ခုခေတ်မှာ ပိန်သွယ်ပြီး ဗိုက်ချပ်အဆီမရှိ ခန္ဓာကိုယ်လေးတွေဟာ သိပ်ရေပန်းစားလာတယ်။ ဝလာတဲ့လူတွေက များလာတော့ ပိန်ချင်တဲ့နည်းလမ်းကိုရှာဖွေကြတယ်။တစ်ချို့ကဂျင်ဆော့တယ်။ ညနေတိုင်းအသီးအနှံ့တွေသာစားပြီး အားတင်းကာ ဝိတ်လျော့ကျတယ်။ခန္ဓာကိုယ်အား ဝိတ်ချဖို့လုပ်သလို၊ အဝတ်စားဝတ်ဆင်ရာမှာလည်းကိုယ့်အချိုးစားနဲ့ကိုက်ညီဖို့လိုပါတယ်။ ဝခြင်း၊ ပိန်ခြင်းဟာလည်းဝတ်တဲ့ အကျီ င်္ပေါ်မူတည်သေးတယ်နော်။ အဝတ်စားတွဲဖက်မှုမှန်ကန်အောင် ရွေးချယ်သင်တဲ့ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
-စကတ်မှာ အကွက်ပုံစံကြီးတွေပါတာက သင့်စတိုလ်ကိုရုပ်ဆိုးစေပါတယ်။ကြည့်ကောင်းတယ်လို့ထင်ရပေမယ့် ပွသွားတော့ ဝသွားသလို ခံစားရပါတယ်။ အပွင့်ခတ်သေးလေးတွေပါတဲ့ စကတ်(သို့) အရောင်ဗြောင်နဲ့ တွဲဖက်ပြီးဝတ်ဆင်ကြည့်ပါ။
-အကျီ င်္ကိုအပြင်ထုတ်ဝတ်တာထက် အထဲထည့်ဝတ်တာက ပိုပြီးတော့စမတ်ကျစေပါတယ်။ သင်ဟာ အကျီ င်္အပွကြီးတွေ အပြင်ထုတ်ဝတ်လေ့ရှိသူဆို အထဲထည့်ဝတ်ကြည့်ပါ။ တစ်မျိုးအမြင်ဆန်းသွားမှာကို တွေ့ရပါလိမ့်မယ်။ ပိုပြီးတော့လည်း အရပ်ရှည်လာသလို၊ ခန္ဓာကိုယ်သွယ်သွားစေပါတယ်။
-မျက်စိရှုပ်အောင် ဝတ်တာထက် ကြည့်လိုက်တာနဲ့ မျက်လုံးထဲရှင်းနေတဲ့ဝတ်စားပုံက ပိုစမတ်ကျပါတယ်။ အလှဆင်ထားတာတွေများတဲ့အကျီ င်္မျိုးကို မရွေးချယ်မိပါစေနဲ့။ အရောင်ကိုလည်း ကြိုက်နှစ်သက်ရာအရောင်ပဲ ဝတ်နေမယ့်အစား အခြားအရောင်တွေကိုအပြောင်းလဲဖြစ်အောင် စမ်းဝတ်ကြည့်သင့်ပါတယ်။
-ကြိုးတွေရှုပ်ယှက်ခတ်နေတဲ့ ဖိနပ်မျိုးကိုလည်းရှောင်ပါ။ ဒီလိုဖိနပ်မျိုးကသင့်ရဲ့ခြေထောက်ပိုတိုသွားသလိုဖြစ်စေပါတယ်။ စကတ်နဲ့တွဲဖက်ဝတ်လို့မလိုက်ပါဘူး။ ကိုယ့်အသားရောင်နဲ့လိုက်ဖက်မှုရှိမယ့် ဖိနပ်ကိုရွေးချယ်ပြီးဝတ်ဆင်သင့်ပါတယ်။
လည်ပင်းအဟိုက် ဂါဝန်လေးတွေက တစ်မျိုးဆွဲဆောင်မှုရှိပါတယ်။သင့်ရဲ့အလှကို ပိုမိုပေါ်လွင်စေပြီး လူသတိထားမိလွယ်ပါတယ်။
-အရောင်ထင်းထင်ကြီးတွေက သင်အသားဖြူရင် ကိစ္စမရှိပေမယ့်အသားညိုတဲ့လူဆိုရင် သေချာရွေးချယ်သင့်ပါတယ်။ အရောင်အရမ်းထင်းရင် ကိုယ့်ရဲ့အသားရေမပေါ်လွင်ဘဲ ပိုပြီးဖုံးအုပ်စေပါတယ်။အနက်ရောင်ကတော့ လူတိုင်းနဲ့လိုက်ဖက်မှုရှိပြီး ပိန်သွယ်စေတယ်လို့လည်း ပိုခံစားစေပါတယ်။ ကိုယ့်အသားရောင်နဲ့လိုက်ဖက်မှုရှိတဲ့အဝတ်စားကိုရွေးချယ်တတ်ပါစေ။
source:Trend myanmar