What's new
×
Warning
JUser: :_load: Unable to load user with ID: 845
နိုင်ငံတကာ ဖက်ရှင်ပြက္ခဒိန်မှာ Oscar နဲ့ Golden Globe တို့ အရေးပါတာ မှန်ပါတယ်။ အဲဒီပွဲတွေမှာ စဲလီတွေ ဘယ်ဒီဇိုင်နာရဲ့ ဖက်ရှင်ကို ဆင်မြန်းပြီး ပွဲတက်ကြမလဲဆိုတာ စိတ်ဝင်တစားဖြင့် စောင့်မျှော်ကြည့်ရှုကြရတယ်။ စဲလီတွေရဲ့ အမာခံ ပရိသတ်တွေ ဖက်ရှင်ဝါသနာအိုးတွေအတွက် ပွဲကြီးပွဲကောင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်နဲ့ ယှဉ်လိုက်ရင်တော့ “သနားတယ်” ဖြစ်သွားရပါတယ်။
အဲဒီပွဲတွေမှာက အနောက်တိုင်းမှ စဲလီတွေပဲ များနေတယ်။ ကိန်းစ်မှာက ဟောလီဝုဒ်အပြင် ဘောလီဝုဒ်က စဲလီတွေပါ တက်ကြတယ်။ တကယ့် နိုင်ငံတကာ ဖက်ရှင်အလှတရား ပြပွဲတစ်ခု ဖြစ်ပါတယ်။
ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ယခုနှစ် ၂၀၁၈ ခုနှစ်မှာ ၇၁ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပါတယ်။ ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ မော်ဒယ်တွေ စုရုံးရောက်ရှိကြတယ်။ ပြီးရင် ကောဇောနီပေါ်မှာ ဖက်ရှင်အလှတရားတွေ ပြသကြပါတယ်။ စဲလီတွေက စမ်းသပ်မှုပြုတဲ့ ဖက်ရှင်တွေကို ရဲရဲတင်းတင်း ၀တ်ပြကြတယ်။ လန်ထွက်နေတာပဲလို့ မှတ်ချက် ပြုကြရတယ်။
ယခုနှစ်ကျင်းပတဲ့ ၇၁ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှ အမှတ်ထင်ထင် ဖြစ်ကြရတဲ့ ဖက်ရှင်အလန်း အဆန်း တချို့ကို ကောက်နုတ်တင်ပြထားပါတယ်။
Laura Harrier
သရုပ်ဆောင် Laura Harrier က ဒီနှစ်ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Spike Lee (US) ရိုက်တဲ့ “BlacKkKlansman” မှာ အခန်းအတော်များများ သရုပ်ဆောင်ထားတယ်။ အဲဒီကားက ဒုတိယဆု ဖြစ်တဲ့ Grand Prix ရရှိသွားပါတယ်။ အဲဒီကားကို အကဲဖြတ်ဖို့ ပြသတဲ့ပွဲမှာ ပရိသတ်က အလေးအနက်ချီးကျူးကြောင်း ပြသတဲ့အနေဖြင့် မတ်တတ်ထရပ်ပြီး ဂုဏ်ပြုတာကို Laura Harrier ခံယူရရှိခဲ့ပါတယ်။ သူက ကော်ဇောနီကို ခြိုးခြံချွေတာရေးသမား minimalist စတိုင်လ်ဖြင့် တက်ရောက်ခဲ့ပါတယ်။ Louis Vuitton ရဲ့ ဂါဝန်ရှည်ဖြစ်ပြီး ထည်ထည်ဝါ၀ါ ရှိလှတဲ့ လိမ္မော်နုရောင်ဖျော့ကို တစ်ထည်လုံးမှာ သုံးထားတယ်။
