What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Basic Skirt Pattern နှစ်​မျိုး

Basic Skirt Pattern နှစ်​မျိုး google

Basic Skirt နှစ်​မျိုးပါ ဒါ​လေးနှစ်​မျိုးရရင်​ ready made skirt မျိုးစုံနဲ့ သုံးလွှာ ​လေးလွှာ ပတ်​ထဘီ ချိတ်​ထဘီ အားလုံးကို လွယ်​ကူစွာချုပ်​နိုင်​မှာပါ။ အားလုံး​လေ့လာနိုင်​​အောင်​ပြ​ပေးလိုက်​ပြီ​နော်။

Skirt တစ်​ထည်​ချုပ်​ဖို့လိုအပ်​တဲ့ကိုယ်​တိုင်း​လေး

ပထမဦးဆုံး ခါးပတ်လည်ကို တိုင်းပါမယ်။ တိုင်းတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အသိမ်ဆုံး ခါးပတ်လည်ကို တိုင်းရမှာပါ။

ဒုတိယအနေနဲ့ကတော့ တင်ပတ်လည်ကို တိုင်းရမှာပါ။ အဲ့လိုတိုင်းတဲ့အခါမှာ အဖွံ့ဆုံး တင်နေရာကို တိုင်းရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတိုင်းရမှာကတော့ ကိုယ်အရှည်ကိုပဲ ဖြစ်ပါတယ်။ အသိမ်ဆုံး ခါးနေရာကနေ ခြေမျက်စိ အထိ တိုင်းပါ။

နောက်​ခြမ်းမှာတစ်​​ဒေါက်​ ​ရှေ့ခြမ်းမှာ တစ်​​ဒေါက်​ တစ်​ထည်​လုံးမှာ ​လေး​ဒေါက်​ပါမဲ့ Basic Pattern​လေးကို မိမိကိုယ်​တိုင်း​လေးထည့်​တွက်​ပါ။

ဥပမာ - ခါးပတ်လည် = 60 cm
တင်ပတ်လည်= 92 cm
ကိုယ်အရှည် = 200 cm

ပုံသေနည်းကတော့ တင်ပတ်လည်ကို ၂ ပေါင်းပြီး ၄နဲ့ စားရမှာ ဖြစ်ပါတယ်။
ဥပမာ - တင်ပတ်လည် = 92 cm ဆိုရင်
92 + 2 = 94 / 4 =23.5 cm ဖြစ်ပါတယ်။

နောက်ခြမ်းတင်ကို တွက်ချင်ရင် ပုံသေနည်းကနေ ရလာတဲ့ ဂဏန်းအရေအတွက်ကို ၁.၅ နဲ့ ပေါင်းရမှာ ဖြစ်ပြီး ရှေ့ခြမ်းတင်ကို တွက်ချင်ရင်တော့ ၁.၅ နှုတ်ရမှာ ဖြစ်ပါတယ်။

ဥပမာ - နောက်ခြမ်းတင် = 23.5 + 1.5 = 25 cm
ရှေ့ခြမ်းတင် = 23.5 - 1.5 = 22 cm

ခါးပတ်လည် = 60 cm ဆိုရင် ခါးပတ်လည်ကို ၄ နဲ့ စားရမှာ ဖြစ်ပါတယ်။
ဥပမာ - 60 / 4 = 15 cm ဖြစ်ပါတယ်။

(a) နောက်ခြမ်းဒေါက်တွက်နည်း
နောက်ခြမ်းတင် - ခါး /4
25 - 15 = 10 cm

ဒေါက်စာနဲ့ နောက်ခြမ်းဘေးရှိတ်စာကို လိုချင်ရင်တော့ နောက်ခြမ်းဒေါက်ကို ၂ နဲ့ စားရမှာ ဖြစ်ပါတယ်။
ဥပမာ - 10 / 2 = 5 cm ရမှာ ဖြစ်ပါတယ်။

(b) ရှေ့ခြမ်းဘေးရှိတ်စာ
ရှေ့ခြမ်းတင် - ခါး / 4
22 - 15 = 7 cm

ဒေါက်စာနဲ့ ရှေ့ခြမ်းဘေးရှိတ်စာကို လိုချင်ရင်တော့ ရှေ့ခြမ်းဒေါက်ထဲက နောက်ခြမ်းဘေးရှိတ်စာကို နှုတ်ရမှာ ဖြစ်ပါတယ်။

