Harley Quinn တစ်ဖြစ်လဲ Margot Robbie ရဲ့ဖက်ရှင်အကြောင်းကိုတော့ မပြောမဖြစ်လို့ ပြောရပါဦးမယ်။
သူမရဲ့ဖက်ရှင်အမြင်က သူမတူအောင် ၀တ်နိုင်စွမ်းရှိနေခြင်းဖြစ်ပါလိမ့်မယ်။
သူမရဲ့ဝတ်ပုံစားပုံတွေကို ကြည့်မယ်ဆိုရင် basic ဖြစ်တဲ့အ၀တ်အစားတွေကို pop ဖြစ်စေတဲ့ ပုံစံတွေနဲ့တွဲဝတ်တာက သူမရဲ့စတိုင်လ်လို့ထင်မိပါတယ်။
အချိန်တော်တော်များများမှာ သူမရဲ့အကြိုက်တွေက ပြောင်းလဲနိုင်လွန်းပါတယ်။
တစ်ခါတလေ bohemian ဆန်ဆန်ဝတ်ပြီး တချို့အချိန်တွေကျ rock 'n' roll နဲ့ ခပ်မာမာစတိုင်လ် ဖမ်းလေ့ရှိပါတယ်။
ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ သူမက မိန်းမဆန်တယ်၊ ရိုးရိုးရှင်းရှင်းဖက်ရှင်စတိုင်လ်တွေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ သန့်သန့်ပြန့်ပြန့် ၀တ်လေ့ရှိပြီး အရောင်ငြိမ်တွေကို ရွေးချယ်လေ့ရှိသူ တစ်ယောက်ပါ။
သူမရဲ့အလုပ်ချိန်ပြင်ပဖက်ရှင်က အလုပ်ချိန်နဲ့တခြားစီဖြစ်ပြီး ဘယ်လိုဖက်ရှင်မျိုးဖြစ်ဖြစ် လိုက်ဖက်အောင် ၀တ်ဆင်နိုင်တဲ့သူဖြစ်တဲ့အတွက် သူမရဲ့ဖက်ရှင် အကျဆုံးဝတ်စုံအချို့ကို တင်ဆက်ပေးလိုက်ရပါတယ်။
source :posh magazine