၂၀၁၈ ကိန်းစ် ရုပ်ရှင်ပွဲတော် ဆုစာရင်း
http://www.textiledirectory.com.mm/articles/item/1053-2018-cannes-film-festival-winners.html
Cate Blanchett
Cate Blanchett က အခုနှစ်ပွဲတော်မှ အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲတက်ဝတ်စုံတွေနဲ့ ဆန္ဒပြပုံတွေ လူပြောများတယ်။ အဲဒီ အကြောင်းကို နောက်တော့ ဆောင်းပါးတပုဒ် ရေးပို့ပေးပါဦးမယ်။ အခုပုံမှာ တွေ့ရတာက Givenchy ရဲ့ လှိုင်းတွန့်အထပ်တွေကို အရောင်ပြေးပေးထားတာ တွေ့ရတယ်။ အထက်ကနေ အောက် အိမ်ခေါင်မိုးမှာ လှိုင်းတွန့် အုပ်ကြွပ်ချပ်တွေ မိုးသလိုမျိုး တစ်ခုအပေါ်တစ်ခု တစ်ဝက်လောက် ထပ်ပေးထားတယ်။ အလယ်တစ်ဝိုက်မှာ အနီရောင်ကို လင်းထိန်နေသလို မြင်ရအောင် ဖန်တီးထားတယ်။ အဲဒီအတွက် ကိုယ်ခန္ဓာ အပေါ်ခြမ်းကို မည်းနက်ပေးထားပြီး အရေပြားအဖြူရောင်ကို ဖျောက်ပေးထားတာ လည်ပင်းအမြင့်အထိ ဖြစ်ပါတယ်။ ခါးမှ ပိုမည်းနက်ပြီး အသားပြောင်ဖြစ်တဲ့ ခါးပတ်ပြား ခပ်ကျယ်ကျယ်ကို ပတ်ပေးထားတယ်။ အပြာနုနုဖျော့ဖျော့နဲ့ ကြမ်းပြင်ကို ထိပေးထားတယ်။
jane founder
အသက်၈၀ နှစ် ရှိပြီဖြစ်တဲ့ Jane Fonda က အရှေ့တိုင်းမှာ အလေးထားတဲ့ ဒေါင်းတစ်ကောင်ကို ၀တ်စုံလုပ်ထားတယ်။ ၀တ်စုံအတိုင်းအတာတွေ၊ အနေအထားတွေနဲ့အညီ ဆေးဆိုးပန်းရိုက်ထားတဲ့ အထည်သားနဲ့ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ထုတ်ထားတဲ့ ဒီဇိုင်းနဲ့ အံကိုက် ဆေးဆိုးပန်းရိုက်ပြီး ၀တ်မယ့်သူရဲ့ ကိုယ်ခန္ဓာအတိုင်းအတာတွေနဲ့အညီ ချုပ်ထားတယ်။ လက်ရှည် ရိုးရိုးလည်ဟိုက် boay neck ဖြစ်ပြီ ဒီဇိုင်းပိုင်းမှာ ရိုးရှင်းတယ်။ ဒေါင်းကွက်အဆင်းကို အဓိက ထားတဲ့ ဒီဝတ်စုံဟာ ဒီဇိုင်နာ Mary Katrantzou ရဲ့ လက်ရာမွန်လို့ သိရပါတယ်။
Helen Mirren
အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Helen Mirren ရဲ့ ကတ္တီပါထည်ဟာ သန်းခေါင်ယံအပြာ midnight blue လို့ခေါ်တဲ့ အပြာရင့်ရင့် ဖြစ်ပြီး တင့်တယ်လှပနေတယ်။ အောက်ခြေရေသီနားကို ရှည်ရှည်လျားလျား မလုပ်ဘဲ လက်တွေမှာ ရှည်ရှည်လျားလျား လုပ်ထားတာက အဆန်းသဖွယ် ဖြစ်နေပြီး လက်တွေကို ဘယ်လို လှုပ်ရမ်းပြီး ကြည့်ကောင်းတင့်တယ်အောင် လျှောက်လှမ်းရမလဲဆိုတာ မင်းသမီးကြီးက ကောင်းကောင်းသိတဲ့သူ ဖြစ်ပါတယ်။
