What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလှဆုံးဖြစ်စေမယ့် မီနီစကပ်ဝတ်ဆင်နည်းလေးများ

မီနီစကဒ်လေးက ယောင်းကို ငယ်ရွယ်ပြီး သွက်လက်ပေါ့ပါးတဲ့

အသွင်ကို ဖော်ဆောင်ပေးနိုင်ပါ… ဘယ်လို မီနီစကဒ်မျိုးတွေကို ဘယ်လို ကောက်ကြောင်းပိုင်ရှင်တွေက ဝတ်ဆင် သင့်တာလဲ။ ဘာတွေ နဲ့ တွဲဖက် ဝတ်ဆင်သင့်တာလဲ ဆိုတာကိုတော့ အောက်မှာ ကြည့်လိုက်ရအောင်….

ခါးမြင့် မီနီစကပ်

ခါးမြင့် မီနီစကဒ်တစ်ထည်က ယောင်းခြေတံလေးတွေကို ပိုရှည်သွယ်သယောင် ပုံပေါ်စေတာကြောင့် အရပ် ပိုရှည်သယောင်ယောင် မြင်ရစေပါတယ်… boots ဖိနပ်လေးတွေ နဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ အရမ်း လှပြီး မိန်းခလေးဆန်တဲ့ အသွင်အပြင်ကို ရစေမယ် ဆိုတာ အသေအချာပါပဲ… ဒေါက်မြင့် ဖိနပ် လှလှလေး တစ်ရံ နဲ့ တွဲဖက် ဝတ်ဆင်မယ် ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်..

2017 New Women Suede Fringed Short Skirt Fashion Package Hip Miniskirt High Waist Skirts Womens Plus 300x300

A-line မီနီစကပ်

သစ်တော်သီးပုံစံကောက်ကြောင်းပိုင်ရှင်ယောင်းယောင်းတွေကတော့ A-line မီနီစကဒ်ကို ဝတ်ဆင်သင့်ပါ တယ်… ယောင်းရဲ့ခါးအလှကို ပုံမှန်ထက်ပိုပြီးတော့ ပေါ်လွင်ထင်ရှားစေပါလိမ့်မယ်… turtle neck top (လည်ခေါက်အင်္ကျီ) လေးတွေ နဲ့ တွဲဖက်ဝတ်ဆင်ရင် ယောင်းကောက်ကြောင်းကို ပိုပြီး လှပစေမှာပါ… Sneakers လေး တစ်ရံ နဲ တွဲဖက်ဝတ်ဆင်နိုင်သလို Ankle strap heels လေး တစ်ရံ နဲ့ လည်း တွဲဖက် ဝတ်ဆင်ပေးနိုင်ပါတယ်…

skirt outfits 7

Casual mid length မီနီစကပ်

ထသွားထလာ အတွက် ရိုးရိုးရှင်းရှင်းစကဒ်လှလှလေး တစ်ထည်လောက်လိုတယ် ဆိုရင်တော့ casual mid length မီနီစကဒ်လေး တစ်ထည်ကိုသာ ဝယ်ထားလိုက်ပါနော်… ခပ်လန်းလန်းလေးဝတ်ချင်တယ် ဆိုရင်တော့ off-shoulder top (ပုခုံးပေါ်အင်္ကျီ) လေး တစ်ထည် နဲ့ တွဲဖက်ပြီး ဝတ်ဆင်ပေးနိုင်ပါတယ်နော်… Slip on shoes လေး တစ်ရံ နဲ့ တွဲဖက် ဝတ်ဆင်မယ် ဆိုရင်လည်း အရမ်းကို လိုက်ဖက်နေမှာပါပဲ။

pink pleaded mini skirt outfit

ဂျင်း မီနီစကပ်

ဂျင်း မီနီစကဒ်လှလှလေး တစ်ထည်က ယောင်းကို ပိုငယ်ရွယ် လှသွားစေမယ် ဆိုတာကတော့ တကယ်ကို ငြင်းမရတဲ့အချက်ပါ… ဆောင်းရာသီလို လေအေးလေးတွေ တိုက်နေတဲ့ အချိန်မှာ ဆွယ်တာ အပေါ်ဝတ်လေးတွေ နဲ့ ဝတ်ဆင်ပေးနိုင်သလို နွေရာသီလို ပူပြင်းတဲ့ အချိန်မှာလည်း အရောင်နုနုလွင်လွင် crop top လေးတွေ နဲ့ တွဲဖက် ဝတ်ဆင်နိုင်ပါသေးတယ်… slip on shoes ဒါမှမဟုတ် ankle strap heels လေးတွေ နဲ့ တွဲဖက်ပြီး ဝတ်ဆင်ပေးမယ် ဆိုရင် ယောင်းအလှကို ဆထက်တိုးလှနေစေမယ်ဆိုတာ သေချာပေါက်ပါပဲ…

high waist

ပန်းထိုးထားတဲ့ မီနီစကပ်

ပန်းဒီဇိုင်းလှလှလေးတွေ ပုံဖော်ထားတဲ့ ဂျင်းဘောင်းဘီတွေ ၊ ဖိနပ်တွေ ၊ စကဒ်တွေက ၂၀၁၇ အစောပိုင်းမှာ တော်တော်ကြီး ရေပန်းစားခဲ့ပါတယ်… မိန်းခလေးဆန်တဲ့ အသွင်အပြင်ကို ဆောင်ယူပြီးတော့ ရိုးရိုးရှင်းရှင်း စကဒ်ကိုမကြိုက်ဘူး နည်းနည်းဆန်းတာလေးမှဆိုတဲ့ သူတွေအတွက်တော့ ဒီလို မီနီစကဒ် အမျိုးအစား ကို ရွေးချယ်ပေးချင်ပါတယ်…

floral skirt 2 in 1 mini 2 850x1218

Read 1555 times
Rate this item
(1 Vote)