္နမ္ CEO အမ်ဳိးသမီး Nguyen Thi Phuong Thao ကုိလည္း ေျပာျပဖုိ႔ လုိပါလိမ့္မယ္။ ငုယင္ သီေဖါင္းသုိဟာ မိမိဘာသာ ကုိယ္ဒူးကုိယ္ခၽြန္ၿပီး ဘီလ်ံနာအျဖစ္သုိ႔ ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။

vietj2
Bloomberg ရဲ႕ Billionaires Index အရ သုိဟာ အသက္ ၄၅ ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔တန္ဖုိးက အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ ရွိပါတယ္။ ဗီယက္နမ္မွာ ၀င္ေငြအမ်ားဆုံး အမ်ဳိးသမီး ျဖစ္ပါတယ္။
သူရဲ႕ ခ်မ္းသာမႈကုိ VietJet နဲ႔ အိမ္ရာဖြံ႕ၿဖိဳးေရးလုပ္ငန္းျဖစ္တဲ့ Dragon City တုိ႔ထံမွ အမ်ားဆုံး ရရိွပါတယ္။ သူမွာ ပုိင္ဆုိင္မႈ ဘယ္ေလာက္ရွိၿပီလဲဆုိတာကုိ ဘယ္ေတာ့မွ တြက္ခ်က္ၾကည့္ေလ့ မရွိဘူးလုိ႔ ဆုိပါတယ္။ ‘‘ကၽြန္မ ဘာလုပ္သလဲ။ ကုမၸဏီ ႀကီးထြားဖုိ႔ ေတာင့္တင္းဖုိ႔ကုိ ဘယ္လုိလုပ္ရမလဲဆုိတာကုိပဲ အာ႐ုံစုိက္ပါတယ္။ ကၽြန္မရဲ႕ ၀န္ထမ္းေတြ ပ်မ္းမွ်အားျဖင့္ လစာ တုိးေအာင္ ဘယ္လုိလုပ္ေပးရမလဲ။ ေလေၾကာင္းလုိင္းကုိ ေဈးကြက္ေ၀စု ပုိရေအာင္ ဘယ္လုိ လုပ္ရမလဲ။ နံပါတ္တစ္ ျဖစ္ေအာင္ ဘယ္လုိလုပ္ရမလဲဆုိတာေတြကုိ အာ႐ုံစုိက္ထားပါတယ္’’ လုိ႔ ေျပာျပဖူးပါတယ္။ ကုမၸဏီရဲ႕ အစုရွယ္ယာ ေ၀စု ဘယ္ေလာက္ပုိင္ထားသလဲဆုိတာကုိလည္း ထုတ္ေဖာ္ေျပာၾကားျခင္း မျပဳေပမဲ့ အနည္းဆုံး ၉၅ ရာခိုင္ႏႈန္း ပုိင္ဆုိင္ထားတယ္လုိ႔ ယူဆၾကပါတယ္။
VietJet ကုိ စရိတ္က်ဥ္းေလေၾကာင္းလုိင္းအျဖစ္ ေျပးဆြဲၿပီး ၂၀၁၅ ခုႏွစ္မွာ စင္ကာပူ ေဒၚလာ ၆၇၃ သန္း ၀င္ေငြ ရရွိခဲ့တယ္လုိ႔ စင္ကာပူမွ သတင္းတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။ ဗီယက္နမ္ႏုိင္ငံမွ မီဒီယာတစ္ခုမွာေတာ့ ၂၀၁၄ ခုႏွစ္မွာ ၀င္ေငြ ဗီယက္နမ္ႏုိင္ငံသုံးေငြ ေဒါင္ ၈.၁ ထရီလ်ံ ရရွိခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ ၁၀.၉ ထရီလ်ံ ရရွိခဲ့တယ္လုိ႔ ေဖာ္ျပထားပါတယ္။
သုိဟာ ေငြေရးေၾကးေရးပညာနဲ႔ စီးပြားေရးပညာတုိ႔ကုိ ေမာ္စကုိမွာ သင္ယူခဲ့ၿပီး ကုန္သည္တစ္ဦးအျဖစ္ အသက္ေမြးခဲ့တာမွာ သုံးႏွစ္အတြင္းမွာ သန္းၾကြယ္ခ်မ္းသာသူ အျဖစ္သုိ႔ ေရာက္ရွိခဲ့ေပမဲ့ သုိသုိသိပ္သိပ္သာ ေနထုိင္ခဲ့ပါတယ္။

VietJet AFP

 

Uni

Vietjet Air 2018 ပြက္ခဒိန်
==============
ဗီယက်နမ် လေကြောင်းလိုင်းဖြစ်တဲ့ Vietjet Air ဟာ အရောင်းမြှင့်တင်ရေးအတွက် ၂၀၁၈ ခုနှစ်အတွက် စားပွဲတင် ရောင်စုံပြက္ခဒိန်ကို ထုတေ်ဝလိုက်တာမှာ ဘီကနီ ဖက်ရှင်ကို အဓိက သုံးစွဲထားပါတယ်။

