What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသြက္ဖက္ရွင္ Fast Fashion

ZAWGYI+UNICODE

အသြက္ဖက္ရွင္ဟု ဆုိသည့္အတုိင္း ျမန္ျမန္သြက္သြက္ လုပ္ၾကရသည္။

က်င္းပေနဆဲ ဖက္ရွင္႐ႈိး ေလွ်ာက္လမ္းေပၚမွ နာမည္ႀကီး ဒီဇုိင္းနာတုိ႔၏ စတုိင္လ္မ်ားႏွင့္ ေရွ႕ေဆာင္ဖက္ရွင္မ်ားကုိ တုပၿပီး ဆင္တူ႐ုိးမွား ဒီဇုိင္းမ်ားကုိ အားခ်င္း ပုံစံထုတ္ၾကရသည္။ ထုိ႔အတြက္ ဖက္ရွင္ဒီဇုိင္းအေၾကာင္း နားလည္ေသာသူတုိ႔ကုိ ေဈးသက္သက္သာသာျဖင့္ အလုပ္ခန္႔ထားၿပီး ဒီဇုိင္းထုတ္ခုိင္းသည္။ အ၀တ္ အထည္ျဖစ္သုိ႔ ခ်ဳပ္လုပ္ရာ၌လည္း ေဈးသက္သာၿပီး တြက္ေျခကုိက္သည့္ ႏုိင္ငံကုိ ေရြးခ်ယ္လုပ္ကုိင္သည္။ ထုိသုိ႔ ျမန္ျမန္ဆန္ဆန္ လုပ္ကုိင္ၾကသျဖင့္ ထုိနည္းျဖင့္ ထုတ္လုပ္ေသာ ဖက္ရွင္ကုိ အသြက္ဖက္ရွင္ Fast Fashion ဟု အမည္တြင္သည္။
ျမန္ျမန္သြက္သြက္ လုပ္ကုိင္သျဖင့္ တစ္ႏွစ္လွ်င္ ဖက္ရွင္စတုိင္လ္အတြဲ အမ်ဳိးမ်ဳိးတုိ႔ကုိ ၁၁ ခုအထိ ထုတ္လုပ္ႏုိင္ၾကသည္။ နာမည္ရ ဒီဇုိင္းနာတုိ႔၏ ဖက္ရွင္တုိက္မ်ားမွာမူ တစ္ႏွစ္လွ်င္ ဖက္ရွင္စတုိင္လ္အတြဲ collection ႏွစ္မ်ဳိးသာ ထုတ္လုပ္ႏုိင္ၾကသည္။
အသြက္ဖက္ရွင္လုပ္ငန္းတုိ႔သည္ စကၠဴျဖင့္ ပုံထုတ္သည္မွ အ၀တ္အစားမ်ား ထုတ္လုပ္ၿပီး လက္လီအထည္ဆုိင္မ်ား၏ စင္မ်ားေပၚသုိ႔ ေရာက္သည္အထိ ႏွစ္ပတ္အတြင္း အၿပီးအစီး လုပ္ကုိင္ၾကသည္။ ျမန္သည့္အတြက္ အျမန္ေၾကး ပုိယူျခင္း မျပဳသည့္အျပင္ အသက္သာဆုံးေဈးႏႈန္းျဖင့္ ဆုိင္တင္ၾကသည္။ လြန္ခဲ့သည့္ ႏွစ္ပတ္ေက်ာ္ကမွ ဖက္ရွင္႐ႈိးပြဲတြင္ တာစားသြားသည့္ ၀တ္စုံႏွင့္ စတုိင္လ္ဆင္ဆင္တူေသာ ၀တ္စုံသည္ ယခု အထည္ဆုိင္မွ စင္ေပၚတြင္ ေရာက္ေနၿပီ။ ေဈးကလည္း သက္သာသည္။ ဟုတ္မွဟုတ္ပါေလစဟု ယုံမွားသံသယ ျဖစ္မိၾကရသည္အထိ ေျခသြက္လက္သြက္သည္။ ထုိသုိ႔ ျမန္ဆန္ႏုိင္သည္မွာ လူ႔က်င္၀တ္သိကၡာကုိ မေစာင့္ထိန္းေသာ နည္းလမ္းမ်ားကုိ သုံးစြဲထားေသာေၾကာင့္ ျဖစ္သည္။
