အနုပညာလောကထဲသို့ ခြေလှမ်းမှန်မှန်ဖြင့်လျှောက်လှမ်းလာခဲ့သော သရုပ်ဆောင်နန်းဆုဦးကို ဖက်ရှင်အကြောင်းမေးမြန်းထားပါတယ်။
-နန်းဆုတို့အနုပညာရှင်တွေက ဖက်ရှင်နဲ့ဆက်စပ်နေတာဆိုတော့ ဖက်ရှင်အပေါ်ဘယ်လိုမြင်မိလဲ။
ဖက်ရှင်ဆိုတာ လူတယောကအတွက် အရမ်းအရေးပါအရာရောက်တဲ့ ဂဏ္ဍတခုပဲပေါ့။နိုင်ငံခြားမှာဇာတ်ကားတကားရိုက်ရင် star life ဆိုတာတွေရှိတယ်။custume ဒီဇိုင်နာဆိုတာသက်သက်ရှိတယ်။ဘာလို့လဲဆိုတာ့ ဒီဟာတွေက ကာရိုက်တာ တခုဖြစ်ဖို့အတွက် ကိုပံ့ပိုးပေးတဲ့ အရာတွေပါ။ရိုးအေးတဲ့ ကာရိုက်တာတခုမှာဆံပင်ကောက်နေရင် ရိုးအေးချင်မှရိုးအေးတော့မယ်။ အဖြောင့်က ပိုရိုးအေးတဲ့ဘက်ကို သွားတယ်။ စတိုင်ပိုင်းတွေကာရိုက်တာပိုင်းပေါ့။ အရောင်တွေဆိုရင်လဲ နေမကောင်းရင် အရောင်တောက်တောက်တွေမ၀တ်ရဘူး။ဒါကတော့ basic ပေါ့နော်။အဲဒီလိုသိနားလည်တဲ့ star life တို့ တခြားလိုအပ်ချက်တွေကို ဒီဇိုင်နာတွေကစတိုင်ပိုင်းတွေပံ့ပိုးပေးမှကာရိုက်တခုဖြစ်တာပေါ့။ မြန်မာပြည်မှာကဒါမျိုးတွေမရှိတော့ ကိုယ်ကိုယ်တိုင်အားစိုက်ရတယ်။ နန်းဆုတို့ကိုယ်တိုင်ကဖက်ရှင် ပိုင်းကိုပိုလေ့လာထား နားလည်ထားရင် ပိုကောင်းပါတယ်။ကိုယ့်ရဲ့ ကာရိုက်ကိုလည်းပံ့ပိုးမှုဖြစ်စေတယ်လို့ နန်းဆုမြင်ပါတယ်။ ဖက်ရှင်ကသရုပ်ဆောင်တွေအတွက်လည်းအရေးကြီးဂဏ္ဍမှာပါဝင်ပါတယ်။
-နန်းဆုကိုယ်တိုင်က ပြည်ပဖက်ရှင်ဒီဇိုင်းကို ကြိုက်လားပြည်တွင်းကဖက်ရှင်ဒီဇိုင်းတွေကိုရောကြိုက်လား။
နန်းဆုကတော့မင်းသမီးတယောက်ဖြစ်လို့ကာရိုက်တာမျိုးစုံအတွက်တော့ ၀တ်ဖြစ်တယ်။ဒါပေမယ့် နန်းဆုကိုယ်တိုင်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကတော့လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ီးဇိုင်းတွေကိုကြိုက်ပါတယ်။ ထသွားထလာ sweet fashion ဒီဇိုင်းတွေပိုပြီးနှစ်သက်ပါတယ်။
-နန်းဆုကိုယ်တိုင်ရော ဘယ်လိုဖက်ရှင်အရောင်လေးတွေကြိုက်နေလဲ။
နန်းဆုလက်တလောကြိုက်နှစ်သက်နေတဲ့ အရောင်လေးတွေရှိပါတယ်။ အရမ်းတောက်တဲ့ အရောင်ပေါ့။ဥပမာအ၀ါတို့အရောင်အရမ်းတောက်တာတွေဆိုရင် နန်းဆုက feel မလာဘူး။ အရောင်တောက်တာဆိုရင် အနီရောင်တော့ကြိုက်ပါတယ်။အမှန်တော့ နည်းနည်းအဖြူတို့ ၊GREY ဘက်သွားတဲ့ အရောင်တို့ အနက်တို့ကြိုက်ပါတယ်။
-မြန်မာဝတ်စုံလေးတွေ တဖန်ပြန်လည်ဆန်းသစ်ပြီးဝတ်ဆင်လာတဲ့ အပေါ်ဘယ်လိုမြင်လဲ။
မြန်မာဝတ်စုံတွေခေတ်ပြန်စားလာတာကောင်းပါတယ်။ နန်းဆုတို့မြန်မာလူမျိုးမှမဟုတ်ပါဘူး လူတိုင်းမှာဓလေ့ ထုံးထမ်းအစဉ်အလာတွေရှိပါတယ်။ နန်းဆုမြန်မာရိုးရာယဉ်ကျေးမှုဖက်ရှင်ကို Celebrity ဆိုတာ ထင်ပေါ်တဲ့ သူတွေက စံပြအနေနဲ့ ၀တ်ဆင်ပြတယ်။ချစ်ပရိသတ်တွေကအတုယူပြီး လိုက်ဝတ်ဆင်ကြတာလည်း အရမ်းကောင်းပါတယ်။
source :The standard time daily