What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂေရာင္းဇီးရုိး

UNICODE+ZAWGYI

ဂရောင်းဇီးရိုးဟာ ခေတ်ဆန်းဖက်ရှင်brand ဖြစ်ပြီး အီရီနဲ့ ဖိလစ်ချူ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး ဖန်တီးထူထောင်ခဲ့တယ်။

ဟောင်ကောင်အခြေစိုက် လုပ်ကိုင်တဲ့ ညီအစ်ကိုနှစ်ယောက်က ဖက်ရှင်တိုက်ဆိုတာ ခိုင်မာတဲ့ အခြေခံ ခံယူချက်ပေါ်မှာ တည်ဆောက်သင့်တယ်လို့ ယုံကြည်ကြတယ်။
Ground Zero အမည်ဟာ ညီအစ်ကိုနှစ်ယောက်ရဲ့ ယုံကြည်မှုကို ဘာသာပြန်ပေးထားတဲ့အမည် ဖြစ်ပါတယ်။

အရာတိုင်းကို သုညကနေ စရမယ်။ ဘာမှ မရှိသေးတဲ့ ကင်းဗတ်အလွတ်မှာ ပန်းချီဆွဲရတာနဲ့ နည်းနည်းဆင်တယ်လို့ သူတို့က ပြောပြပါတယ်။
ဒါမှ ဖြစ်နိုင်ခြေ လမ်းကြောင်းတွေ အကန့်အသတ် မရှိ ဖြစ်နေမယ်။ ဘာမဆို ဖြစ်နေနိုင်တယ်။ Zero Could Be Everything သုညဆိုတာ ဘာမဆို ဖြစ်နိုင်တယ်။ အဲဒီခံယူချက်ကို သတိရနေစေဖို့ အခြေ ground မှာ အမြဲတစေ နေရမယ်တဲ့။

maxresdefault

 

အီရီက ဂရပ်ဖစ်ဒီဇိုင်းကို ဟောင်ကောင်မှာ သင်တယ်။ အားတဲ့အချိန်တွေမှာ သူ စိတ်ဝင်စားတဲ့ ဖက်ရှင်ကို လေ့လာစူးစမ်းတယ်။ သူ့ရဲ့ ဂရပ်ဖစ်စိတ်ကူးတွေကို အဝတ်အစားပေါ်မှာ ဘယ်လို သုံးစွဲရင် ရမလဲဆိုတာ လေ့လာတယ်။ အချိန်ကြာလာတဲ့အခါ ဖက်ရှင်ကို စူးစိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းနာအဖြစ် တတ်သိမှုတွေကို သူ ရရှိသွားတယ်။

ဖီလစ်က ဖက်ရှင်ဒီဇိုင်းကို လန်ဒန်မှာ သင်တယ်။ သူရဲ့ ဆန်းသစ်တဲ့ သုခုမမူဟန်ကို ထက်မြအောင် သွေးတယ်။ စစချင်းမှာတော့ အခြေခံကျတဲ့ တီရှပ်ပေါ် ဒီဇိုင်းတင်တာနဲ့ စတယ်။ နောက်တော့ ပိုသိပိုတတ်လာတယ်။

FACEBOOK ဗီဒီယိုလင့်ခ်

https://business.facebook.com/myanmartextileandgarmentdirectory/videos/1644597082250415/

ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး အရေအတွက် ကန့်သတ်ထုတ်လုပ်တဲ့ ဖက်ရှင်ထည်တွေကို ဈေးကွက်တင်တယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ အတိုင်အဖောက်ညီတဲ့ ဖက်ရှင်ဒီဇိုင်းထည်တွေ အောင်မြင်တယ်။
၂၀၀၈ ခုနှစ်မှာ ရာသီစုစည်းမှု seasonal collection ကို ပထမဆုံးအကြိမ်အဖြစ် စတင်နိုင်ခဲ့တယ်။ အကြီးအကျယ် အောင်မြင်သွားတယ်။
ဖက်ရှင်ရာသီ တစ်ရာသီကနေ တစ်ရာသီ ရောက်သွားတိုင်း ဂရောင်းဇီးရိုးကို လူပိုသိလာတယ်။ brand ကြီးထွားလာတယ်။ အခုဆိုရင် ရာသီစုစည်းမှု ၁၃ ခု ရှိသွားပြီ။ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် နှစ်မျိုးစလုံးကို စူးစိုက်လုပ်ကိုင်တယ်။

ZAWGYI

ဂေရာင္းဇီးရုိး
===================

ဂေရာင္းဇီး႐ုိးဟာ ေခတ္ဆန္းဖက္ရွင္brand ျဖစ္ၿပီး အီရီနဲ႔ ဖိလစ္ခ်ဴ ညီအစ္ကုိႏွစ္ေယာက္ေပါင္းၿပီး ဖန္တီးထူေထာင္ခဲ့တယ္။

