သီချင်းအဆိုပိုင်းနှင့် အကို ပိုင်နိုင်စွာတင်ဆက်ပြသနိုင်သည့်သီဆိုဖျောဖြေမှုကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ အဆိုတောါ အမွန်းကို ဖက်ရှင်နှင့်ပတ်သတ်ပြီးမေးမြန်းဖြစ်တာကတော့..............
-ဖက်ရှင်နဲ့ပတ်သတ်ပြီး အမွန်းအနေနဲ့ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေကြိုက်နှစ်သက်လဲပြောပါဦး။
ဖက်ရှင်နဲ့ ပတ်သတ်ရင် အမွန်းကြိုက်တဲ့ ဖက်ရှင်ပိုင်းတွေဘဲဝတ်ဖြစ်ပါတယ်။ ပရိသတ်မြင်ရတဲ့ အမွန်းရဲ့ဖက်ရှင်ကစိတ်ထဲမှာယုံကြည်မှုအပြည့်ရှိတဲ့ပုံစံတွေများပါတယ်။မိန်းကလေးတယောက်ကမိန်းကလေးတယောက်ရဲ့အလှကိုဖော်ပြတဲ့အ၀တ်အစားမျိုးဝတ်ဖြစ်တယ်။ နောက်ရှိုးပွဲဆိုရင် ရှိုးပွဲနဲ့ လိုက်ဖက်တဲ့ ဖက်ရှင် မြူးဇစ်ပိုင်းနဲ့ လိုက်ဖက်အောင်ဝတ်ဖြစ်တယ်။သရုပ်ဆောင်ပိုင်းမှာလဲ သရုပ်ဆောင်တဲ့ ကာရိုက်တာ နဲ့ လိုက်ဖက်အောင်ဝတ်ဖြစ်တယ်။ ဖက်ရှင် ရှိုးပွဲဆိုရင်လဲ ဖက်ရှင် ဂဏ္ဍအလိုက်ဝတ်ဖြစ်တယ်။ ပရီသတ်အမွန်းကို မြင်တွေ့နေကျအိုင်းဖက်ရှင်ဒီဇိုင်းတွေဝတ်ဆင်သွားမှာပါ။
-အမွန်းအနေနဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ပြည်ပနိုင်ငံတွေကို လေ့လာဖြစ်လား။
ပြည်ပနိုင်ငံတွေကတော့ သူ့နိုင်ငံနဲ့သူက တိုးတက်နေကြတယ်။ ဘယ်အရာကိုကြည့်ကြည့်အရမ်းလန်းတယ်။ မိုက်နေတယ်ပေါ့။အားလုါံ်ကသင်ယူစရာတွေချည်းပါဘဲ။ ဒါကြောင့် အမွန်းရဲ့ ဖုန်းထဲမှာဖြစ်ဖြစ် မဂ္ဂဇင်းမျိာဘဲဖြစ်ဖြစ်အင်တာနက်မှာဘဲဖြစ်ဖြစ် အမြဲသင်ယူပါတယ်။ ဒီအပိုင်းကို သီးသန့်အချိန်မပေးဖြစ်ဘဲအမွန်းအနုပညာဖြစ်တဲ့ မြူးဇစ်အပိုင၈်းကို ပိုပြီးတော့အားစိုက်ဖြစ်ပါတယ်။ ဖက်ရှင်ကလည်းအရေးကြီးတဲ့ အခမ်းဂဏ္ဍတခုဖြစ်တယ်။ အမွန်းကလည်းပရိသတ်ကို ကျေးဇူးတင်တယ်။ ဖက်ရှင်ကို အားအရမ်းမပြုပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုကို ပရိသတ်က အသိအမှတ်ပြုတယ်ဆိုတော့ ပျော်ပါတယ်။
-ဖက်ရှင်ကလူတယောက်အတွက် ဘယ်လောက်အရေးပါတယ်လို့ထင်ပါလဲ။
ဖက်ရှင်က လူတယောက်အတွက် အရေးပါတာတော့ တော်တော်ပါပါတယ်။ ဖက်ရှင်လန်းနေမှနောက်ခေတ်နဲ့ အညီလန်းနေမှလည်းပရိသတ်ကအားပေးရတာအားရှိမျာပေါ့။ လူတယောက်အနုပညာရှင်တယောက်က ဖက်ရှင်အမြင် ဘယ်လောက်ရှိလဲပေါ်မူတည်ပြီးတော့အနုပညာခရိးဘယ်လောက်ရောက်လဲဆိုတဲ့ အတိုင်းအတာကွာသွားပါတယ်။ အဲ့အတွက် ဖက်ရှင်ကအရေးကြီးပါတယ်။
source: the standard time