Sonam Kapoo
ဘောလီဝုဒ် မင်းသမီး Sonam Kapoor ရဲ့ ဖက်ရှင်ကို ကြည့်လိုက်ပါဦး။ ဂါဝန်က ၂ ပိုင်း ခွဲထားတယ်။ အပေါ်ပိုင်းက အိန္ဒိယရိုးရာစတိုင်လ် ခါးတိုအင်္ကျီ ဇာထည်။ ရိုးရိုးလေးမှ ရိုးရိုး အဖြူစွတ်စွတ် ၀တ်စုံပါပဲ။ ဒါပေမဲ့ ချုပ်ပေးတဲ့ ဖက်ရှင်တိုက်က Ralph & Russo ပြီးတော့ နာမည်ကြီး ခရစ္စတယ်ပွင့်တွေ ထုတ်လုပ်ရောင်းချတဲ့ Swarovski မှ ခရစ္စတယ်တွေ တပ်ပေးထားတာ နာရီပေါင်း ၉,၅၀၀ ကြာမြင့်တယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်။
Naomi Campbell
၁၅ နှစ်သမီးမှာ မော်ဒယ်စလုပ်ခဲ့ပြီး စူပါမော်ဒယ်အဖြစ်ကို ရောက်ရှိသွားတဲ့ Naomi Campbell က ကော်ဇောနီပေါ်ကို graffiti နံရံဆေးခြစ် ပုံတွေစာတွေနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ဂါဝန် ဖောင်းဖောင်းကားကား အလန်းစားနဲ့ လျှောက်လှမ်းခဲ့တာ တွေ့ကြရတယ်။ Dolce & Gabbana ရဲ့ ၀တ်စုံလို့ သိရပါတယ်။ အပေါ်ပိုင်း အနက်ရောင် ကောစက် Corset က အောက်ပိုင်းက အရောင်စုံကို ဘက်ဂရောင်းပြုပေးထားတဲ့ အမြင်ကို ရစေတယ်။ အကြည့်ကို အောက်ဖက် တွန်းချပေးတယ်။
Aishwarya Rai Bachchan
ကိန်းစ်မှာ ကောဇောနီခင်းထားတဲ့ လှေကားထစ်တွေရှိတယ်။ ရုပ်ရှင်ပြသတဲ့ ဟောခန်းမကျယ်ထဲကို အ၀င်နားမှာ ရှိနေတဲ့ အဲဒီလှေကားဟာ ရေကသီအနားလှလှဆန်းဆန်းတွေ ခင်းပြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဘောလီဝုဒ်သရုပ်ဆောင် Aishwarya Rai Bachchan က လှေကားထစ်တွေကို လှလှပပ အသုံးပြုခဲ့တာ တွေ့ရတယ်။ Michael Cinco ရဲ့ ၀တ်စုံဖြစ်ပြီး ရေကသီက ပေ ၂၀ ရှည်လျားတယ်။ ချုပ်လုပ်မယ့် ဒီဇိုင်းနဲ့အံကိုက် ဆေးဆိုးပန်းရိုက် လုပ်ပေးထားတဲ့ လိပ်ပြာတောင်ပံဆန်ဆန် ၀တ်စုံကို လှေကားထစ်တွေ အပေါ်မှာ တောင်ပံရှည် ဖြန့်ခင်းပြတယ်။
Deepika Padukone
ဘောလီဝုဒ်မှ ကြေးအများဆုံးရတဲ့ မင်းသမီး Deepika Padukone ရဲ့ ရုပ်လုံးကြွ ၀တ်စုံကလည်း ကြွရွနေတယ်။
Deepika Padukone