ျမန္ျမန္ထုတ္လုပ္၊ ေဈးေပါေပါျဖင့္ ျဖန္႔၊ မ်ားမ်ား၀ယ္ၾကျခင္းျဖင့္ အျမတ္ မ်ားမ်ားထြက္ေအာင္ လုပ္ကုိင္ထားေပရာ ျမန္ေကာင္းသက္သာစနစ္ေအာက္၌ အထည္မ်ား ခ်ဳပ္ေပးရသည့္ လုပ္သားအင္အားစုသည္ တန္ရာတန္ေၾကးကုိ မရႏုိင္ၾကေတာ့ေခ်။ အပ္ထည္အမွာစာ ရယူသည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားသည္လည္း ထုိက္ထုိက္တန္တန္ မရႏုိင္ၾကသည့္အျပင္ အခ်ိန္တုိတုိအတြင္း အေလာတႀကီး ထုတ္လုပ္ေပးရသျဖင့္ စက္႐ုံရွိ လုပ္သားမ်ားအေပၚ ဖိအားေပးၿပီး လုပ္ကုိင္ၾကရသည္။ အခ်ိန္ပုိဆင္းၿပီး တစ္ေန႔ ၁၃ နာရီ လုပ္ကုိင္ၾကရျခင္းမ်ဳိး ရွိေနေစသည္။
အသြက္ဖက္ရွင္ ထုတ္လုပ္သည့္ လုပ္ငန္းမ်ားသည္ အရြယ္အစား ႀကီးမားသည္။ တစ္နွစ္လည္ပတ္ေငြသည္ ကန္ေဒၚလာ ဘီလ်ံ တစ္ေထာင္ေက်ာ္သည္။ ခ်ဳပ္ထည္သည္ ေသေသသပ္သပ္ ျဖစ္ရမည္။ အရည္အေသြး ျမင့္မားဖုိ႔ မလုိေခ်။ ေဈးသက္သာဖုိ႔အတြက္ ကုန္က်စရိတ္မ်ားကုိ အနည္းဆုံးျဖစ္ေအာင္ ဦးတည္ခ်က္ ထားရွိသည္။ ဖြံ႕ၿဖိဳးဆဲႏုိင္ငံမ်ားမွ အထည္ခ်ဳပ္လုပ္ငန္းမ်ားထံ အလုပ္အပ္ႏွံၿပီး ခ်ဳပ္ခုိင္းသည္။
ဖက္ရွင္တစ္မ်ဳိးကုိ အေရအတြက္ ကန္႔သတ္ၿပီး limited edition မ်ဳိး မလုပ္ၾကေခ်။ အေျမာက္အျမား ထုတ္လုပ္သည္။ ႏွစ္ပတ္ၾကာၿပီးတုိင္း ေနာက္ထပ္ စတုိင္လ္အသစ္မ်ား စတုိးဆုိင္ေပၚ တင္ႏုိင္ေအာင္ စီမံလုပ္ကုိင္ထားသည္။
အခ်ဳပ္အားျဖင္ ဆုိရေသာ္ အသြက္ဖက္ရွင္သည္ ေနာက္ဆုံးေပၚ ေခတ္စားသည့္ ဒီဇုိင္းျဖင့္ ထုတ္လုပ္ထားသည့္ အ၀တ္အစားကုိ ၂ ပတ္ျဖင့္ အၿပီးအစီး ထုတ္လုပ္ကာ လူအမ်ား လူလတ္တန္းစားတုိ႔ တတ္ႏုိင္သည့္ ေဈးႏႈန္းျဖင့္ လက္လီဆုိင္မ်ားတြင္ ေရာင္းခ်ေပးႏုိင္ရမည္ျဖစ္သည္။

