What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မမဝဝတွေအတွက် အမိုက်စားဖြစ်စေမယ့် ဖက်ရှင်လျှို့ဝှက်ချက်တွေ

လောကမှာ အမှန်တရားတစ်ခုရှိပါတယ်။ ဒါကတော့ မိန်းကလေးတိုင်း အလှတစ်မျိုးစီနဲ့ လှတယ်ဆိုတာပါပဲ။ အလှတရားဆိုတာ အသားအရောင်၊ ခန္ဓာကိုယ်အရွယ်အစားနဲ့ ခွဲခြားလို့မရပါဘူး။ ဒါ့ကြောင့် ပျိုမေတို့မှာ မိမိကိုယ်ကို သာမန်ထက် ခန္ဓာကိုယ် ပိုပြည့်ဖြိုးနေလို့ မလှတော့ဘူး ထင်နေတဲ့ အတွေးတွေ ရှိရင် မေ့ပစ်လိုက်ပါတော့နော်။

ဘယ်သူမဆို ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင် ပြင်ဆင်နေလို့ရတာကြောင့်ပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ Plus-size မေတို့အတွက် အလှဆုံးဖြစ်အောင် ဘယ်လိုဖက်ရှင် စည်းကမ်းတွေကို လိုက်နာရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ခန္ဓာကိုယ်နဲ့ တစ်သားဖြစ်တဲ့ အင်္ကျီတွေ ဝတ်ဖို့ ဝန်မလေးပါနဲ့

bodycon min

ပြည့်ဖြိုးတဲ့ လေဒီတို့ ဖက်ရှင်ရွေးတဲ့အခါ လုပ်နေကျအမှားတစ်ခုက ဗိုက်ပိုင်းကို ဖုံးဖို့ ကြိုးစားခြင်းပါပဲ။ ဗိုက်ကို ဖုံးဖို့ ပွတဲ့ အင်္ကျီတွေ ရှာဝတ်တာဟာ လူကို ပိုဝသယောင် ဖြစ်စေတဲ့အပြင် ကြည့်ရတာ စမတ်လည်း မကျပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ပေါ်လွင်တဲ့ အဝတ်အစားကို ဝတ်ဖို့ မကြောက်ပါနဲ့။ ယုံကြည်မှုရှိစွာ fitted အင်္ကျီတွေကို ဝတ်ဆင်သင့်ပါတယ်။

(၂) အတွင်းခံ ကောင်းကောင်း ရွေးချယ်ပါ

bra size min

အသင့်တော်ဆုံးဖြစ်မယ့် အောက်ခံအတွင်းဝတ်တွေကို အမြဲတမ်းရွေးချယ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး အပြင်ပိုင်းကလည်း လှနေဖို့ဆိုရင် အထဲကလည်း ပုံကျလှပနေရမှာကြောင့်ဖြစ်ပါတယ်။

(၃) ရှော့ပင်းထွက်တဲ့အခါ ဆိုဒ်အစုံဝတ်ကြည့်ဖို့ မမေ့ပါနဲ့

plus size shopping min

ဒီ brand မှာ ဒီနံပါတ်နဲ့ ဒီဆိုဒ်ဆိုရင် တခြား brand မှာလည်း ဒီနံပါတ်နဲ့က တူညီတဲ့ဆိုဒ်ပဲ ဖြစ်ချင်မှ ဖြစ်နေမှာပါ။ ပြီးတော့ ကြည့်လိုက်တာနဲ့ ကိုယ်နဲ့မတော်ဘူးထင်ပြီး အမြဲကြီးကြီး ပွပွတွေပဲ တန်းမရွေးပါနဲ့။ ဖြစ်နိုင်မယ် လှမယ်ထင်တာအကုန် ဝတ်ကြည့်ကြည့်ပါ။

(၄) ကိုယ့်အချိုးအစားအကြောင်း ကိုယ်သိပါစေ

body shape min

Plus-size ပျိုမေတို့က တစ်ယောက်နဲ့ တစ်ယောက် အချိုးအစား မတူကြပါဘူးနော်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ အားသာချက် အားနည်းချက်ကို နားလည်ထားရင် ကိုယ်နဲ့ သင့်တော်မယ့် ဒီဇိုင်းကို ရွေးဝယ်ဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်။

(၅) Crop top ဝတ်ဖို့ မကြောက်ပါနဲ့

crop top min

Crop top ဆိုတာ LCD တွေအတွက်ပဲ မဟုတ်ပါဘူးနော်။ ပြည့်ပြည့်ဖြိုးဖြိုး ပျိုမေတို့လည်း crop top နဲ့ လန်းလို့ရပါတယ်။ အဲဒီ့လို အင်္ကျီမျိုးတွေက ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေတာမို့ plus-size ပျိုမေတွေအတွက် သင့်တော်တဲ့ အင်္ကျီစတိုင်တွေဆိုတာ လက်ခံပြီး ရဲဝံ့စွာ ဝတ်ဆင်လိုက်ကြပါ။

ပေါ့ပေါ့ပါးပါးရှိတဲ့ ဖိနပ်အပါးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တွေ

(၆) ခါးပတ်ဝတ်မယ်ဆိုရင်

belt min

ခါးပတ်ပြား ကြီးတာကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဘောင်းဘီဖြစ်ဖြစ် စကတ်ဖြစ်ဖြစ် ဝတ်ဆင်တဲ့အခါ ခါးပတ်က သင့်တော်တဲ့ accessory ဖြစ်တာကြောင့် ခါးပတ်ဝတ်တော့မယ်ဆိုရင် ခါးပတ်ပြားကြီးတာကို ရွေးချယ်သင့်ပါတယ်။

(၇) ဂါဝန်ရွေးချယ်တဲ့အခါမှာလည်း

midi dress min

ဂါဝန်ဝတ်မယ်ဆိုရင် ဘော်ဒီအချိုးအစားတိုင်းနဲ့ လိုက်ဖက်မှုရှိပြီး လှပသွားစေတဲ့ ခါးသိမ်ဂါဝန်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၈) သတိရသင့်တာ တစ်ချက်

dress min

အမြဲတမ်း သတိရပေးသင့်တဲ့ ဖက်ရှင်စည်းမျဉ်းတစ်ခုကတော့ မိမိကိုယ်ကိုယ်ကို လှသွားတယ်လို့ ယုံကြည်မှု ရှိစေတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပေးပါ။ ကိုယ်ဘာဝတ်ရင် တခြားသူတွေ ဘယ်လိုထင်သွားမလဲဆိုပြီး ပူပန်နေဖို့က ဘဝဟာ တိုတောင်းလွန်းပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လှမယ်ထင်တာ ဘာမဆို ဝတ်လိုက်ပါ။

 

Source:aunty may

Read 1906 times
Rate this item
(1 Vote)