What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒူးပေါက်ဂျင်း

ZAWGYI+UNICODE




01

 



အလျားလိုက် ရေပြင်ညီမျဉ်းကြောင်းကို မြေဖြူနဲ့ ၂ လက်မ အလျား မှတ်သားပေးပါ။

02

 

03

04

 


တခြားဘက်ရဲ့ အတွင်းပိုင်းအသားကို မထိခိုက်အောင် ခုခံပေးရခြင်း ဖြစ်ပါတယ်။

လက်နဲ့ဖော်ချင်ရင်တော့ ရေမြုပ်ကျောက်လို့ခေါ်တဲ့ အသားပွပွကျောက်ကို



05





06

07





08







net du pauk

UNICODE

ဒူးပေါက်ဂျင်း
=======
ဂျင်းဘောင်းဘီ ဒူးပေါက်ဖောက်တာ ဘယ်လိုလုပ်ကြသလဲ။

ဝတ်ဆင်သူ တစ်ဦးချင်းအတွက် ဂျင်းဘောင်းဘီရှည်မှာ ဒူးပေါက်ဖောက်ပေးတာ သက်မွေးပညာတစ်ခုပါပဲ။ ဝတ်ဆင်သူရဲ့ ဒူးခေါင်းတည့်တည့်မှာ ပေါက်နေစေဖို့အတွက် ဝတ်ဆင်သူကို အရင်ဝတ်ခိုင်းပြီး ဒူးခေါင်းတည့်တည့်နေရာကို မှတ်သားရပါတယ်။ တကယ်လို့ အောက်နားမှာ ရှည်ထွက်နေရင် အောက်အနားပိုင်းကို သေသေချာချာ ခေါက်တင်ပြီးမှ တိုင်းတာပါ။ ပြီးရင် အပေါက်ဖောက်မယ့် အရွယ်အစားကို သတ်မှတ်ဖို့ ဘောင်းဘီကို ကျကျနန ပုံမှာပါတဲ့အတိုင်း ခေါက်ပါ။ အလျားလိုက် ရပြေင်ညီမျဉ်းကြောင်းကို မြဖြေူနဲ့ ၂ လက်မ အလျား မှတ်သားပေးပါ။
ဒူးပေါက်ဖောက်တဲ့အခါ ချုပ်ရိုးရှိတဲ့နေရာကို မထိမိဖို့ အရေးကြီးပါတယ်။
ဖောက်မယ့်နေရာ အထဲမှာ အသားထူထူ အစကို ခုခံပေးပါ။ တခြားဘက်ရဲ့ အတွင်းပိုင်းကို မထိခိုက်အောင် ခုခံပေးရခြင်း ဖြစ်ပါတယ်။
ပြီးရင် ကျောက်စက်နဲ့ ပွတ်စားပြီး အပေါက်ဖော်ပါ။ လက်နဲ့ဖော်ချင်ရင်တော့ ရမြေုပ်ကျောက်လို့ခေါ်တဲ့ အသားပွပွကျောက်ကို ဇောင်းဖော်ပေးထားပြီး အဲဒီဇောင်းနဲ့ ကြိမ်ဖန်များစွာ ပွတ်တိုက်ပေးပြီး အပေါက်ဖော်ကြပါတယ်။ ဓားတုံးတုံးဖြင့် အကြိမ်ကြိမ် လှီးပြီး ချည်မျှင်တွေကို ဖြတ်တောက်တဲ့သဘောပါ။
အပေါက်ဖော်တာမှာ အရွယ်ငယ်ငယ်ဖြင့် စဖော်ပါတယ်။ လိုအပ်ရင် ထပ်ချဲ့ပါတယ်။ နဂိုကတည်းက ခပ်ကြီးကြီး လောဘကြီးဖို့ ဖော်လိုက်ပြီးကာမှ ပြန်သေးချင်လို့ မရနိုင်တော့ပါဘူးဆိုတာ သဘောပေါက်စေလိုပါတယ်။
အပေါက်ပေါ်လာပြီဆိုရင် ချည်မျှင်တွေကို လက်ချောင်းတွေနဲ့ ဆွဲခွာပေးပါ။
ပြီးရင် အပေါက်အနေအထားကို ကြည့်ရှုစစ်ဆေးပါ။ မလှမပ ဖြစ်နေတဲ့နေရာတွေ ရှိနေရင် လှပသွားအောင် အနုစိတ် လိုက်ပွတ်စားပေးပါ။ အပေါက်အနားသတ်နေရာတွေ မသေမသပ်ဖြစ်နေရင် ကော်ပတ်စက္ကူကြမ်းဖြင့် ပွတ်တိုက်စားပြီး သေသပ်အောင် လုပ်ပါ။
ကျေနပ်ပြီဆိုရင် ဂျင်းဘောင်းဘီကို တစ်ရေ လျှော်ပေးပါ။

တကယ်လို့ အတွင်းမှာ ပိုက်ကွန်ခံပြီး sexy ဖြစ်အောင် ဝတ်ဆင်မယ်ဆိုရင်တော့ ဒူးပေါက်ကို ပိုကျယ်ကျယ် ဖောက်ပေးဖို့ လိုအပ်ပါတယ်။ ချုပ်ရိုးနား ရောက်တဲ့အထိသာ ဖောက်ရမှာဖြစ်ပြီး ချုပ်ရိုးမထိမိအောင် အထူးဂရုစိုက်ရပါမယ်။ ပိုက်ကွန်အတွင်းခံကို မြင်သာအောင် အပေါက်ကို ကျယ်ပေးတာမှာ ထက်အောက်ကို ပိုကျယ်ပေးလိုက်ပါ။ ဘေးနှစ်ဖက်မှာ တစ်ဖက်က ချုပ်ရိုးရှိနေလို့ ထိမရတာမို့ အခုလို ထက်အောက်ကိုပဲ ပိုကျယ်ပေးကြရတာ ဖြစ်ပါတယ်ရှင်။

 

Read 1206 times
Rate this item
(0 votes)