What's new
×
Warning
JUser: :_load: Unable to load user with ID: 845
insert5
insert4
insert3
insert2
insert1
UNICODE
ကိုရီးယား မင်းသမီးများရဲ့ ဒီဇိုင်းနာ အဝတ်အစား
============================
ခြေဆုံးခေါင်းဆုံး ဒီဇိုင်းနာရဲ့ ဝတ်စုံ အမြဲဝတ်စားပြီး ပွဲထွက်တဲ့ ကိုရီးယား မင်းသမီးတွေထဲမှ ၅ ဦးကို တင်ပြလိုပါတယ်။
သူတို့ ငါးဦးမှာ ပထမဆုံး တင်ပြချင်တာကတော့ Oh My Venus မှ Shin Min Ah ရှင်မင်းအာ ဖြစ်ပါတယ်။
သူမက အမြင်ရိုးရှင်းတဲ့ ဒီဇိုင်နာ ဝတ်စုံတွေကို ရွေးချယ်ဆင်မြန်းပြီး ပွဲတက်လေ့ ရှိသူ ဖြစ်ပါတယ်။
တစ်ခါတလေမှာတော့ ဂါဝန်အောက်ခြေမှာ ပန်းပွားဖွာထားတာမျိုးကို စတိုင်လ်ထုတ်ပြီး ဝတ်လေ့ရှိပါတယ်။ အီတလီဖက်ရှင်တွေထဲမှာ Valentino ကို အသည်းစွဲ ဖြစ်ပါတယ်။
Doctor Crush ရဲ့ သရုပ်ဆောင်ကြယ်ပွင့် ပတ်ရှင်ဟေး Park Shin Hye ဟာ ပါရီဖက်ရှင်သီတင်းပတ်မှာ ရှေ့ဆုံးတန်းမှာ လာထိုင်ပေးဖို့ ဖိတ်ကြားခံရသူ ဖြစ်ပါတယ်။
ပြင်သစ်မှ ဖက်ရှင်လုပ်ငန်း က၎င်းရဲ့ Cruise 2016 collection ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မိတ်ဆက်တော့ ပတ်ရှင်ဟေးဟာ Chanel ရဲ့ သိုးမွေးထည် ကုတ်ကို ဖက်ရှင်ဝတ်စုံကို ဆင်မြန်းပြီး တက်ရောက်ခဲ့ပါတယ်။
My Love from the Star ရဲ့ သရုပ်ဆောင် Jun Ji Hyun ဂျွန်ဂျီဟွမ်က ၆၈ ကြိမ်မြောက် ကိန်း ရုပ်ရှင်ပွဲတော်ကို Gucci ရဲ့ Fall/Winter 2015 collection ဝတ်စုံဖြင့် တက်ရောက်ခဲ့ပါတယ်။
အကြိမ် ၅၀ မြောက် Annual Paeksang Awards ပွဲကို တက်တော့ ဒီဇိုင်းနာ Oscar de la Renta ရဲ့ ပန်းအလှထိုးဝတ်စုံကို ဆင်မြန်းခဲ့တယ်။
သူမက Christian Dior ရဲ့ Pre-Fall 2013 collection ဝတ်စုံကိုလည်း ဆင်မြန်းလေ့ရှိပါတယ်။
Coffee Prince နဲ့ Princess Hours တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တာမှာ လူကြိုက်များခဲ့တဲ့ Yoon Eun Hye ယွန်အန်ဟေးဟာ
ဒီဇိုင်းနာ ဖက်ရှင်ကို ခုံခုံမင်မင် ရှိလွန်းသူတစ်ဦး ဖြစ်ပါတယ်။
ပြီးတော့ သူက အပ်ချုပ်သမားဆီမှာ ကိုယ်အတိုင်းအတာပေးပြီး ကျကျနန ချုပ်ခိုင်းလေ့ ရှိသူလည်း ဖြစ်ပါတယ်။ နာမည်ကြီး ဒီဇိုင်းနာတွေမှာတော့
သူက Burberry Prorsum၊ Givenchy နဲ့ YSL တို့ကို ရွေးချယ်လေ့ရှိပါတယ်။
ကာတွန်းကမ္ဘာထဲရောက်လိုက် တကယ့်လောကထဲ ရောက်လိုက်ဆိုတဲ့ The W star မှာ ပါဝင်တဲ့ Han Hyo Joo ဟန်ဟိုးဂျိုးဟာ အဖြူနဲ့အမည်းကို စွဲလမ်းသူတစ်ဦး ဖြစ်ပါတယ်။
ဒီတော့ သူ့မှာရှိတဲ့ ဒီဇိုင်းနာ အဝတ်အစားတွေ ဖြစ်တဲ့ Burberry Prorsum, Emilio Pucci နဲ့ Salvatore Ferragamo ဖက်ရှင်ထည်တွေမှာ
အဖြူဆွတ်ဆွတ်တွေ မည်းမည်းနက်နက်တွေ များပါတယ်တဲ့။
Read 2338 times
Rate this item
(0 votes)