What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင် ဖက်ရှင်နဲ့ Braless Trend ရေစီးကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ Bella Hadid

အဖြူရောင် ဖက်ရှင်နဲ့ Braless Trend ရေစီးကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ Bella Hadid facebook

ဘယ်လိုမျိုး ခေတ်စားမှု Trend အသစ်တွေတိုင်းမဆို Bella Hadid အတွက်တော့ အသစ်အဆန်း ဖြစ်မနေပါဘူး။

ဘာလို့လည်းဆိုတော့ သူမကိုယ်တိုင်က Trendsetter တစ်ယောက် ဖြစ်နေတာကိုး။

Tee Shirts တွေကို ဆုတ်ဖြဲဖြတ်တောက်ပြီး ၀တ်တဲ့ Trend, ၀တ်စုံ အထက်အောက်ကို တပုံစံထဲ ၀တ်တာ၊ 90s ခေတ်က ဆံပင်ပုံလေးတွေ၊ မျက်မှန်သေးသေးလေးတွေ တပ်တဲ့ပုံစံ စတာတွေမှာ Hadid ညီအမ နှစ်ယောက်က အမြဲလိုလို ရှေ့ဆုံးတန်းကပဲလေ။

အခုလည်း Hadid အငယ်မလေးက Braless Trend ကို အဖြူရောင် Tops တွေပဲ ၀တ်ဆင်ပြီး setting ချထားပြန်လေရဲ့။

သာမန်လူတွေ အနေနဲ့တော့ ၀တ်ဆင်ဖို့ အနည်းငယ် ရှက်ကိုးရှက်ကန်း နိုင်တဲ့ ကိစ္စရပ်ပါ။

ဒါပေမဲ့လို့ လွတ်လပ်မှုနဲ့ သက်တောင့်သက်သာ ရှိမှုကတော့ လုံးဝထိပ်ဆုံးမှာလေ။

ဒါတင်မကသေးပဲ သွေးလည်ပတ်မှု ကောင်းမွန်စေတာမို့ ကျန်းမာရေး ရှုထောင့်ကနေလည်း အဆင်ပြေနေပါသေးတယ်။

Bella ကတော့ Free The Nipple Moment ရဲ့ supporter တစ်ဦးပီပီ သူမရဲ့ off-duty ချိန်တွေမှာ tank top, tee, off-the-shoulder, crop top, shirt တွေကို အဖြူရောင် တစ်မျိုးတည်း ရွေးချယ်လို့ ၀တ်ဆင်ထားတာက လုံးဝကို မိ မိုက် နေတာပါပဲ။

ယူ့ အနေနဲ့ ဒီ Trend ကို စမ်းကြည့်ချင်ပေမဲ့ မ၀ံ့မရဲ ဖြစ်နေရင်တော့ costume tape ဒါမှမဟုတ် အပေါ်ကနေ denim jacket အပါးလေးတွေ၊ အကွက်ဆင် ရှပ်ခပ်ပွပွ လေးတွေ ထပ်ဝတ်ပြီး စမ်းကြည့်လို့ ရတယ်နော်။

20604407 1073431449459712 6546078022936485705 n20604621 1073431422793048 4746844307280917935 n

20621797 1073431342793056 927605213310620026 n20637879 1073431379459719 7014746594640997614 n

20638709 1073431462793044 2176884084618228642 n20664983 1073431389459718 437189768079616929 n

source:posh magazine

Read 1347 times
Rate this item
(0 votes)