 ကမၻာ့ထိပ္တန္း ဖက္ရွင္လုပ္ငန္းႀကီးမ်ား  ပထမမွ ပၪၥမအထိ

 

Zara ပုိင္ရွင္ ကမၻာ့အခ်မ္းသာဆုံး အျဖစ္သုိ႔ေရာက္ရွိတဲ့အေၾကာင္းကုိ
ေအာက္ပါလင့္မွာ ဖတ္႐ႈႏုိင္ပါတယ္

ကမ႓ာ့ေပၚမွာ အခ်မ္းသာဆုံးပုဂိၢဳလ္ Zara ပုိင္ရွင္

UNICODE

အသွက်ဖက်ရှင် Fast Fashion

=================

အသွက်ဖက်ရှင်ဟု ဆိုသည့်အတိုင်း မြန်မြန်သွက်သွက် လုပ်ကြရသည်။

ကျင်းပနေဆဲ ဖက်ရှင်ရှိုး လျှောက်လမ်းပေါ်မှ နာမည်ကြီး ဒီဇိုင်းနာတို့၏ စတိုင်လ်များနှင့် ရှေ့ဆောင်ဖက်ရှင်များကို တုပပြီး ဆင်တူရိုးမှား ဒီဇိုင်းများကို အားချင်း ပုံစံထုတ်ကြရသည်။ ထို့အတွက် ဖက်ရှင်ဒီဇိုင်းအကြောင်း နားလည်သောသူတို့ကို ဈေးသက်သက်သာသာဖြင့် အလုပ်ခန့်ထားပြီး ဒီဇိုင်းထုတ်ခိုင်းသည်။ အဝတ် အထည်ဖြစ်သို့ ချုပ်လုပ်ရာ၌လည်း ဈေးသက်သာပြီး တွက်ခြေကိုက်သည့် နိုင်ငံကို ရွေးချယ်လုပ်ကိုင်သည်။ ထိုသို့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ကြသဖြင့် ထိုနည်းဖြင့် ထုတ်လုပ်သော ဖက်ရှင်ကို အသွက်ဖက်ရှင် Fast Fashion ဟု အမည်တွင်သည်။

မြန်မြန်သွက်သွက် လုပ်ကိုင်သဖြင့် တစ်နှစ်လျှင် ဖက်ရှင်စတိုင်လ်အတွဲ အမျိုးမျိုးတို့ကို ၁၁ ခုအထိ ထုတ်လုပ်နိုင်ကြသည်။ နာမည်ရ ဒီဇိုင်းနာတို့၏ ဖက်ရှင်တိုက်များမှာမူ တစ်နှစ်လျှင် ဖက်ရှင်စတိုင်လ်အတွဲ collection နှစ်မျိုးသာ ထုတ်လုပ်နိုင်ကြသည်။

အသွက်ဖက်ရှင်လုပ်ငန်းတို့သည် စက္ကူဖြင့် ပုံထုတ်သည်မှ အဝတ်အစားများ ထုတ်လုပ်ပြီး လက်လီအထည်ဆိုင်များ၏ စင်များပေါ်သို့ ရောက်သည်အထိ နှစ်ပတ်အတွင်း အပြီးအစီး လုပ်ကိုင်ကြသည်။ မြန်သည့်အတွက် အမြန်ကြေး ပိုယူခြင်း မပြုသည့်အပြင် အသက်သာဆုံးဈေးနှုန်းဖြင့် ဆိုင်တင်ကြသည်။ လွန်ခဲ့သည့် နှစ်ပတ်ကျော်ကမှ ဖက်ရှင်ရှိုးပွဲတွင် တာစားသွားသည့် ဝတ်စုံနှင့် စတိုင်လ်ဆင်ဆင်တူသော ဝတ်စုံသည် ယခု အထည်ဆိုင်မှ စင်ပေါ်တွင် ရောက်နပြေီ။ ဈေးကလည်း သက်သာသည်။ ဟုတ်မှဟုတ်ပါလေစဟု ယုံမှားသံသယ ဖြစ်မိကြရသည်အထိ ခြေသွက်လက်သွက်သည်။ ထိုသို့ မြန်ဆန်နိုင်သည်မှာ လူ့ကျင်ဝတ်သိက္ခါကို မစောင့်ထိန်းသော နည်းလမ်းများကို သုံးစွဲထားသောကြောင့် ဖြစ်သည်။

