What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သတို့သမီးလေးတွေအတွက် ခန္ဓာကိုယ်အချိုးအစားအလိုက် မင်္ဂလာဝတ်စုံရွေးချယ်နည်း

မင်္ဂလာဝတ်စုံဂါဝန်လေးတွေ ဝတ်ချင်တဲ့သတို့သမီးလေးတွေအတွက် မင်္ဂလာအခမ်းအနားမှာ အလှဆုံးသော အဖြူရောင် သတို့သမီးလေး ဖြစ်စေဖို့အတွက် လှပတဲ့ဝတ်စုံလေးကို ကြိုတင်စီစဉ်ထားဖို့ လိုပါပြီနော်။ ဒီဇိုင်းလှပဖို့အတွက် အရင်ဦးစားပေးရွေးချယ်မယ့်အစား မိမိခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မှုရှိတဲ့ ဂါဝန်ပုံစံ ဒီဇိုင်းများကို သိရှိထားဖို့ လိုပါတယ်။

ဝတ်စုံဒီဇိုင်းကဘယ်လောက်ပဲ လှပနေပါစေ၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မှုမရှိဘူးဆိုရင်တော့ မလှပနိုင်တော့ပါဘူးနော်။ ဒါ့ကြောင့် သတို့သမီးများကို အကြံပြုချင်တာကတော့ ပိန်တဲ့သူကလည်း ပိန်တဲ့အလျောက်၊ ဝသူကလည်း ဝတဲ့အလျောက်ကို ကိုယ်နဲ့လိုက်ဖက်တာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဘယ်လိုခန္ဓာကိုယ်အချိုးအစားက ဘယ်လိုဒီဇိုင်းနဲ့လိုက်ဖက်မှုရှိလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ပါတယ်နော်။
(၁) ခန္ဓာကိုယ်အချိုးအစားသေးသူ၊ ပိန်လွန်းသူ

1505892910434
ခန္ဓာကိုယ်အချိုးအစာ သေးသူပိန်တဲ့သူတွေအတွက် မင်္ဂလာဝတ်စုံဒီဇိုင်းကတော့ အပေါ်ပိုင်းကိုFitting ကျပြီး ခါးအောက်ပိုင်းကိုတော့ ခပ်ကားကားပုံစံလေးနဲ့ Pattern အဆန်းလေးများနဲ့ ပုံဖော်ထားတဲ့ ဒီဇိုင်းကို ရွေးချယ်စေ လိုပါတယ်။ ဒီလိုဆိုရင် သင့်ရဲ့သေးသွယ်နေတဲ့ ခန္ဓာကိုယ်အချိုးအစားက ဝတ်စုံနဲ့အတူ ကြည့်ကောာင်းသွားစေ မှာပါနော်။ ရေသူမဝတ်စုံဒီဇိုင်းမျိုးကလည်း ပိန်တဲ့သူတွေအတွက် သင့်တော်တဲ့ဒီဇိုင်းလေးပါပဲ။
(၂) ခန္ဓာကိုယ်အချိုးအစားကြီးသူ၊ ကိတ်သူများ

wed 2
ကိတ်တဲ့မမတွေကလည်း မင်္ဂလာဝတ်စုံလှလှလေးကို ဝတ်ဆင်လို့ရပါတယ်နော်။ ခန္ဓာကိုယ်က သေးသေးသွယ် သွယ်မဟုတ်ဘဲ အနည်းငယ်ဝနေတယ်ဆိုပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ လိုက်ဖက်တဲ့ဒီဇိုင်းလေးတွေ အများကြီး ရှိပါတယ်။ ဂါဝန်အကားလေးနဲ့ လှိုင်းတွန့်၊ အလိပ်လေးတွေနဲ့ ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံလေးကို ရွေးချယ်လိုက်ပါ။
(၃) ရင်အုပ်၊ ပခုံးကျယ်သူများအတွက်

wed 3
ခန္ဓာကိုယ်အချိုးအစားက မပိန်၊ အဝပုံမှန်ဖြစ်ပေမယ့် ပခုံး၊ရင်အုပ်ကျယ်နေတယ်ဆိုရင်တော့ ပုံမှာပြထားတဲ့ ဝတ်စုံဒီဇိုင်းလေးတွေနဲ့ လိုက်ဖက်မှုရှိလှပါတယ်။ ခါးစည်းတဲ့ဝတ်စုံမျိုးကိုတော့ လုံးဝမရွေးချယ်မိဖို့ လိုပါတယ်နော်။
(၄) ခန္ဓာကိုယ်အချိုးအစားမရှိသူ

wed 4
ခန္ဓာကိုယ်ကတစ်ဖြောင့်တည်းဖြစ်နေပြီး အချိုးအစားမပေါ်လွင်တဲ့သူတွေအတွက်တော့ ခါး၊ ရင်ဘတ်၊ တင် စတဲ့နေရာတွေမှာ Pattern လေးနဲ့ ပုံဖော်ထားတဲ့ဝတ်စုံလေးကို ရွေးချယ်ဖို့လိုပါနော်။ ဒါမှ သင့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို သိသာထင်ရှားစေမှာပါ။

source:marry me 

Read 1968 times
Rate this item
(0 votes)