What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဆိုတာလူတယောက်မှာရှိကိုရှိသင့်ပါတယ်လို့ဆိုသူ ခြူးလေး

MRTV-4တွင်ထုတ်လွှင့်ခဲ့သောပန်းနုသွေး ရုပ်သံဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မော်ဒယ်သရုပ်ဆောင် ခြူးလေးကို ဖက်ရှင်နှင့် ပတ်သတ်ပြီးမေးမြန်းထားပါတယ်။ 

-အနုပညာလောကထဲစတင်ဝင်ရောက်ချိန်နဲ့အခုနောက်ပိုင်းဖက်ရှင်ပေါ်အမြင်လေးပြောပြပေးပါဦး။

အရင်ကတော့ညီမအနေနဲ့ဖက်ရှင်နဲ့ ပတ်သတ်ပြီးလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲနေဖြစ်တယ်။အမြဲတမ်းလည်းအဲ့ီးစတိုင်နဲ့နေဖြစ်တာပေါ့နော်။တကယ်တမ်းသရုပ်ဆောင်ဖို့အတွက် လိုအပ်ရင်တော့ပီပြင်အောင်ကြိုးစားတယ်။အဲ့ဒီလိုနေထိုင်ခဲ့တာ တကယ်တော့မှားတယ်ပေါ့။ဖက်ရှင်ဆိုတာလူတယောက်မှာရှိကိုရှိသင့်ပါတယ်။အမြဲတမ်းfree styleမနေသင့်ဘူးဆိုတာသိလာရတာပေါ့။အခုလိုပွဲတွေမှာလူတောတိုးဖို့ဆိုတာထက် သူသရုပ်ဆောင်ပါလို့ထင်သာမြင်သာဖြစ်အောင်ဖက်ရှင်ရဲ့ပံ့ပိုးမှုတွေလိုအပ်တာပေါ့။အမြဲတမ်းပေါ့ပေါ့ပါးပါးသွားပြီးချောင်ထဲသါားနေရင် သိသင့်သလောက် သိမလာဘူး။တတ်သင့်သလောက်လည်းတက်မလာဘူးပေါ့။ အဲ့လိုတွေဖြစ်လာရတာပေါ့။ဇာတ်လမ်းတွဲတွေကြည့်မှသိတယ်။မကြည့်သူကမသိဘူးပေါ့။အဲ့လိုတွေဖြစ်ခဲ့ရတာပါ။အခုနောက်ပိုင်းတော့ဖက်ရှင်ပိုင်းကိုဂရုစိုက်ဖြစ်လာတာဒီဇိုင်နာကိုခေတ်မင်းကြောင့်ပါ။ကိုယ့်ကိုယ်ကိုယ်ဖက်ရှင်ကျကျနဲ့ ပေါ်လွင်အောင်နေမှကိုယ့်ကို သတိထားမိလာမယ်။ဒါကြောင့်အခုချိန်မှာဖက်ရှင်ဆိုတာအရေးကြီးမှန်းသိလာခဲ့ရတာပေါ့။

20727899 807576419403207 8726521220898024330 n

-သရုပ်ဆောင်တယောက်အတွက်ဖက်ရှင်က ဘယ်လောက်ပံ့ပိုးမှုပေးနိုင်တယ်လို့ထင်မိလဲ။

ညီမတို့သရုပ်ဆောင်တွေရဲ့ ကာရိုက်တာပိုင်းမှာလည်းအများကြီး ပံ့ပိုးမှုတွေပေးပါတယ်။ ဥပမာချမ်းသာတဲ့သူဌေးနေရာသရုပ်ဆောင်ရမှာသာမန်ဝတ်စုံဝတ်ဆင်ပြီးသရုပ်ဆောင်မယ်ဆို ဘယ်လောက်ဘဲသရုပ်ဆောင်ကောင်းနေပါစေ ကာရိုက်တာလုံးဝပီပြင်မှာမဟုတ်ပါဘူး။ဆင်းရဲနေတဲ့ ကာရိုက်တာမှာကိုယ်က မျက်တောင်တုတွေသွားတပ်ရင်လည်းဆင်မပြေနိုင်ပါဘူး။ နာမည်ကြီးbrand အင်္ကျီတွေဝတ်ဆင်ရင်လည်းအဆင်မပြေနိုင်ပါဘူး။ကိုယ်ပါဝင်ရမယ့် ဇာတ်ဝင်ခန်းနဲ့လိုက်ဖက်အောင်ပြင်ဆင်မှုကဖက်ရှင်နဲ့အားသာချက်ပါ။ သရုပ်ဆောင်မဟုတ်ဘဲအပြင်မှာသွားလာမယ်ဆိုရင် ဘယ်နေရာသွားသွားကိုယ့်ကိုပရိသတ် သတိထားမိပြီးလှည့်ကြည့်လောက်တဲ့ ဖက်ရှင်မျိုးဝတ်ဆင်သင့်ပါတယ်။ တိုပြတ်ပြီးပေါ်နေတာမျိုးမဟုတ်ဘဲစမတ်ကျကျလှနေအောင်ပေါ့။ မိန်းကလေးတယောက်အတွက် ဒေါက်ဖိနပ်အမြင့်နဲ့နှုတ်ခမ်းနီဆိုးမျက်မှန်တပ်လိုက်ရင် စမတ်ကျသွားမယ်။ဂျင်းဘောင်းဘီဝတ်ပြီး ကပိုကရိုသွားနေလို့ မဖြစ်ဘူး။ကိုယ်ကခုချိန် မှာနာမည်ယူနေတာမို့ကိုယ်ကနာမည်ကြီးလို့ရုပ်ဖျက်သွားတယ်ဆိုရင်တော့ တမျိုးပေါ့။ပရိသတ်ချစ်ခင်အောင်နေထိုင်ရပါတယ်။ ဖက်ရှင်ရဲ့အရေးပါမှုကိုအခုမှစသိလာရတာပါ။

22050017 828850883942427 5050440043710094625 n

-ဖက်ရှင်နဲ့ ပတ်သတ်ပြီးပရိသတ်ကိုစကားလက်ဆောင်ပြောပေးပါဦး။

ဖက်ရှင်နဲ့ ပတ်သတ်ပြီးပြောချင်တာကအရမ်းခေတ်လွန်ပြီးတော့လည်း ၀တ်စရာမလိုဘူး။မိန်းကလေးတယောက်အနေနဲ့ အဓိကကယုံကြည်မှုရှိရှိနဲ့လမ်းလျှောက်သွားနိုင်ရင် ဖက်ရှင်တခုဖြစ်နေပါပြီ။နှုတ်ခမ်းနီကို မပါမဖြစ်ပါအောင်ဆိုပြီး ကိုယ့်မှာရှိတဲ့ အ၀တ်အစားနဲ့ ဒေါက်ဖိနပ်အမြင့်လေးစီးပြီးယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းပါလို့ပြောချင်ပါတယ်။

Read 1674 times
Rate this item
(0 votes)