Site is under maintenance!

What's new



အက်ႌမွာ ထိုးရတဲ့ ပန်း လုပ်နည်း

အင်္ကျီမှာ ထိုးရတဲ့ ပန်း လုပ်နည်း google

ဒီနေ့မှာတော့ အင်္ကျီမှာ ထိုးပေးရတဲ့ ပန်း လုပ်နည်းလေးကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ပုံလေးတွေနဲ့ သေချာပြထားတာမို့ အလွယ်တကူ လိုက်လုပ်လို့ ရမှာပါ။

(၁) လက်မ ၂၀ ခန့် ကြိုးကို ၂ ခေါက် ခေါက်ပြီး ၆ စိပ် ခန့်အကွာတွင် ကြယ်သီးကွင်း ပြုလုပ်ရန် ချည်တုပ်ပါ။

1

 Read: ဖက်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

(၂) ကြိုးရဲ့ နောက်ကျောမှ လိုအပ်သော နေရာကို ပုံပါအတိုင်း ဖောက်ထွက်ပါ။

2

 

(၃) ပထမပွင့်ဖတ်အတွက် လိုချင်သော အရွယ်ကို z ပုံ ခေါက်ပါ။

3

 

(၄) ဒုတိယပွင့်ဖတ်ကို ပထမပွင့်ဖတ်ထက် ၂ စိတ် ပိုပြီး ခေါက်ပါ။

4

 

(၅) တတိယပွင့်ဖတ်ကို ဒုတိယပွင့်ဖတ်ထက် ၃ စိတ် ပိုပြီး ခေါက်ပါ။

5

 

(၆) ထပ်ခေါက်ထားတဲ့ ပွင့်ဖတ် ၃ စုံရဲ့ အလယ်ကို ၃ ကြိမ်ခန့် ချည်ဖြင့် တုပ်ပါ။

6

 

(၇) Colour မတူကြိုးကို ပုံပါအတိုင်း ပူး၍ ချည်တုပ်ပါ။

7

 

(၈) Colour မတူကြိုး ၂ ချောင်းကို ခွေပါ။ အခွေရဲ့ အလယ်မှ အပ်နဖားဖြင့် ချည်၊ ၃ ပတ်ခန့် တုပ်ပါ။

8

 

(၉) ပွင့်ဖတ်အကြီးရဲ့ အတွင်းခြမ်း ၂ ခုကို ပန်းအဖူးလေးနဲ့ ပုံပါအတိုင်း တွဲ၍ ချည်တုပ်ပါ။ ( မလှဘက်ပါ )

9

 

(၁၀) ပန်းအဖူးလေး လှပသွားအောင် ပန်းအဖူးလေးရဲ့ ထိပ်မှာ ၃ ကြိမ်ခန့် ချည်တုပ်ပါ။ တစ်ဖက်မှ ကြိုးစကိုလဲ ပုံပါအတိုင်း ပန်းထိုးပေးပါ။

10

 

(၁၁) အပြီးသတ်မှာတော့ ဒီလိုပုံလေး ရသွားပါပြီရှင်။

12

 

Source: Lâđý Fâšhîøñ

Myanmar Textile and Garment Directory

Read 2616 times
Rate this item
(1 Vote)