What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၉ခုနှစ်မှာ follow လုပ်ထားသင့်တဲ့ fashion stars များ

၂၀၁၉ခုနှစ်မှာ follow လုပ်ထားသင့်တဲ့ fashion stars များ google

ဖက်ရှင်ဆိုတာ လူတိုင်းအတွက် အရေးပါတဲ့ကဏ္ဍမှာ ရှိပါတယ်။ သင့်ဟာ ဖက်ရှင်ကို လေ့လာလိုက်စားတဲ့သူတစ်ယောက်ဆိုရင် ဘယ်ဖက်ရှင်တွေ ခေတ်စားနေသလဲ၊ ဘယ်သူဖက်ရှင်တွေက နာမည်ကြီးနေသလဲဆိုတာ သိဖို့ လိုပါတယ်နော်။

ဒီနေ့မှာတော့ Textileကနေ ၂၀၁၉ ခုနှစ်မှာ ဘယ်သူဖက်ရှင်တွေကို မျက်ခြေမပျက်စောင့်ကြည့်သင့်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်နော်။

 

Gigi Hadid

ဖက်ရှင်နဲ့ပတ်သတ်ပြီး နာမည်ကြီးသူတွေ အများကြီးရှိတဲ့အထဲမှ သူမက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာ ချမ်းသာတဲ့မျိုးရိုးမှ ဆင်းသက်လာပြီး သူမရဲ့ဖက်ရှင်စတိုင်လ်တွေဟာ စောင့်ကြည့်ရမဲ့အထဲမှာပါဝင်နေပါတယ်။

အထူးသဖြင့် သူမဟာ mediaပေါ်မှာ နာမည်ကြီးနေသူတစ်ယောက်ပါ။ သူမဟာ နာမည်ကြီးဖက်ရှင်ရှိုးပွဲများစွာကို လျှောက်နေတဲ့ အမေရိကန်မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့အမေက အမေရိကန်မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပြီး Real Housewives of Beverly Hills star actress ရဲ့တည်ထောင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့အဖေကတော့ အကောင်းဆုံးဇိမ်ခံ ဟိုတယ်တွေကို ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

 

gigi

 

Bella Hadid

သူမဟာဆိုရင်တော့ အမေရိကန်မော်ဒယ်တစ်ယောက် ဖြစ်ပြီး Gigi Hadid ရဲ့ ညီမတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာဆိုရင်တော့ ၂၀၁၆ ခုနှစ်ရဲ့ မော်ဒယ်ဆုကိုလည်းရရှိခဲ့သူတစ်ယောက်ပါ။

သူမတို့ညီမနှစ်ယောက်ရဲ့ ဖက်ရှင်စတိုင်လ်တွေဟာ ဆယ်ကျော်သက်အရွယ်တွေရဲ့ စောင့်ကြည့်ခြင်းကိုလည်းခံခဲ့ရပါတယ်။

bella2

 


Rihanna

သူမဟာ နှစ်အစောပိုင်းကနေ ယခုအထိ နာမည်ကြီးဖက်ရှင် star တစ်ယောက်အဖြစ် စောင့်ကြည့်ခြင်းကိုခဲ့ထားရသူ တစ်ယောက်ပါ။

သူမဟာ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုသလို၊ သရုပ်ဆာင်ဘက်မှာရော၊ ဖက်ရှင်ဘက်မှာရော နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

သူမဟာ သူများနဲ့ မတူဘဲ တမူထူးခြားတဲ့ ဖက်ရှင်စတိုင်လ်တွေကို ဝတ်ဆင်တတ်တာကြောင့် လူအများရဲ့ စောင့်ကြည့်ခြင်းကို ခံရသူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ သီချင်း MTVတွေမှာလည်း အမိုက်စားဖျော်ဖြေမူတွေနဲ့အတူ အလန်းစား ဖက်ရှင်စတိုင်လ်တွေကို အမြဲလိုလိုမြင်တွေ့ရတတ်ပါတယ်။

 

3


Beyoncé

သူမဟာ အမေရိကန်နိုင်ငံရဲ့ တေးရေး၊ အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ Nominated Grammy Award လို့ခေါ်တဲ့ မိန်းကလေးအဖွဲ့သီချင်းအရောင်းရဆုံးဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

အနောက်နိုင်ငံနှင့် ဥရောပနိုင်ငံတွေအတွက် သူမရဲ့ဖက်ရှင် စတိုင်လ်တွေဟာ sensational style တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဂီတဘက်မှာ သူမယောင်္ကျား Jay-Zနဲ့ အတူ  အကောင်းဆုံးဖျော်ဖြေမူတွေပြုလုပ်ခဲ့ပါတယ်။

beyonce

 

Selena Gomez

သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးအဖြစ် နာမည်ကြီးသူတစ်ယောက်ပါ။

သူမက သီချင်းဆိုတဲ့နေရာမှာတော်သလို ချစ်စရာကောင်းတဲ့ဖက်ရှင်၊ sexy ဖက်ရှင်၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဖက်ရှင် ဖက်ရှင်အမျိုးမျိုးနဲ့ မြင်တွေ့ရတတ်ပါတယ်။

