What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်တင်ဘာ ကာဗာတွေကို သိမ်းပိုက်ခဲ့တဲ့ Bella Hadid

နိုင်ငံတကာ ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ တစ်နှစ်တာ ကာဗာတွေမှာ စက်တင်ဘာလထုတ်ဟာ အရေးအပါဆုံးဖြစ်ပြီး ဘယ်သူဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်း ပြောဆိုကြလေ့ရှိတယ်။


စက်တင်ဘာလဟာ ဖက်ရှင်ရာသီတစ်ခုကို အစပြုတဲ့လ ဖြစ်နေလို့လည်း အခုလို ကာဗာတွေ အရေးပါကြတာ ဖြစ်ပါတယ်။ ဒီတော့ စက်တင်ဘာလထုတ် ဖက်ရှင်မဂ္ဂဇင်းတွေကို စာမျက်နှာတိုးပြီး ထူထူထဲထဲဖြင့် ထုတ်ဝေလေ့ရှိပါတယ်။ ဘာလို့ စာမျက်နှာ ပိုများရသလဲဆိုတော့ ဖက်ရှင်ရာသီအသစ်အတွက် ကြော်ငြာတွေ ပိုရလို့ ဖြစ်ပါတယ်။ အဲဒီလို ကြော်ငြာတွေ ပိုရအောင် ဆွဲဆောင်ဖို့အတွက် မဂ္ဂဇင်းအဖုံးမှာ ဘယ်သူ့ပုံတင်မလဲဆိုတာကို မဂ္ဂဇင်းတိုက်က ဂရုစိုက်ကြတယ်။

september covers 1 min

september covers 2 min

september covers 3 min

september covers 4 min

 

ဒီတော့ ဖက်ရှင်မော်ဒယ်တစ်ဦးအဖို့ စက်တင်ဘာလထုတ်ရဲ့ ကာဗာအဖြစ် အသုံးခံရတာဟာ ကြီးမားတဲ့ ချီးကျူးဂုဏ်ပြုခြင်း ဖြစ်ပါတယ်။ နဂိုကတည်းက စဲလီ တစ်ဦး ဖြစ်နေရင်တောင် ဒါဟာ ဂုဏ်ယူစရာလို့ သတ်မှတ်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ထူးထူးခြားခြား ဖြစ်သွားတယ်။ နိုင်ငံတကာ ဖက်ရှင်မဂ္ဂဇင်းတွေမှာ နိုင်ငံအလိုက် ထုတ်ဝေကြတဲ့ မဂ္ဂဇင်းတွေရဲ့ စက်တင်ဘာလထုတ် မဂ္ဂဇင်းကာဗာအတော်များများမှာ Bella Hadid ကို သုံးခဲ့ကြတာ တွေ့ကြရတယ်။
စာရင်းချုပ်ကြည့်လိုက်တဲ့အခါ Bella Hadid ကို သုံးထားတဲ့ ကာဗာစာရင်းမှာ Vogue က နိုင်ငံ ၅ နိုင်ငံအတွက် သူ့ကို သုံးထားတယ်။ Elle က နိုင်ငံ ၂နိုင်ငံအတွက် သုံးထားတယ်။ Harper’s Bazaar က တစ်ခု သုံးထားတယ်။ ဒီတော့ စုစုပေါင်း ၈ ခုမှာ
Bella Hadid ကို သုံးထားတာ တွေ့ကြရတယ်။

september covers 5 min

september covers 6 min

september covers 8 min

september covers 10 min

 

အဲဒီတုန်းက အသက် ၂၀ နှစ် ရှိပြီဖြစ်တဲ့ စူပါမော်ဒယ် Bella Hadid ဟာ ဖက်ရှင်ဒီဇိုင်နာတွေ၊ အလှကုန် brand တွေက ကြိုက်နှစ်သက်မှုကို ခံယူရရှိသူ ဖြစ်ပါတယ်။ သူ့မျက်နှာကို သုံးကြတဲ အလှကုန် brand တွေမှာ Dior Makeup, NARS, Chrome Hearts, DKNY, Tag Heuer, Max Mara, Giuseppe Zanotti နဲ့ Bulgari တို့ ပါဝင်တယ်။ သူက Nike ရဲ့ brand ambassador ဖြစ်ပါတယ်။

သူ့အစ်မ Gigi Hadid က ကိုရီးယားနိုင်ငံမှာ ထုတ်တဲ့ Vogue ရဲ့ ကာဗာတစ်ခုပဲ အသုံးခံရတယ်။

gigi min


Bella ကို Vogue ကာဗာ ၅ ခုအတွက် သုံးစွဲခဲ့တာမှာ တစ်ခုက အာရေဗျအတွက် ထုတ်ဝေတဲ့ Vogue Arabia ကာဗာမှာ ဖြစ်ပြီး အဲဒီအတွက် မကျေမနပ် ဝေဖန်မှုများ ရှိခဲ့ပါတယ်။ အာရပ်အတွက် အာရပ်မော်ဒယ်ကိုပဲ သုံးသင့်ပါလျက် Bella ကို သုံးတယ်ဆိုပြီး ပြောကြဆိုကြတာ ဖြစ်ပါတယ်။
စူပါမော်ဒယ် Bella Hadid ဟာ အမေရိကန်နိုင်ငံသူ ဖြစ်သော်လည်း ပါလက်စတိုင်းနဲ့ ဒတ်ခ်ျ သွေးနှောသူ ဖြစ်ပြီး မွတ်ဆလင်တစ်ဦး ဖြစ်နေတာမို့ သင့်တော်ပါတယ်လို့ ခုခံကာကွယ် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
သူ့ရဲ့ ဖခင် Mohamed Hadid ဟု အစ္စရေးမှာ မွေးဖွားခဲ့ပြီး ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာ နေထိုင်ခဲ့ပြီးမှ အမေရိကကို ဒုက္ခသည်တစ်ဦးအဖြစ် အသက် ၁၄ နှစ်မှာ မိသားစုနဲ့အတူ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
အဦးဆုံး စထုတ်တဲ့ Vogue Arabia ရဲ့ ကာဗာမှာ သူအစ်မကြီး Gigi Hadid ကို ဖော်ပြခဲ့စဉ်တုန်းကလည်း အခုလိုပဲ အာရပ်မော်ဒယ်ကို သုံးသင့်တယ်လို့ ဝေဖန်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

Vogue Arabia Arabic cover March 2017 131 min

ယခုနှစ် ၂၀၁၈ စက်တင်ဘာလထုတ် ဖက်ရှင် မဂ္ဂဇင်းတွေမှာတော့ ယခင်က လူဖြူတွေကိုသာ သုံးခဲ့ကြတဲ့ အစဉ်အလာကို ရပ်ဆိုင်းလိုက်ကြပြီး လူမည်း စူပါမော်ဒယ်တွေ ကို သုံးစွဲလိုက်ကြတာကို တွေ့ကြရတယ်။
Beyoncé. Rihanna. Yara Shahidi. Tiffany Haddish. Tracee Ellis Ross. Lupita Nyong’o. Zendaya. Slick Woods. Issa Rae. Aja Naomi King. Laverne Cox. Naomi Campel တို့ကို ကာဗာတွေမှာ တွေ့ကြရတယ်။

 

 

 

Read 946 times
Rate this item
(0 votes)