What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေတ်အလိုက်လိုက်လျောညီထွေအောင် ၀တ်ဆင်ဖြစ်တဲ့ နနးမြတ်ဖြိုးသင်း

ခေတ်အလိုက်လိုက်လျောညီထွေအောင် ၀တ်ဆင်ဖြစ်တဲ့ နနးမြတ်ဖြိုးသင်း facebook

အနုပညာလောကတွင် ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကို ဖက်ရှင်နှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့…………………

-ဖက်ရှင်ကလူတယောက်အတွက် ဘယ်လိုအထောက်အကူဖြစ်လဲပြောပေးပါဦး။

ဖက်၇ှင်ကလူတယောက်အတွက် personality ထူးခြားတဲ့ပင်ကို စရိုက်ကိုဖော်ပြနေတယ်လို့မြင်ပါတယ်။ သူကဖက်ရှင်အမြင်ဘယ်လောက်ရှိလဲပေါ့။ခေတ်နဲ့လိုက်လျောညီထွေဘယ်လောက်ဖြစ်လဲ။သူ့ရဲ့ပတ်ဝန်းကျင်က ဘယ်လလောက်ကျယ်ပြန့်နေလဲဆိုတာကိုအများကြီးဖော်ပြပေးနေတယ်လို့နန်းမြတ်ကမြင်ပါတယ်။

-နန်းမြတ်အနေနဲ့ ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေဝတ်ဆင်ဖြစ်လဲပြောပါဦး။

အခုနောက်ပိုင်းနန်းမြတ်ကရာသီဥတုနဲ့ ကိုက်ညီအောင်ဝတ်စုံဒီဇိုင်းလေးတွေ အဓိကရွေးချယ်ရိုက်ဖြစ်ပါတယ်။ အရမ်းပူတဲ့ ရာသီမျိုးမှာနန်းမြတ်အဖြူရောင်ကိုအသားပေးပြီးဝတ်ဆင်ဖြစ်ပါတယ်။

19510623 1784030881612282 8517906120061772795 n

 

-သရုပ်ဆောင်တယောက်အတွက် ကာရိုက်တာပြောင်းလဲမှုအပေါ်ဖက်ရှင်ကလည်း ပံ့ပိုးမှုပေးတယ်လို့သိရတယ် ပြောပေးပါဦး။

နန်းမြတ်တို့သရုပ်ဆောင်ကလည်းကားမရိုက်ခင်တယောက်အတွက်ပံ့ပိုးမှုက၅၀ရာခိုင်နှုန်းပါင်ပါတယ်။ကိုယ့်ဇာတ်ရုပ်နဲ့ လိုက်ဖက်မယ့်ဖကရှင်အရောင်ဒီဇိုင်းတွေကိုကြိုတင်လေ့လာပြင်ဆင်ရပါတယ်။ ဇာတ်ကောင်တွေကလည်းကြိုတင်စိတ်ကူးနဲ့ ပုံဖော်ရတယ်။ အိုက်တင်ပိုင်းတွက် ပိုပြီးဖက်ရှင်ကလည်းအထောက်အကူပြုပါတယ်။ ဇာတ်ကားတခုမှာ ကိုယ်မျိုးစုံသရုပ်ဆောင်ရတဲ့ဇာတ်ရုပ်တွေမှာအရောင်တွေလည်းကွဲပြားအောင်စီစဉ်ဖြစ်ပါတယ်။

21015682 1845140728834630 7863565383029342707 o

 

-နန်းမြတ်ရဲ့ ၀တ်စုံဒီဇိုင်းတွေကို ဒီဇိုင်နာနဲ့ တိုင်ပင်ဝတ်ဆင်ဖြစ်လားပြောပါဦး။

နန်းမြတ်ကတော့ ဒီဇိုင်နာ  မယုံယုံနဲ့တိုင်ပင်ပြီးဝတ်စုံတွေကို ၀တ်ဆင်ဖြစ်ပါတယ်။ နန်းမြတ်ရဲ့ ၀တ်စုံ ဒီဇိုင်းကို မယုံနဲ့ နှစ်ယောက်တိုင်ပင်ပြီး ၀တ်ဆင်ဖြစ်ပါတယ်။ အေ၇ာင်ကတော့ ခေတ်အလိုက်လိုက်လျောညီထွေအောင် ၀တ်ဆင်ဖြစ်ပါတယ်။ခေတ်နဲ့ အညီမလိုက်လို့မရပါဘူး။ခေတ်အလိုက်ဝတ်ဆင်ပေမယ့်ကိုယ်နဲ့ လိုက်ဖက်တာရှိသလို မလိုက်တာတွေလည်းရှိပါတယ်။

21558560 1862754073739962 4045169126582289249 n

 

-နန်းမြတ်ကိုချစ်တဲ့ပရိသတ်တွေကို ဖက်ရှင်နဲ့ ပတ်သတ်ပြီးစကားလက်ဆောင်ပေးပါဦး။

အခုခေတ်မှာ တော့ အားလုံးကဖက်ရှင် အမြင်တွေအရမ်းရှိကြပါတယ်။ သွားရင်တောင်ကောင်မလေးတွေကလှပပြီးစမတ်ကျနေပါတယ်။နောက်တခုကတော့ ကာလဒေသနဲ့လိုက်ဖက်ပြီးဖက်ရှင်ကျတဲ့ ၀တ်စုံတွေရွေးချယ်ဝတ်ဆင်ဖို့အရေးကြီးပါတယ်လို့ နန်းမြတ်ကအကြံပေးချင်ပါတယ်။ 

Read 974 times
Rate this item
(0 votes)