Jessica Alba ဆိုတာ Style Star အဖြစ် သတ်မှတ်ခံရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးပါ။
သူမမှာ သူမတူနဲ့ ဟန်ပန်တွေ ရှိတယ်လေ။ The Honest Company ရဲ့ Founder တစ်ဦး အဖြစ်လည်း အမေရိကန်သူ သရုပ်ဆောင် မင်းသမီးလေးရဲ့ ၀တ်စားဆင်ယင် ပုံတွေက တကယ့်ကို Pro ဆန်ဆန်တွေကြီးပါပဲ။
အမြဲတမ်း ခေတ်မှီနေပြီး ခပ်ရိုးရိုး စတိုင်ဆိုရင်တောင် ခံစားချက် တစ်မျိုးဆန်းအောင် ၀တ်ဆင်တတ်သူပေါ့။
ထူးခြားတာက Jessica သူမက အမြဲလိုလို မိန်းမသား တစ်ယောက်ရဲ့ အလှတရားကို ပေါ်လွင်စေတဲ့ ဟန်ပန်တွေကိုပဲ ရွေးချယ် တတ်သူတစ်ယောက်ပါ။ အရှင်းဆုံး ပုံစံလေးတွေကိုမှ အရောင်ထင်းထင်းလေးတွေနဲ့ ကစားတတ်တဲ့ Jessica Alba ရဲ့ Stylish Looks အချို့ကို ဝေမျှပေးထားပါတယ်နော်......
source:posh magazine