What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတွေတိုင်းမှာ အခြေခံအားဖြင့် မရှိမဖြစ် လိုအပ်တဲ့ အ၀တ်အစားအကြောင်း

 အမျိုးသမီးတွေတိုင်းမှာ အခြေခံအားဖြင့် မရှိမဖြစ် လိုအပ်တဲ့ အ၀တ်အစားအကြောင်း ရေးပေးပါ့မယ်နော်။

ခုရေးပေးမယ့် အရာလေးတွေက ကိုယ့်အကြိုက်၊ ကိုယ်ဝတ်နေကျ ပုံစံတွေနဲ့ သွေဖယ်မှုလည်း ရှိကောင်းရှိနေနိုင်ပေမယ့် ပျမ်းမျှအားဖြင့် လိုအပ်တာလေးတွေ ရွေးချယ်ပေးထားတာပါ။ ကျွန်မတို့မိန်းမသားတွေဆိုတာက ကိုယ့်စိတ်အခြေအနေကို လိုက်ပြီး အပြောင်းအလဲလေးတွေ ၀တ်ရတာလည်း နှစ်ခြိုက်တတ်ကြတာမို့မိန်းကလေးတိုင်း၊ အမျိုးသမီးတိုင်းမှာ အနည်းဆုံး ရှိသင့်တဲ့ အ၀တ်အစား ဒီဇိုင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။အပေါ်ထပ်ဝတ် ဆွယ်တာသား အပါးစား
ထသွားထလာအတွက် လိုလာတဲ့အခါ၊ ရုပ်ရှင်ရုံသွားတဲ့အခါ၊ ခရီးသွားတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ဆွယ်တာသားခပ်ပါးပါး လေးတွေကတော့ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်ပေါ့။

၂။ပေါ့ပေါ့ပါးပါးဖြစ်မယ့် တီရှပ်လေးတွေ
ထသွားထလာကနေ ပါတီအထိတောင် ဆင်မြန်းနိုင်တဲ့ အမိုက်စား တီရှပ်လေးတွေ၊ tee လေးတွေကလည်း ရှိထားဖို့ လိုအပ်ပါတယ်။ graphic tee လေးတွေ၊ တီရှပ်လေးတွေကို ဘယ်လိုဆင်မြန်းရမယ်ဆိုတာ ရေးပေးဖူးတာ မှတ်မိကြသေးတယ်ဟုတ်။

၃။ပွဲတက်ဂါဝန်များ
တစ်ခါတစ်လေ ငါက ဘယ်မှသွားတာမဟုတ်ဘူး၊ မလိုပါဘူးလို့ ထင်ပြီး ကိုယ်နဲ့လိုက်မယ်ထင်ထားတဲ့ ပွဲတက်ဝတ်စုံ အမိုက်စားလေး မ၀ယ်ပဲ လက်မလွှတ်လိုက်မိပါစေနဲ့။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေအနေနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ပွဲတက်စရာ အခြေအနေ ကြုံရနိုင်ပါတယ်။

၎။skinny ဂျင်း
နေရာတိုင်းဟာ စကတ်တို၊ ဘောင်းဘီတိုလေးတွေနဲ့ သွားလာဖို့ မသင့်တော်တာတွေရှိပါတယ်။ အလုပ်သွားတဲ့အခါဖြစ်ဖြစ်၊ လူကြီးတွေနဲ့ တွေ့ဆုံရမယ့် ပွဲတစ်ခုခုရှိရင်ပဲဖြစ်ဖြစ်၊ ထသွားထလာအတွက်ပါ အဆင်ပြေစေမယ့် ဂျင်းဘောင်းဘီ တစ်ထည်ကတော့ ရှိရမှာပေါ့။ သင့်ခန္ဓာကိုယ်က အရမ်းကြီး မ၀ဘူးဆိုရင်တော့ skinny jeans က လူတိုင်းအတွက် အဆင်ပြေစေပါလိမ့်မယ်။

၅။College Sweatshirt ဒါမှမဟုတ် Hoodie
ရာသီဥတုအပြောင်းအလဲ နည်းနည်းရှိတာနဲ့ ကောက်စွပ်သွားနိုင်မယ့် Hoodie လိုမျိုး၊ ခရီးသွားတဲ့အခါ ထည့်သွားနိုင်တဲ့ Sweatshirt တွေလိုမျိုး လိုရမယ်ရ ဆောင်ထားရမယ့် အရာတွေကိုလည်း မမေ့ထားပါနဲ့။

၆။အသားကပ်ဘောင်းဘီ (သို့) legging
အမျိုးသမီးတွေအတွက် အသားကပ်ဘောင်းဘီတွေကလည်း မရှိမဖြစ်ပါပဲ။ အပြင်သွားတဲ့အခါ မ၀တ်ဖြစ်ရင်တောင် လေ့ကျင့်ခန်းလုပ်တဲ့ အချိန်တွေမှာ ၀တ်ကို ၀တ်ဖြစ်တာမို့ စိတ်မပူပါနဲ့။

၇။ချည်သားဘောင်းဘီ
ပေါ့ပါးပြီး လွတ်လပ်မှုရှိတဲ့ ချည်သားဘောင်းဘီတွေကတော့ အိမ်မှာနေရင်းပဲ ၀တ်ဝတ်၊ ခရီးသွားတဲ့အခါပဲ ထည့်သွားပြီး ၀တ်ဝတ် သင့်အတွက် လန်းဆန်းမှုတွေ ယူဆောင်လာပါလိမ့်မယ်။

Read 1369 times
Rate this item
(0 votes)