What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝေဖန်ခံနေရတဲ့ Harry Styles ရဲ့ ဝတ်စားဆင်ယင်မှုများ

Harry Styles ရဲ့ Vogue မဂ္ဂဇင်း ပုံရိပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေက တောက်လျောက် ထွက်ပေါ် လျက် ရှိနေပါတယ်။ Vogue ရဲ့ ဒီဇင်ဘာလထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်ခဲ့တာပါ။

 

Harry Styles ကတော့ Vogue ရဲ့မျက်နှာဖုံးမှာ တစ်ကိုယ်တော် ပါဝင်ခွင့်ရတဲ့ ပထမဆုံး အမျိုးသား Solo Male Cover Star ဖြစ်လာခဲ့ပါတယ်။ မဂ္ဂဇင်းအတွက် ရိုက်တဲ့ ဓါတ်ပုံတွေမှာလည်း အမျိုးသမီးဝတ် Dress ကို ရွေးချယ် ဝတ်ဆင်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဆယ်လီ တချို့က Harry Styles ဘက်ကနေ ရပ်တည်ပေးခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ billboard မှာ ဖော်ပြထားတာပါ။

Image may contain Clothing Apparel Human Person Harry Styles Field Outdoors Grass Plant Nature and Tent

Image may contain Clothing Apparel Dress Evening Dress Fashion Gown Robe Human Person Sleeve Female and Woman

 

Image may contain Harry Styles Clothing Apparel Human Person Vehicle Transportation Bicycle Bike and Coat

Harry Styles ကတော့ အခု နောက်ပိုင်းမှာဆိုရင် အမျိုးသမီး ဝတ်တဲ့ အဝတ်အစားတွေကို မကြာခဏ ရွေးချယ် ဝတ်ဆင်လာတာကို အားလုံးပဲ သတိထားမိကြမှာပါ။ ဒီတစ်ခါ မဂ္ဂဇင်း ဓါတ်ပုံမှာတော့ ဇာပန်းထည်၊ လည်ပင်းအဟိုက် Dress ကို ယုံကြည်မှု ရှိရှိနဲ့ ဝတ်ပြခဲ့ပါတယ်။ Harry Styles ရဲ့ Gender ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အရင်တည်းက မေးခွန်း ထုတ်စရာ တွေ ဖြစ်နေခဲ့တာ ကြပါပြီ။ ဝေဖန်မှုတွေက တစ်ဖက်မှာ မြင့်တက်နေသလို အနုပညာရှင် ဆယ်လီတချို့ကတော့ ယောက်ျားလေးက မိန်းကလေး အဝတ်အစားကို ဝတ်တာဟာ ဝေဖန်စရာ မဟုတ်ဘူး၊ အရင်တုန်းကလည်း အမျိုးသားတွေက စကပ်ဝတ်တာတွေ ရှိခဲ့ဖူးတာပဲဆိုပြီး ခုခံကာကွယ်ပြောဆိုခဲ့ကြပါတယ်။

Image may contain Human Person Outdoors Nature Clothing Apparel Footwear Shoe and Soil

 

အဲ့ဒီအထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော် Sara Bareilles က "ဟယ်ရီက သူမ သိဖူးတဲ့ ယောက်ျားဆန်တဲ့ သူတွေထဲက တစ်ယောက်ပါ.."လို့ ပြောခဲ့ပြီး ရပ်တည်ပေးခဲ့ပါတယ်။ အမေရိကန် မင်းသား Elijah Wood ကတော့ "လူတွေက ယောက်ျားတစ်ယောက်ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည် ဖြစ်နေကြတယ်၊ aယာက်ျား ဆန်ဆန် မနေတာနဲ့ ဒါကို ယောက်ျား မဟုတ်ဘူးလို့ ပြောလို့ မရသလို၊ ယောက်ျား ဆန် ဆန် နေတတ်ရုံ တစ်ခုတည်းနဲ့ လည်း ယောက်ျားလို့ သတ်မှတ်လို့ မရဘူး" လို့ ပြောခဲ့ပါတယ်။

Heaven On Wheels A novel take on the bike chain this glitzy JW Anderson belt is paired with a Wales Bonner knitted...

 

နောက်ထပ် အမေရိကန် မင်းသား Zach Braff က လည်း "ယောက်ျားတိုင်းကို ယောက်ျား ဆန်ဆန်နေဖို့ လိုအပ်တယ်ဆိုပြီး အမြဲ ပြောဆိုကြကြောင်း၊ဘဝက တိုတောင်းတယ်၊ ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်းသာ နေ.. "ဆိုပြီး ပြောခဲ့ပါတယ်။ Music Artist တစ်ယောက် ဖြစ်တဲ့ Luna Shadows ကတော့ "ယောက်ျားတွေလည်း ဟိုးအရင်တည်းက စကပ်ဝတ်လာခဲ့တာပဲ" ဆိုပြီး အမျိုးသားတွေ စကပ် ဝတ်တဲ့ သမိုင်း ကြောင်းကို wiki က အကိုးအကားနဲ့ပါ ဖော်ပြ ပေးပြီး Harry ဘက်ကနေ ရပ်တည်ပေးခဲ့ကြပါတယ်။

Image may contain Harry Styles Clothing Apparel Robe Fashion Human Person Gown and Kimono

 

Harry Styles ကတော့ ဒီလိုမျိုးဝတ်တာ Vogue က ပထမဆုံး မဟုတ်ပါဘူး။ ၂၀၂၀ အစောပိုင်းတုန်းကလည်း Beauty Papers ရဲ့ မျက်နှာဖုံးမှာလည်း ပါဝင်ပေးခဲ့ပြီး အမျိုးသမီးတွေပဲ ဝတ်လေ့ ရှိတဲ့ ပိုက်ကွန် Stocking ကို ဝတ်၊ နှုတ်ခမ်းနီကို ဆိုးပြီး ပုံတွေကို ရိုက်ပေးခဲ့ဖူးပါတယ်။

Image may contain Harry Styles Clothing Apparel Coat Human Person and Overcoat

 

 

Myanmar Textile & Garment Guide

Source:Vogue.com

Read 950 times
Rate this item
(0 votes)