What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဆိုတော်မလေးDua Lipa ဆီကသင်ယူရမယ့် ဖက်ရှင်သင်ခန်းစာများ

လတ်တလောမှာ New Rules သီချင်းအပြင် IDGAF သီချင်းနဲ့

လူငယ်တွေကြားရေပန်းစားနေတဲ့ ဆယ်ကျော်သက်အဆိုတော်မလေး Dua Lipa ကို သင်သတိထားမိမှာပါ။ဆယ်ကျော်သက်အရွယ် Dua ဟာ ၁၉၉၅ သြဂုတ်လ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဂီတနဲ့ ပတ်သက်တဲ့ လမ်းကြောင်းကို အသက်၁၄ နှစ်တည်းက စတင်ခဲ့သူဖြစ်ပါတယ်။အစောပိုင်းနှစ်တွေမှာတော့ သူမကို Youtube မှာ CoverSong တွေဆိုတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ လူသိခဲ့ပြီးတော့ ၂၀၁၅ မှာတော့ Warner Music Group က Dua နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ပွဲဦးထွက်စတူဒီယို အယ်လ်ဘမ်ကနေ New Rules,Be the One နဲ့IDGAF  သီချင်းနဲ့ လူတွေပိုသတိထားမိလာခဲ့တာပါ။Dua ကိုသူမရဲ့ အသံခပ်သြသြကြောင့် လူတွေသတိထားမိသလို ဖက်ရှင်ပိုင်းအနေနဲ့ အထာကျသူတစ်ယောက်အဖြစ်လည်း ကျွန်မတို့လက်ခံရမှာဖြစ်ပါတယ်။Duaဟာ မိန်းမဆန်လွန်းတဲ့ဖက်ရှင်တွေနဲ့ တွေ့ရခဲသလို သူမရဲ့ Style တွေက Street ဆန်ဆန်ဘက်ကိုသွားတာ၊Bold&Strong ဆန်တဲ့ပုံစံမျိုးနွယ်တာ၊Slay girl ပုံစံမျိုးတွေ များပါတယ်။ဒါ့အပြင် သူမရဲ့ဖက်ရှင်အတွဲအစပ်တွေဟာ ခေတ်လူငယ်တစ်ယောက်အနေနဲ့အထာကျနေလွန်းသလို ကောင်မလေးတွေ အနေနဲ့ လိုက်ပြီး ဝတ်ကြည့်နိုင်တဲ့ ဖက်ရှင်တွေလည်း ပါဝင်နေပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ Duaဆီက သိရမယ့် Style Lesson တွေကိုဖော်ပြပေးလိုက်ပါတယ်။

1-Oversize T-Shirt တွေကို ရွေးချယ်ပါ။
Dua Lipa ကို ကြည့်လိုက်မယ်ဆိုရင် ခပ်ပွပွ တီရှပ်တွေကို အဝတ်များတာတွေ့ရမှာပါ။ဒီလို တီရှပ်တွေက သင်ကို ဘာနဲ့တွဲဖက် တွဲဖက်လိုက်ဖက်စေသလို အခုနောက်ပိုင်း ခေတ်စားနေတဲ့ ဖက်ရှင်တွေထဲကတစ်ခုလို့လည်း ပြောလို့ရပါတယ်။သင်က ခန္ဓာကိုယ်ပြည့်တဲ့သူပဲဖြစ်ဖြစ်၊ပိန်ပါးတဲ့သူပဲဖြစ်ဖြစ် ပေါ့ပါးပြီး အထာကျချင်တယ်ဆိုရင်တော့ ပွပွချောင်ချောင် T-Shirt တွေကို ရွေးချယ်နိုင်ပါတယ်။

dua

2-Pant အရှည်တွေနဲ့အထာကျပါ။
အခုနောက်ပိုင်းမှာ ခပ်ပွပွ ရှည်ရှည် Track Pant တွေ၊Jogger Pantတွေ ခေတ်စားလာတာကိုတွေ့ရမှာပါ။Dua ဟာလည်း ဒီ Pant တွေကို ရူးသွပ်သူတစ်ယောက်ထင်ပါရဲ့။သူမကိုကြည့်ရင် pant အရှည်တွေကို အမျိုးမျိုး မရိုးရအောင် ဝတ်တာတွေ့ရမှာပါ။အားကစားဆန်သလို မိန်းမသား ဆန်မှုနည်းပါးတဲ့ TrackPant တွေက ပေါ့ပါးမှုရှိသလို ကျွန်မတို့အနေနဲ့ Braletteတွေ၊Bodysuit တွေ၊Crop Top တွေနဲ့တွဲဖက်လို့ရပါတယ်။ဒီအတွက် အပေါ်မှာပြထားတဲ့ Dua ရဲ့ ပုံတွေက နမူနာကောင်းဖြစ်မှာပါ။