မြန်မြန်ထုတ်လုပ်၊ ဈေးပေါပေါဖြင့် ဖြန့်၊ များများဝယ်ကြခြင်းဖြင့် အမြတ် များများထွက်အောင် လုပ်ကိုင်ထားပေရာ မြန်ကောင်းသက်သာစနစ်အောက်၌ အထည်များ ချုပ်ပေးရသည့် လုပ်သားအင်အားစုသည် တန်ရာတန်ကြေးကို မရနိုင်ကြတော့ချေ။ အပ်ထည်အမှာစာ ရယူသည့် အထည်ချုပ်လုပ်ငန်းများသည်လည်း ထိုက်ထိုက်တန်တန် မရနိုင်ကြသည့်အပြင် အချိန်တိုတိုအတွင်း အလောတကြီး ထုတ်လုပ်ပေးရသဖြင့် စက်ရုံရှိ လုပ်သားများအပေါ် ဖိအားပေးပြီး လုပ်ကိုင်ကြရသည်။ အချိန်ပိုဆင်းပြီး တစ်နေ့ ၁၃ နာရီ လုပ်ကိုင်ကြရခြင်းမျိုး ရှိနေစေသည်။

အသွက်ဖက်ရှင် ထုတ်လုပ်သည့် လုပ်ငန်းများသည် အရွယ်အစား ကြီးမားသည်။ တစ်နှစ်လည်ပတ်ငွေသည် ကန်ဒေါ်လာ ဘီလျံ တစ်ထောင်ကျော်သည်။ ချုပ်ထည်သည် သေသေသပ်သပ် ဖြစ်ရမည်။ အရည်အသွေး မြင့်မားဖို့ မလိုချေ။ ဈေးသက်သာဖို့အတွက် ကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်အောင် ဦးတည်ချက် ထားရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းများထံ အလုပ်အပ်နှံပြီး ချုပ်ခိုင်းသည်။

ဖက်ရှင်တစ်မျိုးကို အရေအတွက် ကန့်သတ်ပြီး limited edition မျိုး မလုပ်ကြချေ။ အမြောက်အမြား ထုတ်လုပ်သည်။ နှစ်ပတ်ကြာပြီးတိုင်း နောက်ထပ် စတိုင်လ်အသစ်များ စတိုးဆိုင်ပေါ် တင်နိုင်အောင် စီမံလုပ်ကိုင်ထားသည်။

အချုပ်အားဖြင် ဆိုရသော် အသွက်ဖက်ရှင်သည် နောက်ဆုံးပေါ် ခေတ်စားသည့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် အဝတ်အစားကို ၂ ပတ်ဖြင့် အပြီးအစီး ထုတ်လုပ်ကာ လူအများ လူလတ်တန်းစားတို့ တတ်နိုင်သည့် ဈေးနှုန်းဖြင့် လက်လီဆိုင်များတွင် ရောင်းချပေးနိုင်ရမည်ဖြစ်သည်။

  ကမၻာ့ထိပ္တန္း ဖက္ရွင္လုပ္ငန္းႀကီးမ်ား  ပထမမွ ပၪၥမအထိ

ကမ႓ာ့ေပၚမွာ အခ်မ္းသာဆုံးပုဂိၢဳလ္ Zara ပုိင္ရွင္

Read 1103 times
Rate this item
(0 votes)