What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယူနီဖောင်း ပြောင်းတဲ့ ဖေ့စ်ဘုတ် စီအီးအို

အခုတော့ မတ် ဇပ်ကာဘာ့က ယူနီဖောင်းလဲလိုက်ပြီ။

Facebook ရဲ့ အထင်ကရပွဲကြီးတစ်ခု ဖြစ်တဲ့ F8 ပွဲကို ပြီးခဲ့တဲ့ မေလဆန်းပိုင်းက ကျင်းပခဲ့တယ်။

အခုလို F8 ပွဲတွေမှာ Facebook ထူထောင်သူ မတ် ဇပ်ကာဘာ့က နောက်ထပ် ဘာတွေ လုပ်ပေးဖို့ ရှိတယ်ဆိုတာကို ရှင်းလင်းတင်ပြပေးနေကျဖြစ်ပါတယ်။

နှစ်စဉ်လိုလို တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ပွဲကြီး ဖြစ်ပါတယ်။ ပျက်ကွက်ခဲ့တာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တို့မှာ ဖြစ်ပါတယ်။

ထူးထူးခြားခြားက ချစ်သူအဖြစ် ချိန်းတွေ့နိုင်မယ့် dating အစီအစဉ် ဖြစ်ပါတယ်။

အခုနှစ်ကျင်းပတဲ့ F8 ပွဲမှာ ဇပ်က အခုလို F8 ပွဲမှာ ၀တ်စားတာတာ ထူးခြားနေတယ်။
ဝတ်နေကျ ၀တ်စုံကို ၀တ်မလာတော့ဘဲ

အပြာရောင် လက်ရှည် ဆွယ်တာ၊

အမည်းရောင်ဂျင်းဘောင်းဘီအရှည်နဲ့

အမည်းရောင် Nike ရှူးဖိနပ်တို့ကို ၀တ်လာတာပဲ ဖြစ်ပါတယ်။

zuckerberg new style

ယူနီဖောင်းလို ၀တ်နေကျ ၀တ်စုံက

မီးခိုးရောင် တီရှပ်လက်တို၊

ဂျင်းဘောင်းဘီရှည် အပြာနဲ့

မီးခိုးရောင် Nike ရှူးဖိနပ်တို့ ဖြစ်ပါတယ်။

zuckerberg new style2017

zuckerberg old stylezuckerberg old style 2016

 

 

အခုလို ယူနီဖောင်း ပြောင်းလိုက်တာ ကန်ဒေါ်လာ ၁၀၀၀ ၀န်းကျင်လောက်ပဲ ကုန်ကျမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီလိုမျိုးကို သက်သက်သာသာ ချွေတာပြီး ၀တ်ဆင်မယ်ဆိုရင် ကန်ဒေါ်လာ ၂၀၀ သာသာဖြင့် ရနိုင်တယ်လို့ ဆိုကြပါတယ်။

များများစားစား ပြောင်းလဲလိုက်တာ မဟုတ်ဘဲ မသိမသာ ပြောင်းလဲလိုက်တာ ဖြစ်ပြီး Facebook ရဲ့ CEO ဟာ သူ့ရဲ့ ဖက်ရှင်မကျတဲ့ ထသွားထလာ ၀တ်စားဆင်ယင်မှုကို ဆက်လက်ခုံမင်နေဆဲဖြစ်ပါတယ်။ သူက တစ်နေ့လာလည်း ဒါဘဲ ၀တ်နေတာမို့ သူ့မှာ အ၀တ်ဘီဒို ရှိမှရှိရဲ့လားလို့တောင် မေးခွန်းထုတ်ခံရတယ်။ အခုလို ပြောင်းလဲဝတ်ဆင်လိုက်တာဟာ အဲဒီမေးခွန်းအတွက် အဖြေလို့ ဆိုရပါလိမ့်မယ်။

၂၁၀၄ ခုနှစ်တုန်းက ဇပ်ကာဘာ့က အခုလို ပြောပြခဲ့ဖူးတယ်။ “ကျွန်တော့ဘ၀ကို ရှင်းရှင်းလေး တကယ်ဖြစ်လိုတယ်။ ရွေးချယ်ဆုံးဖြတ်ချက်တွေ ဖြစ်နိုင်သရွေ့ နည်းချင်တယ်။ လူ့အသိုင်းအ၀ိုင်းကို အကောင်းဆုံး အလုပ်အကျွေးပြုဖို့ကို ပိုအာရုံစိုက်ချင်တယ်”

တစ်နေ့လာလည်း ဒါပဲ ၀တ်ဆင်တာကြောင့် သူ့အ၀တ်အစားဟာ သူ့အဖို့ ယူနီဖောင်း ဖြစ်နေတယ်။ အခုလို ၀တ်ဆင်တဲ့အတွက် သူက အ၀တ်အစားအတွက် ခေါင်းမရှုပ်တော့ဘူး။ ဒီတော့ သူက အလုပ်မှာ ပိုအာရုံစိုက်နိုင်ပြီး ထိထိမိမိ ပိုလုပ်လို့ ရသွားစေတယ်လို့ သူက ရှင်းပြဖူးပါတယ်။

ze

သူ့ရဲ့ အ၀တ်ဘီဒိုမှာ အစီအရီ ချိတ်ထားတဲ့ဓာတ်ပုံကို

Facebook မှာ တရားဝင် တင်ပြဖူးပါတယ်။

အခုလို ဒါပဲဝတ်ပြီး ဒါဝတ် ဖြစ်နေပေမဲ့ သူဝတ်တဲ့ မီးခိုးရောင် တီရှပ်လက်တိုက ဒီဇိုင်နာ Brunello Cucinelli ရဲ့ တီရှပ်ဖြစ်တာမို့ ကန်ဒေါ်လာ ၃၅၀ ၀န်းကျင် တန်ပါတယ်။

ဒီတော့ ကျပ်ငွေနဲ့ဆိုရင် လေးသိန်း ခုနစ်သောင်းကျော် ပါတယ်။

သူ့ရဲ့ အ၀တ်အစားနဲ့ ပတ်သက်လို့ ခေါင်းမရှုပ်ရတဲ့မူကို သဘောကျတဲ့အပြင် သူ့ကိုလည်း အားကျလို့ သူ့လို လိုက်ဝတ်ချင်တယ်။

ဒါပေမဲ့ ဈေးကြီးနေတယ်။

ဈေးကြီးလို့ စိတ်မပျက်ပါနဲ့။

သူ့လို ဒါဝတ် လုပ်တာကို အားကျတဲ့သူတွေအတွက် ဈေးသက်သက်သာသာဖြင့် ရနိုင်အောင် စီစဉ်ပေးထားပါတယ်။


“Zuckerberg Shirt” ဆိုပြီး ဆင်ဆင်တူတာကို ထုတ်လုပ်ပြီး ၄၆ ကန်ဒေါ်လာဖြင့် ရောင်းချပေးပါတယ်။

အီတလီမှာ ထုတ်လုပ်ပါတယ်။

ရရှိတဲ့အမြတ်ကို Chan Zuckerberg Initiative ထံ လှူဒါန်းပါတယ်။

အဲဒီ Chan Zuckerberg Initiative ကုမ္ပဏီက ဇပ်ကာဘာ့တို့ လင်မယား ထူထောင်ထားတာ ဖြစ်ပြီး

လူမှုရေးပရဟိတလုပ်ငန်း ဖြစ်ပါတယ်။

အဓိကအားဖြင့် Facebook မှ ရန်ပုံငွေထောက်ပံ့ပေးထားပါတယ်။

Read 5885 times
Rate this item
(2 votes)