dua 3

3-Black is everything.
အနက်ရောင်က ဘယ်တော့မှ ရိုးမသွားတဲ့ အရောင်ပါ။Dua က ဒါကိုလည်း ကောင်းကောင်းသိပုံပါပဲ။အနက်ရောင်ကို ရွေးချယ်ထားပေမယ့် ပုံစံထပ်မသွားအောင် Dua က ဝတ်ထားသလို ကျွန်မတို့အနေနဲ့ သူမလို suit တွေ၊dress တွေကို try လိုက်လို့ရပါတယ်။အနက်ရောင်နဲ့ဆိုတော့ ကိုယ်လုံးကို ပိန်သွယ်သွားသယောင်လည်း ထင်ရစေတယ်လေ။

dua 2

4-Bralette တွေနဲ့ Hot Look ကို ဖန်တီးပါ။
Dua Lipa က အကိတ်မဟုတ်ပေမယ့် Bralette တွေ ဝတ်တဲ့အခါမှာလည်း ဆွဲဆောင်မှုတစ်မျိုးတော့ ရှိနေတာပါပဲ။ဒီအချက်ကနေ Flat Girl လေးတွေလည်း ရင်သားသေးပေမယ့် Dua လို Hot လို့ရတယ်ဆိုတာ Style Lesson တစ်ခုအနေနဲ့ ရသလို Bralette တွေကို ကျွန်မတို့အနေနဲ့Oversize Jacket တွေ၊Blazer တွေ၊Sheer Top တွေနဲ့ တွဲဖက်နိုင်တယ်ဆိုတာပါ မြင်နိုင်ပါတယ်။

dua 9

5-မတူညီတဲ့ Dress တွေနဲ့အသွင်သစ်ကို ယူပါ။
Dua ကို ကြည့်လိုက်ရင် ဖက်ရှင်က တစ်သမတ်တည်း အမြဲရှိမနေပါဘူး။ရေစီးကြောင်းနဲ့ သူမရဲ့ ကိုယ်ပိုင်ဟန်ကိုပျောက်မသွားအောင် ရောစပ်ဝတ်တတ်တာတွေ့ရမှာဖြစ်ပါတယ်။ Dress တွေကိုလည်း အမျိုးမျိုးပြောင်းလဲဝတ်တတ်သလို နေရာနဲ့လိုက်ဖက်အောင်၊ဖက်ရှင်ကျအောင် ဝတ်တတ်တဲ့ Dua Lipa ပါပဲ။

dua 6

6-Hoodie တွေကလူငယ်ဆန်စေပါတယ်။
သင်က Boyish Fashion ကို နှစ်သက်တဲ့သူဆိုရင်တော့ Hoodie တွေက မရှိမဖြစ်တွေပါပဲ။Hoodie ကိုမှ မထူမပါး Hoodie လေးတွေက ဒီနိုင်ငံရဲ့ရာသီဥတုနဲ့ လိုက်သလို ကောင်မလေးတို့အတွက် ဝတ်ရအဆင်ပြေစေမှာဖြစ်ပါတယ်။Boyish Fashion ကိုကြိုက်ရင် Boyfriend Jean တွေ၊Track Pant တွေ၊Skinny Jeanတွေနဲ့ တွဲဖက်နိုင်ပြီးတော့ မိန်းမဆန်ဆန် Skirt တွေ၊Jeanz Skirt တွေနဲ့လည်း တွဲဖက်လို့ရပါတယ်။

dua 4

7-အမိုက်စား အပေါ်ထပ်တွေနဲ့ လန်းပါ။
သင်ရဲ့ဖက်ရှင်က Simple ဖြစ်နေတဲ့အချိန်မှာ အပေါ်က Jacket တစ်ထည်ထပ်လိုက်တာနဲ့တင် Perfect ဖြစ်သွားနိုင်ပါတယ်။Dua ကိုပဲ ကြည့်လေ။ဒါပေမယ့် Oversize ဆိုတဲ့နေရာမှာ အရမ်းကိုပွနေတာမျိုး၊ထူနေတာမျိုးတွေကိုတော့ ရှောင်ဖို့လိုတယ်နော်။မဟုတ်ရင် ခန္ဓာကိုယ်ကောက်ကြောင်းပျောက်သွားပြီး ပိုဝသွားသယောင်ထင်ရစေပါတယ်။

dua 7

Read 1025 times
Rate this item
(0 votes)