What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိတ်တွေကို နှစ်သက်တဲ့ သူတွေအနေနဲ့ အတုယူသင့်တဲ့ Kylie Jenner ရဲ့ အိတ်ဖက်ရှင်တွေ

သင်ဟာ အိတ်ချစ်သူတစ်ယောက် ဆိုရင်တော့ သေချာပေါက် Kylie Jenner ရဲ့ အိတ်ဖက်ရှင်တွေကို အတုယူ ဖို့၊ ကြည့်ထားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Kylie Jenner က အိတ်တွေကို အရမ်း ရူးသွပ် တဲ့ အိတ် သရဲမလေးပါ။reality queen ဖြစ်တဲ့ သူမကတော့ Youtube ဗီဒီယိုတစ်ခုမှာ သူမရဲ့ အခန်းကို ထုတ်ပြ ခဲ့ ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ သူမရဲ့ အိတ်တွေစုဆောင်းထားတဲ့ အခန်းကြီးကို ထုတ်ပြခဲ့ပါတယ်။
အဲ့ဒီအထဲမှာတော့ ပိုက် ဆံရှိရင်တောင်မှ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ တကယ့်ကို ရှားပါးတဲ့ limited edition designs အိတ်တွေကို လဲ တွေ့ရပါ တယ်။Kylie က သူကြိုက်တဲ့ အိတ်လေးတွေကိုလဲ ပရိသတ်တွေကို ပြခဲ့ပါတယ်။အိတ်နဲ့ ပတ်သက်လာရင် ဆရာကျ လွန်း တဲ့ Kylie ရဲ့ အိတ်ဖက်ရှင်တွေကို ပျိုမေတို့ အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

 bag closet min

bad closet min

(1)3.1 Phillip Lim Depeche Goat Hair Bag ($539)

Phillip Lim min

3.1 Phillip Lim ရဲ့ နာမည်ကြီးအိတ်တွေထဲက တစ်ခုပါ။ ဆိတ်မွေးအိတ်လို့သိရပါတယ်။ပေါ့ပါးပြီး တကယ့်ကို လူငယ် ဆန်ပြီးလှပတဲ့ အိတ်လေးပါ။

(2)Balenciaga City Bag ($1,835 )

Balenciaga City Bag min

Balenciaga ဆိုတဲ့ စပိန် Brand ပါ။ဒီအိတ်လေးကတော့ Kylie အရမ်းကြိုက်တဲ့ အိတ်လေးပါ။ခဏခဏ သူမလွယ် တာကို တွေ့ရပါတယ်။အိတ်လေးက အရွယ်အစားလဲ နဲနဲကြီးတာမို့ ပစ္စည်းများများထည့်တတ်တဲ့ ပျိုမေ တို့ အကြိုက် တွေ့မယ့် အိတ်ပုံစံမျိုးပါ။

(3)Balenciaga Baby Daim City Bag ($1,835)

Balenciaga Baby Daim City Bag min

Balenciaga Brand ပါ။မျက်နှာပြင်ကြမ်းသားရေအိတ်လေးပါ။တကယ့်ကို ဒီဇိုင်းလေးက အရမ်းမိုက်ပါတယ်။

(4)Balenciaga Baby Daim Mini City Bag ($1,325)

Balenciaga Baby Daim Mini City Bag min

အိတ်ချစ်သူတွေ သေချာပေါက်အကြိုက်တွေ့မယ့် ပုံစံပါ။အလှလွယ်ချင်ပြီး မိန်းကလေးဆန်တဲ့ အိတ်အလှ လေး ကို ကြိုက် တဲ့ပျိုမေတို့ အကြိုက်တွေ့မယ့် ဒီဇိုင်းမျိုးပါ။

(5)Balenciaga Traveller Backpack ($1,765)

Balenciaga Traveller Backpack min

Balenciaga ကျောပိုးအိတ်လေးပါ။Kylie ကတော့ ကျောပိုးအိတ်ကို လွယ်တာထက် ဘေးလွယ်အိတ်လိုမျိုးပဲ လက်နဲ့ ကိုင်ထား တာများပါတယ်။

(6)Céline Luggage Tote

Céline Luggage Tote min

Céline Brand ပါ။Kylie ကတော့ ဒီအိတ်လေးကို မကြာခဏ အသုံးပြုခဲ့၊ကိုင်ခဲ့ပါတယ်။

(7)Céline Nano Luggage Tote

Céline Nano Luggage Tote min

တူညီတဲ့ဝတ်စုံတစ်ခုတည်းကိုပဲ ပုံစံကွဲပြားအောင် ဝတ်ဆင်တတ်တဲ့ Cambridge မြို့စားကတော် Kate Middleton

(8)Chanel Boy Bag

Chanel Boy Bag min

ဒီလိုအိတ်မျိုးကိုတော့ (Boy Bag )လို့ခေါ်ကြပါတယ်။ဒီလိုအိတ်မျိုးကတော့ ကြိုက်တဲ့ မိန်းကလေးတွေလဲရှိသလို တစ်ချို့က မကြိုက်တာတွေလဲရှိပါတယ်။

(9)Givenchy Antigona Bag($2,435)

Givenchy Antigona Bag min

Business ဆန်တဲ့ စတိုင်မျိုးကို ကြိုက်တဲ့သူဆိုရင်တော့ ဒီလို အိတ်ဒီဇိုင်းလေးက တကယ့်ကို မိုက်ပါတယ်။Kylie ကိုင်ထားကတော့ ပြင်သစ် Brand တစ်ခုဖြစ်တဲ့ Givenchy Brand ပါ။

(10)Givenchy Croc-Embossed Nubuck Antigona Bag

Givenchy Croc Embossed Nubuck Antigona Bag min

Givenchy Brand ပါပဲ။အိတ်ဆိုင်ကို ပြေးချင်အောင်ဆွဲဆောင်နေတဲ့ တကယ့်ကိုမိုက်တဲ့ လန်းတဲ့ အိတ်မျိုးပါ။

(11)Givenchy Mini Pandora Bag($1,150)

Givenchy Mini Pandora Bag min

Givenchy Brand ပါ။

(12)Givenchy Mini Pandora Box Bag($1,995)

Givenchy Mini Pandora Box Bag min

Mini Pandora Box Bag ဒီဇိုင်းလေးကတော့ မြင်လိုက်တာနဲ့ လိုချင်စိတ်ပေါက်သွားစေတဲ့ ဒီဇိုင်းမျိုးလေးပါ။

(13)Hermès Birkin

Hermès Birkin min

အရောင်တောက်တောက်အိတ်မျိုးလေးကို ကြိုက်သူတွေ အတွက်ကတော့ တခါတည်းကြွေသွားမှာသေချာပါတယ်။ အရောင်မှိုင်းတဲ့ အိတ်တွေ အပြင် အခုလို အရောင်တောက်တောက်အိတ်တွေကိုလဲ ရွေးချယ်ပေးသင့်ပါတယ်။ မြင်လိုက်တာနဲ့ တခါတည်း တန်းပြီးပေါ်လွင်စေပါတယ်။

 

Source:aunty may

Read 1269 times
Rate this item
(1 Vote)