ဥပမာ - 7 - 5 = 2 cm ရပါပြီ။

အဆင့်(၁) Pattern စဆွဲမယ်။

1

 

အဆင့်(၂) နောက်​ခြမ်းဆွဲ ပြီးရင်​ ​ရှေ့ခြမ်းဆွဲပါ။

2

 

အဆင့်(၃) ​ဒေါက်​​လေး​တွေထည့်​မယ်။

3

 

အဆင့်(၄) ချုပ်​စာ​လေး​တွေကိုPatternမှာဘဲတစ်​ခါတည်းထည့်​ကြမယ်။

4



နောက်​ခြမ်းမှာဘဲ​ဒေါက်​ပါပြီး​ ရှေ့ခြမ်း​ဒေါက်​မပါတဲ့ Patternအတွက် ​မိမိကိုယ်​တိုင်း​လေး​တွေ ထည့်​တွက်​ကြမယ်။
ဥပမာ - ခါးပတ်လည် = 60 cm
တင်ပတ်လည်= 90 cm
ကိုယ်အရှည် = 100 cm

ပုံသေနည်းကတော့ တင်ပတ်လည်ကို ၂ ပေါင်းပြီး ၄နဲ့ စားရမှာ ဖြစ်ပါတယ်။
ဥပမာ - တင်ပတ်လည် = 90 cm ဆိုရင်
90 + 2 = 92 / 4 =23 cm ဖြစ်ပါတယ်။

နောက်ခြမ်းတင်ကို တွက်ချင်ရင် ပုံသေနည်းကနေ ရလာတဲ့ ဂဏန်းအရေအတွက်ကို ၁.၅ နဲ့ ပေါင်းရမှာ ဖြစ်ပြီး ရှေ့ခြမ်းတင်ကို တွက်ချင်ရင်တော့ ၁.၅ နှုတ်ရမှာ ဖြစ်ပါတယ်။

ဥပမာ - နောက်ခြမ်းတင် = 23 + 1.5 = 24.5 cm
ရှေ့ခြမ်းတင် = 23 - 1.5 = 21.5 cm

ခါးပတ်လည် = 60 cm ဆိုရင် ခါးပတ်လည်ကို ၄ နဲ့ စားရမှာ ဖြစ်ပါတယ်။
ဥပမာ - 60 / 4 = 15 cm ဖြစ်ပါတယ်။

နောက်ခြမ်းဒေါက်တွက်နည်း
နောက်ခြမ်းတင် - ခါး /4
24.5 - 15 = 9.5 cm

ဒေါက်စာနဲ့ ဘေးရှိတ်စာကို လိုချင်ရင်တော့ နောက်ခြမ်းဒေါက်ကို ၃ နဲ့ စားရမှာ ဖြစ်ပါတယ်။
ဥပမာ - 9.5 / 3 = 3.1 cm ရမှာ ဖြစ်ပါတယ်။

ရှေ့ခြမ်းဘေးရှိတ်စာ
ရှေ့ခြမ်းတင် - ခါး / 4
21.5 - 15 = 6.5 cm

နောက်​ခြမ်း ​ရှေ့ခြမ်းဆွဲပီး​ဒေါက်​​လေးထည့်​မယ်။

5

 

ဒေါက်​ကိုစနစ်​တကျယူကြမယ်

(a) main dart နေရာ တင်ပတ်လည် 80 ကျော်ရင် 8 cm မှာ မှတ် 90 ကျော်ရင် 9 cm မှာ မှတ်

(a) ဒေါက်အရှည် ပု- 16 ရှည် - 18 cm

(b) additional dart main dart အဆုံးမှ 3 cm အကွာ

(b) ဒေါက်အရှည် ပု - 14 ရှည် - 16 cm

(b) 1.5 ဘေးချုပ်ရိုးဘက်သို့ စောင်းပါ။

6

Source: Cnk Fashion

 
 

Myanmar Textile and Garment Directory

Read 3298 times
Rate this item
(1 Vote)
Tagged under