ေဟာင္ေကာင္အေျခစုိက္ လုပ္ကုိင္တဲ့ ညီအစ္ကုိႏွစ္ေယာက္က ဖက္ရွင္တုိက္ဆုိတာ ခုိင္မာတဲ့ အေျခခံ ခံယူခ်က္ေပၚမွာ တည္ေဆာက္သင့္တယ္လုိ႔ ယုံၾကည္ၾကတယ္။
Ground Zero အမည္ဟာ ညီအစ္ကုိႏွစ္ေယာက္ရဲ႕ ယုံၾကည္မႈကုိ ဘာသာျပန္ေပးထားတဲ့အမည္ ျဖစ္ပါတယ္။

အရာတုိင္းကုိ သုညကေန စရမယ္။ ဘာမွ မရွိေသးတဲ့ ကင္းဗတ္အလြတ္မွာ ပန္းခ်ီဆြဲရတာနဲ႔ နည္းနည္းဆင္တယ္လုိ႔ သူတုိ႔က ေျပာျပပါတယ္။
ဒါမွ ျဖစ္ႏုိင္ေျခ လမ္းေၾကာင္းေတြ အကန္႔အသတ္ မရွိ ျဖစ္ေနမယ္။ ဘာမဆုိ ျဖစ္ေနႏုိင္တယ္။ Zero Could Be Everything သုညဆုိတာ ဘာမဆုိ ျဖစ္ႏုိင္တယ္။ အဲဒီခံယူခ်က္ကုိ သတိရေနေစဖုိ႔ အေျခ ground မွာ အၿမဲတေစ ေနရမယ္တဲ့။

အီရီက ဂရပ္ဖစ္ဒီဇုိင္းကုိ ေဟာင္ေကာင္မွာ သင္တယ္။ အားတဲ့အခ်ိန္ေတြမွာ သူ စိတ္၀င္စားတဲ့ ဖက္ရွင္ကုိ ေလ့လာစူးစမ္းတယ္။ သူ႔ရဲ႕ ဂရပ္ဖစ္စိတ္ကူးေတြကုိ အ၀တ္အစားေပၚမွာ ဘယ္လုိ သုံးစြဲရင္ ရမလဲဆုိတာ ေလ့လာတယ္။ အခ်ိန္ၾကာလာတဲ့အခါ ဖက္ရွင္ကုိ စူးစုိက္တဲ့ ဂရပ္ဖစ္ဒီဇုိင္းနာအျဖစ္ တတ္သိမႈေတြကုိ သူ ရရွိသြားတယ္။

ဖီလစ္က ဖက္ရွင္ဒီဇုိင္းကုိ လန္ဒန္မွာ သင္တယ္။ သူရဲ႕ ဆန္းသစ္တဲ့ သုခုမမူဟန္ကုိ ထက္ျမေအာင္ ေသြးတယ္။ စစခ်င္းမွာေတာ့ အေျခခံက်တဲ့ တီရွပ္ေပၚ ဒီဇုိင္းတင္တာနဲ႔ စတယ္။ ေနာက္ေတာ့ ပုိသိပုိတတ္လာတယ္။

ညီအစ္ကုိႏွစ္ေယာက္ေပါင္းၿပီး အေရအတြက္ ကန္႔သတ္ထုတ္လုပ္တဲ့ ဖက္ရွင္ထည္ေတြကုိ ေဈးကြက္တင္တယ္။ ညီအစ္ကုိႏွစ္ေယာက္ရဲ႕ အတုိင္အေဖာက္ညီတဲ့ ဖက္ရွင္ဒီဇုိင္းထည္ေတြ ေအာင္ျမင္တယ္။
၂၀၀၈ ခုႏွစ္မွာ ရာသီစုစည္းမႈ seasonal collection ကုိ ပထမဆုံးအႀကိမ္အျဖစ္ စတင္ႏုိင္ခဲ့တယ္။ အႀကီးအက်ယ္ ေအာင္ျမင္သြားတယ္။
ဖက္ရွင္ရာသီ တစ္ရာသီကေန တစ္ရာသီ ေရာက္သြားတုိင္း ဂေရာင္းဇီး႐ုိးကုိ လူပုိသိလာတယ္။ brand ႀကီးထြားလာတယ္။ အခုဆုိရင္ ရာသီစုစည္းမႈ ၁၃ ခု ရွိသြားၿပီ။ အမ်ဳိးသား၀တ္၊ အမ်ဳိးသမီး၀တ္ ႏွစ္မ်ဳိးစလုံးကုိ စူးစုိက္လုပ္ကုိင္တယ္။

FACEBOOK ဗီဒီယုိလင့္ခ္

https://business.facebook.com/myanmartextileandgarmentdirectory/videos/1644597082250415/

Read 970 times
Rate this item
(0 votes)