What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်မှုလုပ်ငန်း မြှင့်တင်ရန် မော်ရိုကိုမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုး

ကူးစက်ရောဂါကြောင့် စက်မှုကဏ္ဍကို မြှင့်တင်ရန် မော်ရိုကိုသည် မကြာသေးမီက ဒေါ်လာ ၉၃.၆ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ၁၇ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၎င်းသဘောတူညီချက်ထဲတွင် နားလည်မှုစာချွန်လွှာ (MoUs) လေးခုနှင့် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၄ သန်းနှင့် အထည်အလိပ်နှင့် သားရေကဏ္ဍဆိုင်ရာ သဘောတူညီချက်နှစ်ခုလည်း ပါဝင်တယ်။

 

ထိုစီမံကိန်းများမှာ အလုပ်သစ်များ ဖန်တီးရန်နှင့် ထပ်မံလည်ပတ်ရန် လိုအပ်တယ်လို့ ဆိုတယ်။ ကုန်ပစ္စည်းများအတွက် ထုတ်ကုန်များ ထုတ်လုပ်ရန် အဝတ်အထည်များနှင့် အထည်အလိပ်များ၊ ရက်ကန်း၊ ချည်အစရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများ ရှာဖွေနေလျက် ရှိတယ်။

 

အဆိုပါ သဘောတူညီချက်များကို စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး Moulay Hafid Elalamy လက်အောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှဖော်ပြခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ဒေါ်လာ ၁.၉ သန်း တန်ဖိုးရှိ ပလက်စတစ် ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ ပလပ်စတစ်ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်၊ အီလက်ထရောနစ်ဆိုင်ရာစက်မှုလုပ်ငန်းကဏ္ဍများတွင် သဘောတူညီချက်သုံးခုကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့ပါတယ်။

 

စက်တင်ဘာလတွင် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ အီလက်ထရောနစ်၊ အထည်အလိပ်၊ စားသောက်ကုန်၊ စက်ပြင်နှင့် သတ္တုကဏ္ဍ အပါအဝင် ကဏ္ဍအသီးသီးတွင် ထောက်ပံ့ကြေးပေးသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀၀ စတင်မည်ဟုလည်း ကြေငြာခဲ့ပါသေးတယ်။ ထိုကဲ့သို့ ထောက်ပံ့မှုပေးထားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀၀ သည် ၂၀၂၁ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် စီမံကိန်း ၅၀၀ ကို စတင်ရန်အတွက် ပထမဆုံးအစီအစဉ်တစ်ခုဖြစ်တယ်။

 

ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရန် ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ဒေါ်လာ ၂၁.၄ သန်းထက် ကျော်လွန်သောအရင်းအနှီးကုန်ပစ္စည်းများ၊ ပစ္စည်းများနှင့် ကိရိယာများ၏သွင်းကုန်ခွန်မှ ကင်းလွတ်ခွင့်အပါအဝင်ဘဏ္ဍာရေးအရ အကျိုးအမြတ်များကိုလည်းကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

 

By THO (Myanmar Textile & Garment Guide)

Ref: fibre2fashion.com

Read 607 times
Rate this item
(0 votes)