သူမကို ကမ္ဘာတစ်ဝန်းက ဆယ်ကျော်သက်အရွယ် ကောင်လေး၊ ကောင်းမလေးတွေရဲ့ စောင့်ကြည့်ခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

selena


Zayn Malik

UK X-factorပြိုင်ပွဲမှ အောင်မြင်လာတဲ့ One direction အဖွဲ့မှ Zyan ဟာ အနေအေးသူတစ်ယောက်ဖြစ်ပါတယ်။

အမိုက်စားဖက်ရှင်တွေနှင့် သီချင်းဆိုကောင်းမူတွေကြောင့် One direction အဖွဲ့မှ Harry Styleနှင့် Zyan တို့နှစ်ယောက်ဟာ လူအများရဲ့idolတွေဖြစ်လာခဲ့ပါတယ်။

Zyan ဖက်ရှင်ဟာ သာရေဂျာကင်တွေနဲ့သာ အထာကျကျ လန်းနေတတ်သူတစ်ယောက်ပါ။ ဒါပေမဲ့ Zyan ဟာ မော်ဒယ် Gigi Hadid နှင့်တွဲခဲ့ပြီးနောက်မှ Zyanရဲ့ဖက်ရှင်တွေဟာ ကျော်ကြားလာပြီး လူအများရဲ့စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။

 

zyan

 

Zac Efron

Zac Efron ဟာ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေကို စိတ်ဝင်စားသူတစ်ယောက်ပါ။

ခန္ဓာကိုယ်အချိုးအစားကို ပြသသည့်  အပေါ်ပိုင်းအဝတ်ဗလာပုံတွေကြောင့် သူဟာ နာမည်ကျော်ကြားလာပြီး Hollywood မှာ အငယ်ဆုံး heartthrobs တစယောက်ဖြစ်လာခဲ့ပါတယ်။

အမိုက်စားဖက်ရှင်တွေကြောင့် နာမည်ကြီးလာသလို သရုပ်ဆောင်ကောင်းမူတွေကြောင့်လည်း ဆုများကို ချီးမြှင့်ခံခဲ့ရသူတစ်ဦးပါ။

zac

 

Ryan Gosling

Ryan Gosling ဟာ  screen​ပေါ်မှာလူသိအများဆုံးတစ်​ဦးဆိုတော့ အားလုံးမိတ်​ဆက်​စရာမလို​လောက်​ပါဘူး။ သူ့ရဲ့1993ပွဲဦးထွက်​သရုပ်​​ဆောင်​ကတည်းက ဝါရင့်​သရုပ်​​ဆောင်​တစ်​ဦးဖြစ်​ပါတယ်။

သူဟာဂီတဘက်ကိုလည်း စိတ်ဝင်စားသူတစ်ယောက်ပါ။ Disney ရဲ့ "The Mickey Club"(1993-95)၊ အိမ်​​ထောင်​​ရေး Drama "Blue Valentine"(2010)တို့ဟာ သူအတွက်အောင်မြင်မူတွေရယူပေးနိုင်ခဲ့ပါတယ်။

Ryansက သူ့ရဲ့အမျိုးမျိုး​သောသရုပ်​​ဆောင်​မူ​တွေနှင့် ဖျော်ဖြေပွဲတွေမှာ အမျိုးမျိုးသော သရုပ်ဖော် ဖက်ရှင်စတိုင်လ်တွေဟာ ကမ္ဘာမှာ stylish men အဖြစ်​အသိမှတ်​ပြုခြင်းခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

ryan

 

Harry Styles

မိန်းကလေးတွေရဲ့ အသဲစွဲဖြစ်သည့် One Direction အဖွဲ့မှ Harry ကိုတော့ သင့်ဟာ mediaတွေမှာ  Follow လုပ်ထားသင့်ပါတယ်နော်။

မကြာသေးခင်ကပဲ One direction အဖွဲ့ခေါင်းဆောင် Harryရဲ့ Met Galaပွဲတတ်ဖက်ရှင်ဟာလည်း အရမ်းနာမည်ကြီးနေပါတယ်နော်။

harry

 

Chris Hemsworth

သင့်ဟာ Avengers ကားတွေကြည့်တဲ့သူတစ်ယောက်ဆိုရင်တော့ သူကို အထူးပြောစရာမလိုလောက်ပါဘူးနော်။ ၂၀၀၄ခုနှစ်မှာ Kim Hydeအဖြစ် သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲမှာ လူတွေဟာစတင်သတိထားမိခဲ့ခြင်းဖြစ်ပါတယ်။

သူရဲ့ gentleman ဖက်ရှင်စတိုင်လ်တွေကြောင့် လူအများရဲ့ သဘောကျနှစ်သက်ခြင်းခံနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

chris

 

Ref : worthgram.com

Myanmar Textile and Garment Directory

Read 2246 times
Rate this item
(0 votes)
Tagged under