What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လေဒီဂါဂါ ရဲ့ထူးခြားဆန်းကြယ်တဲ့ ပွဲတက်ဖက်ရှင်များ

Lady Gaga ကိုတော့ အားလုံးသိကြပါတယ်။ သူမရဲ့ Album တွေကလည်း ကမ္ဘာတစ်ဝှမ်းမှာ ရောင်းအားကောင်းသလို သီချင်းတွေကလည်း အောင်မြင်တဲ့ သီချင်းတွေပါပဲ။

Lady Gaga က သူများနဲ့မတူ ထူးခြားချက်တွေရှိတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမဟာ အမြဲတမ်းပွင့်ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ပွဲတက်ဖက်ရှင်တွေကလည်း တကယ့်ကို အလန်းစားတွေပါ။ ဘယ်သူမှ သူမလို မဝတ်ရဲကြပါဘူး။ ဒီလိုတွေဝတ်ရဲတာကလည်း သူမရဲ့ မွေးရာပါ ပါရမီကြောင့်ပေါ့နော်။ ဒီတော့ Lady Gaga ရဲ့ ပွဲတက်ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်။

(၁) အသားစိမ်း ဝတ်စုံ

1
2010 Video Music Awards ပွဲမှာဝတ်ခဲ့တဲ့ဝတ်စုံပါ။ ဒီဝတ်စုံကတော့ အသားတွေနဲ့ လုပ်ထားတဲ့ ဝတ်စုံပါ။

(၂) မမြင်ရလေ ကောင်းလေ

2
ဒီဝတ်စုံကတော့ သူမရဲ့ AIRTOP Album မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးပါ။ ဘယ်သူမှလည်းမမြင်ချင်ဘူး ငါ့ကိုယ်ငါလည်းမမြင်ချင်ပါဘူးတဲ့။

(၃) ဖားတွေလည်း မနေရ

3
ဖားရုပ်တွေနဲ့ တန်ဆာဆင်ထားပြီး အစိမ်းရောင်တောက်နေတဲ့ ဝတ်စုံလေးပါ။

(၄) ဇာတွေနဲ့ အလှဆင်

4
ဒီအနီရောင်မျက်နှာဖုံးဝတ်စုံကတော့ 2009 VAM'S ရဲ့ Best New Artist Award ဆုကိုရခဲ့စဉ်ကဝတ်လာတဲ့ဝတ်စုံလေးပေါ့။

(၅) ဖြူဖြူ ဂါဂါ

5
သူဝတ်သမျှဝတ်စုံတွေထဲကမှ ကြည့်လို့ကောင်းတဲ့ ဝတ်စုံပေါ့နော်။

(၆) နှင်းလုံးလေးတွေနဲ့ ဂါဂါ

7
ပွဲလာတက်တဲ့သူက လမ်းခရီးတစ်နေရာရာမှာချော်လဲလာလို့ ညစ်ပတ်နေတဲ့သူကျနေတာပဲ။ တကယ်တမ်းတော့မဟုတ်ပါဘူး။ အာ့လိုဖြစ်အောင်ကို ပြင်လာတာပါ။

(၇) မိုနာလီဇာလည်း မကျန်မနေစေရ

8
Mona Lisa လိုပြင်ထားပြီး Mona Lisa ပုံဂါဝန်နဲ့ လှပနေတဲ့ Lady Gaga ပါ။

(၈) ထူးဆန်းပေ့ဂါဝန်

6
ဒီဝတ်စုံလေးကတော့ သူမဝတ်သမျှ ပွဲတက်ဝတ်စုံတွေထဲမှ အလှဆုံးဝတ်စုံလေးလည်းဖြစ်သလို သူမနဲ့လည်း လိုက်ဖက်တဲ့ ဝတ်စုံလေးပါပဲ။

 

Source:we media

Read 1241 times
Rate this item
(1 Vote)