အခမဲ့ပေးေဝတဲ့ ပြက္ခဒိန်တွေကို ကုမ္ပဏီတွေ ထုတ်လုပ်ဖြန့်ဝကြေတာမှာ ဘီကနီပုံတွေကို သုံးစွဲတာဟာ လိုင်းတစ်လိုင်း သီးသန့်သုံးစွဲကြလေ့ရှိပြီး အေဝဖန်ခံရမှာကို အမှုမထားဖို့ လိုပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံတကာလေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန် ဟိုချီမင်းခရီးစဉ် ပုံမှန်ပြေးဆွဲနေတဲ့ Vietjet Air ရဲ့ ၂၀၁၈ ခုနှစ် ပြက္ခဒိန်အတွက် “air cabin catwalk” ဆိုတဲ့ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးထားပြီး Vietjet Air လေယာဉ် အတွင်းအပြင်တို့မှာ မော်ဒယ်တွေကို ဘီကီနီဖက်ရှင်တွေနဲ့ ဓာတ်ပုံရိုက်ထားပါတယ်။

လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့် ရှိသူက ယခုနှစ်မှာ Vietjet ဟာ ထိပ်တန်း မော်ဒယ်တွေကို သုံးစွဲနိုင်ဖို့အတွက် အပြင်းအထန် ကြိုးပမ်းခဲ့ပြီး ဗီယက်နမ်မျှသာ မဟုတ်ဘဲ အခြားနိုင်ငံများမှ လူသိများတဲ့မော်ဒယ်တွေ ပါဝင်စေခဲ့ပြီး ဓာတ်ပုံရိုက်ကူးခဲ့တာဟာ လေကြောင်းလိုင်း လက်မှတ်ရောင်းကောင်းစေဖို့အတွက်သာမက ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကိုပါ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

သုံးစွဲထားတဲ့ မော်ဒယ်တွေမှာ အမေရိကန် ဂီတပညာရှင်နဲ့ အင်စတာဂရမ် မော်ဒယ် Celine Farach ပါဝင်ပြီး အသက် ၂၀ နှစ်အရွယ် ဖြစ်ပြီး Instagram မှာ
followers 950,000 ကျော် ရရှိထားသူ ဖြစ်ပါတယ်။
Miss Asia 2017 မှာ ပါဝင်တဲ့ Minh Tu Nguyen နဲ့ 2017 Miss Universe Pageant မှာ ပါဝင်တဲ့ ထိုင်းအလှမယ် Kwanlada Rungrojampa တို့လည်း ပါဝင်ပါတယ်။

PR promotion စတန့်အဖြစ် ၂၀၁၄ ခုနှစ်မှာ Vietjet ဟာ ယခုလို ဘီကီနီဝတ်စုံဖြင့် လေယာဉ်မယ်အဖြစ် လုပ်ကိုင်စေခဲ့ပါတယ် တကယ်တော့
Vietjet ရဲ့ လေယာဉ်ပျံတွေပေါ်မှာ လေယာဉ်မယ်တွေဟာ ယူနီဖောင်း အပြည့်အစုံကိုသာ ဝတ်ဆင်ထားကြပြီး ရံဖန်ရံခါမှသာ အထူးခရီးစဉ်တွေမှာသာ တရားဝင် ဘီကီနီယူနီဖောင်းကို ဝတ်ဆင်ခြင်း ပြုပါတယ်။ PR စတန့်ထွင်တာမှာ ပင်လယ်ကမ်းခြမြေို့ဆီသွားတဲ့ လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်မယ်တွေက လေကြောင်းလိုင်းရဲ့ တရားဝင် ဘီကီနီ ယူနီဖောင်းဖြင့် လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်စေလေ့ရှိတာအတွက် နာမည်ကြီးခဲ့ပါတယ်။
Vietjet ရဲ့ အဓိကပြိုင်ဘက် ဗီယက်နမ်လေကြောင်းလိုင်းကြီးတွဖြေစ်တဲ့ Vietnam Airlines နဲ့ JetStar Pacific တို့ကို ပခုံးယှဉ်နိုင်ဖို့ ယခုလို ဘီကီနီနည်းဗျူဟာဖြင့် ဈေးကွက်အရောင်းမြှင့်တင်ရတာ ဖြစ်ပါတယ်။
ယခုလို ပြက္ခဒိန်တစ်ခု ရဖို့ ဓာတ်ပုံတွေ ဘယ်လို ရိုက်ကူးခဲ့ကြရတယ်ဆိုတာကို ထင်ဟပ်ပြသတဲ့ ပုံတချို့ကို ရှာဖွေဖော်ပြလိုက်ရပါတယ်။
သာမန်အားဖြင့် မလုံသလိုလိုနဲ့ လုံနေတဲ့ ဘီကီနီဖက်ရှင်နဲ့ ပြက္ခဒိန်ကို အရည်အသွေးရှိရှိ ဖန်တီးရတာ မလွယ်ပါဘူး။ နာမည်ကြီး မော်ဒယ်တွေကို ရထားတဲ့ ဘတ်ဂျက်နဲ့ လောက်ငအောင် ငှါးရမ်းစီစဉ်ရတဲ့ဒုက္ခက မသေးပါဘူး။ ဘီကီနီ အပိုင်းအစမျှသာ မဟုတ်ဘဲ ဖက်ရှင်ဒီဇိုင်းနာတွေ ဉာဏ်ကွန့်မြူးထားတဲ့ အလှအဆင်းတန်ဆာတွေကို ဧရိယာသေးငယ်တဲ့ အဝတ်စမှာ တွဲဖက်ပေးရတာဟာလည်း ပညာသားပါပါတယ်။ ငြင်းမရတဲ့ အားနည်းချက်ကတော့ အလှမယ်တွေနဲ့ သူတို့ဆင်မြန်းထားတဲ့ ဖက်ရှင်ဆန်းတွေကို အသားပေးဖော်ပြရတဲ့အပြင် လေကြောင်းလိုင်းရဲ့ အနှစ်သာရကိုလည်း ဖော်ကျုးရတာမို့ Vietjet ပြက္ခဒိန်မှာ လတစ်လရဲ့ ရက်တွေကို ဖော်ပြပေးထားတာ အသေအချာကြည့်မှသာ မြင်ရပါလိမ့်မယ်ဆိုတာပါပဲ။

