What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အများအမြင်မှာ အားကျ ငေးယူဖွယ် ကောင်းလောက်အောင် ဖြစ်သွားစေမယ့် ဖက်ရှင်အပြင်အဆင်တွေ

အများအမြင်မှာ အားကျ ငေးယူဖွယ် ကောင်းလောက်အောင် ဖြစ်သွားစေမယ့် ဖက်ရှင်အပြင်အဆင်တွေ google

အဝတ်အစားရွေးချယ်တဲ့အခါမှာ ကိုယ့်နဲ့လိုက်ဖက်မှုရှိပြီး ဖက်ရှင်ကျနေဖို့လိုပါတယ်။ ဒါမှသာ အများကအားကျအတုယူဖွယ်ကောင်းလောက်အောင် ဖြစ်နေမှာပေါ့။

ဒီလိုဖြစ်နေဖို့ကလည်း အစစအရာရာ ပြီးပြည့်စုံမှု ရှိနေရပါမယ်။ ဘယ်လိုအရာတွေက သင့်ကို ဖက်ရှင်ကျစေမလဲဆိုတာ ကြည့်လိုက်ရအောင်...

၁။ လည်ဆွဲ

pearl necklace min

ပုလဲလည်ဆွဲတွေက သင့်ကို မိန်းမဆန်ပြီး ကျော့ရှင်းလှပစေပါတယ်။ သို့သော် သင့်ရဲ့ရုပ်သွင်ပိုကြီးတယ်လို့ ထင်စေတာကြောင့် ပုလဲကိုမှ တခြားပုံစံတွေနဲ့ ရောနှောထားတာမျိုးကို ဝတ်ဆင်ပါ။ အမြင်လည်းဆန်းပြီး ခေတ်ဆန်စေပါတယ်။

၂။ ပုဝါ

scraf min

ပုဝါတွေကို လည်ပင်းမှာသာမက ခေါင်းပေါ်မှာလည်း အလှဆင်တပ်ဆင်လာတာကို တွေ့မြင်ရမှာပါ။ သင့်ကို စတိုင်ကျစေမှာ အမှန်ပါပဲ။

၃။ နာရီ

watch min

မိန်းကလေးတွေအနေနဲ့ နာရီကောင်းကောင်းလေး တစ်လုံးတော့ ဆောင်ထားသင့်တယ်နော်။ စမတ်ကျပြီး အချိန်တိကျမှုကိုလည်း ရရှိစေမှာပါ။

၎။ အေပၚဝတ္အက်ႌ

long coat min

အပေါ်ကုတ်အင်္ကျီပါးပါးလေးတွေကလည်း မရှိမဖြစ်လိုအပ်တယ်နော်။ တကယ်လို့ အင်္ကျီကရိုးနေမယ်ဆိုရင်တောင် ခပ်မိုက်မိုက် အပေါ်ဝတ်လေးသာ ဝတ်ဆင်လိုက်ရင် လန်းနေမှာ အသေအချာပဲ။

Converse ဖိနပ်နဲ့ တွဲပြီးဝတ်ဆင်နိုင်မယ့် အလန်းဆုံး ဖက်ရှင်တွေ

၅။ မျက်မှန်

septacle min

ခုနောက်ပိုင်း မျက်မှန်ဒီဇိုင်းအသစ်သစ်တွေက ထွက်လာပြီဆိုတော့ မပူရတော့ဘူးပေါ့။ အလှပဲတပ်တပ် ၊ ကျန်းမာရေးအတွက်ပဲတပ်တပ် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မှုရှိတဲ့ မျက်မှန်မျိုးကို ရွေးချယ်ပါ။

၆။ ဒေါက်ဖိနပ်

heel min

ဒေါက်မြင့်ဖိနပ်ရွေးချယ်တဲ့အခါမှာ platform heel တွေထက် pencil heel တွေက သင့်ကို ကျော့ရှင်းလှပပြီး စမတ်ကျစေတယ်။ ဘယ်လို outfit မျိုးနဲ့မဆို လိုက်ဖက်လှပါတယ်။

 

Author:TDA

Read 3482 times
Rate this item
(1 Vote)