ဒီပီကာ ပါဒူကိုနေးရဲ့ ကိန်းပွဲတော် ဖက်ရှင်များ
link depepavoc
http://www.textiledirectory.com.mm/articles/item/1017-deepika-padukone-canes-2018.html
Winnie Harlow
အမှိုက်အိတ်တွေ လုပ်တဲ့ ပလတ်စတစ်အမည်းစက ဖက်ရှင် ဖြစ်နေတယ်လို့ ထင်စရာရှိတယ်။ တကယ်တော့ သတ္တုသားပါးပါးကို သုံးထားတာ ဖြစ်ပြီး ဆင်မြန်းထားတဲ့ မော်ဒယ် Winnie Harlow ရဲ့ အလှကို ပင့်တင်ပေးထားတယ်။ လက်ဘနွန်မှ ဒီဇိုင်နာ Jean Louis Sabaji ရဲ့ ၀တ်စုံ ဖြစ်ပါတယ်။
Catherine Elise Blanchett
သြစတေးလျမှ မင်းသမီး Catherine Elise Blanchett က အောက်ပိုင်းမှာ အတွင်းကို ပြန်လိပ်ပြီး ပူစီဖောင်းလို ဖောင်းပေးထားတဲ့ ပန်းပွင့်ရောင်စုံ အရောင်ရင့်ရင့်တခြမ်း၊ အဖြူအမည်းတခြမ်း ဂါဝန်ဖြင့် ကော်ဇောနီပေါ် ရောက်လာခဲ့ပါတယ်။ အဖြူအမည်းအခြမ်းက ရောင်စုံအခြမ်းကို စိုလွင်မြူးကြွ သွားစေအောင် ကွဲပြားဆန့်ကျင်ဘက်သဘာဝကို သုံးထားတာ တွေ့ရတယ်။
Amber Heard
အမေရိကန် မင်းသမီး Amber Heard က Valentino ရဲ့ ၀တ်စုံနဲ့ ပွဲတက်တယ်။ အောက်ပိုင်းကို တအားကားထားပြီး အပေါ်မှာ စုချည်ထားတဲ့ အမြင်ကို ပေးတယ်။ အောက်ပိုင်းကားနေတာဟာ ကြီးမားတဲ့ ပန်းပွင့်တွေကြောင့် ပိုသိသာနေစေတယ်။
Harlow
အသက် ၄ နှစ်သမီးကတည်းက အရေပြားမှာ အကွက်တွေ ထင်းလာလို့ လှောင်ပြောင်ခံရတဲ့ ကလေးဘ၀ကို ဖြတ်သန်းခဲ့ရသူ ကနေဒါမော်ဒယ် Winnie Harlow က Ralph & Russo ရဲ့ မြက်စိမ်းရောင် ၀တ်စုံနဲ့ ပွဲထွက်ခဲ့တာ တွေ့ရတယ်။
Fan Bingbing
တရုတ်မင်းသမီး Fan Bingbing ရဲ့ ၀တ်စုံက အောက်မှာ ကားထားပြီး အထက်ဖက်ကို စုသွားတဲ့ အတွန့်တွေ အထပ်ထပ်ကို တစ်ပင်စီ ထူထားပြီး အပင်တွေရဲ့ ထပ်တွေကို ခါးမှာ စုပေးထားတဲ့ ဂါဝန် အပြာနုနုကို အပေါ်ဘက်မှာ ငွေသတ္တုရောင် အင်္ကျီနဲ့ တွဲဖက်ထားတယ်။ တူနီးရှား ဖက်ရှင်ဒီဇိုင်နာ Ali Karoui ရဲ့ လက်ရာလို့ သိရပါတယ်။
ချက္က၀ါ
link sexyfashion
၂၀၁၈ ကိန်းရုပ်ရှင်ပွဲတော်မှ ဖက်ရှင်အလန်းစားများဖတ်ရန် လင့်ခ်
http://www.textiledirectory.com.mm/articles/item/1015-2018-cannes-film-festival-fazhion.html
Read 2044 times
Rate this item
(0 votes)