Vietjet အကြောင်းကိုပြောရင် Vietjet ရဲ့ ဗီယက်နမ် CEO အမျိုးသမီး Nguyen Thi Phuong Thao ကိုလည်း ပြောပြဖို့ လိုပါလိမ့်မယ်။ ငုယင် သီဖောင်းသိုဟာ မိမိဘာသာ ကိုယ်ဒူးကိုယ်ချွန်ပြီး ဘီလျံနာအဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။


Bloomberg ရဲ့ Billionaires Index အရ သိုဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး သူ့တန်ဖိုးက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိပါတယ်။ ဗီယက်နမ်မှာ ဝင်ငွေအများဆုံး အမျိုးသမီး ဖြစ်ပါတယ်။
သူရဲ့ ချမ်းသာမှုကို VietJet နဲ့ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ Dragon City တို့ထံမှ အများဆုံး ရရှိပါတယ်။ သူမှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိပြီလဲဆိုတာကို ဘယ်တော့မှ တွက်ချက်ကြည့်လေ့ မရှိဘူးလို့ ဆိုပါတယ်။ ‘‘ကျွန်မ ဘာလုပ်သလဲ။ ကုမ္ပဏီ ကြီးထွားဖို့ တောင့်တင်းဖို့ကို ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ အာရုံစိုက်ပါတယ်။ ကျွန်မရဲ့ ဝန်ထမ်းတွေ ပျမ်းမျှအားဖြင့် လစာ တိုးအောင် ဘယ်လိုလုပ်ပေးရမလဲ။ လေကြောင်းလိုင်းကို ဈေးကွကေ်ဝစု ပိုရအောင် ဘယ်လို လုပ်ရမလဲ။ နံပါတ်တစ် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အာရုံစိုက်ထားပါတယ်’’ လို့ ပြောပြဖူးပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာေဝစု ဘယ်လောက်ပိုင်ထားသလဲဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခြင်း မပြုပေမဲ့ အနည်းဆုံး ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ ယူဆကြပါတယ်။
VietJet ကို စရိတ်ကျဉ်းလေကြောင်းလိုင်းအဖြစ် ပြေးဆွဲပြီး ၂၀၁၅ ခုနှစ်မှာ စင်ကာပူ ဒေါ်လာ ၆၇၃ သန်း ဝင်ငွေ ရရှိခဲ့တယ်လို့ စင်ကာပူမှ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်နိုင်ငံမှ မီဒီယာတစ်ခုမှာတော့ ၂၀၁၄ ခုနှစ်မှာ ဝင်ငွေ ဗီယက်နမ်နိုင်ငံသုံးငွေ ဒေါင် ၈.၁ ထရီလျံ ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၁၀.၉ ထရီလျံ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သိုဟာ ငွေရေးကြေးရေးပညာနဲ့ စီးပွားရေးပညာတို့ကို မော်စကိုမှာ သင်ယူခဲ့ပြီး ကုန်သည်တစ်ဦးအဖြစ် အသက်မွေးခဲ့တာမှာ သုံးနှစ်အတွင်းမှာ သန်းကြွယ်ချမ်းသာသူ အဖြစ်သို့ ရောက်ရှိခဲ့ပေမဲ့ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ပါတယ်။

 

Read 1273 times
Rate this item
(0 votes)