What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရိုးရာ hanbok ကို ပွဲထုတ်တဲ့ Seoul Fashion Week

2018 fall-winter ဖက်ရှင်စုစည်းမှုများကို ၂၀၁၈ မတ်လ ၁၉ ရက်မှ စတင်တဲ့ HERA Seoul Fashion Week မှာ ပြသခဲ့တယ်။

အဲဒီမှာ အဓိက ပွဲထုတ်ခဲ့တာက ကိုရီးယား ရိုးရာ ၀တ်စုံ ဟံဘုတ် hanbok ကို ခေတ်ပေါ်ဟန်ပန်နဲ့ ချပြခဲ့တာ ဖြစ်ပါတယ်။
ဟံဘုတ် ဒီဇိုင်နာ ကင်ဟီစွန်းက ပြည်ပမှ ပွဲတော်အမီ ကိုရီးယားကို ပြန်လာပြီး ဟံဘုတ်ဖက်ရှင် စုစည်းမှုကို ခေတ်ပေါ်ဟန်ပန်တွေနဲ့ ဖန်တီးခဲ့ပါတယ်။
ကင်ဟီစွန်းဟာ ၂၀၀၆ ခုနှစ်တုန်းက ကိုရီးယားတီဗီဇာတ်လမ်းတွဲ Hwang Jiniအတွက် ဟံဘုတ်တွေကို ဒီဇိုင်းထုတ်ပေးသူ ဖြစ်ပါတယ်။

ဖက်ရှင်ပွဲတော်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရှိ Dongdaemun Design Plaza မှာ ကျင်းပခဲ့ပါတယ်။
ဆိုးလ် ဖက်ရှင် သီတင်းပတ်ရဲ့ ညွှန်ကြားရေးမှူး ဂျန်ကူဟိုက ‘‘ဒီဖက်ရှင် ရာသီမှာ ကိုရီးယားရဲ့ အလှတရားကို ကျွန်တော်တို့ ပွဲထုတ်ချင်တယ်။ ပစ္စုပ္ပန်ဟာ အတိတ်မရှိဘဲ မတည်ရှိနိုင်ဘူး။ ဒီရှိုးက ကိုရီးယားဖက်ရှင် ဘယ်လို ဖွံ့ဖြိုးသွားမှာလဲဆိုတာကို အဓိကအားဖြင့် ပြသမယ်’’ လို့ ပွဲအကြိုကာလမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။

ရွှေပွဲလာဧည့်သည်တွေကို ဟံဘုတ်တွေ ၀တ်ဆင်ထားတဲ့ ကိုရီးယားမော်ဒယ်တွေက ပွဲအ၀င်ဝမှာ ကြိုဆိုခဲ့ကြပါတယ်။ ဒီပွဲဟာ ရိုးရာဟံဘုတ်ကို အသားပေးကြောင်း အ၀င်ဝမှာကတည်းက အသိပေးလိုက်တာ ဖြစ်ပါတယ်။ ဟံဘုတ်ဝတ်ဆင်ထားတဲ့ အရုပ်ငယ်ကလေးတွေကိုလည်း ထားရှိပေးထားတယ်။

ပြည်ပမော်ဒယ်တွေက ဟံဘုတ် ၀တ်စုံ ၃၂ မျိုးကို လျှောက်လမ်းပေါ်မှာ ပြသခဲ့ကြတယ်။ အခုလို ပြည်ပမော်ဒယ်တွေကို ၀တ်ပြခိုင်းရတာက ဟံဘုတ်ကို ကိုရီးယားသူတွေသာမက တခြားနိုင်ငံမှ အမျိုးသမီးများလည်း လှလှပပဖြင့် ၀တ်ဆင်လို့ရကြောင်း အသိပေးတာဖြစ်ပါတယ်။

အမျိုးသမီးဒီဇိုင်းနာ ဒီဇိုင်နာ ကင်ဟီစွန်းက ဟံဘုတ်တွေကို တောက်ပတဲ့အရောင်တွေ သုံးထားတယ်။ အထင်းသားဖြစ်နေတဲ့ အရောင်တောက်တောက်တွေကို သုံးထားတာမှာ ပန်းနု၊ အ၀ါနဲ့ အစိမ်းတို့ကို အလျှံပယ် သုံးထားတယ်။

ဟံဘုတ်ဝတ်ရုံရှည်ကို အတွင်းမှာ ဘောင်းဘီရှည်ပွပွဖြင့် ၀တ်ဆင်ကြတဲ့ ဓလေ့ ရှိတယ်။ အဲဒီ ဘောင်းဘီရှည်တွေကိုလည်း အရောင်တောက်တောက်တွေ သုံးစွဲထားတယ်။

ယခုအခါမှ ကိုရီးယား အမျိုးသမီးတွေက ဟံဘုတ်ကို မ၀တ်ကြတော့ဘူး။ ဒီတော့ အပေါ်မှာ ထပ်ဝတ်တဲ့ ဂျက်ကက်၊ ကုတ် အဖြစ် ၀တ်ဆင်ဖို့ ဒီဇိုင်နာက ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Seoul Fashion Week Street Style များကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်

seoul fashion week fall winter 2018 street style 24

Read 1106 times
Rate this item
(0 votes)