What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သိုးမွှေးထည် လျှော်ဖွတ်နည်းများ

သိုးမွှေးထည်ကို လျှော်ဖွတ်ရာတွင် သိုးမွှေးဟာ အပူ၊ ရေနှင့် ထိတွေ့မှုကို ခံစားလွယ်ပါတယ်။

 

အဲဒါကြောင့် သိုးမွှေးထည်ကို လျှော်ပါက အဓိကအနေနဲ့ အဝတ်လျှော်စက်ကို မသုံးတာ အကောင်းဆုံးပါ။ သိုးမွှေးထည်များမှာ နူးညံ့တဲ့အတွက် ရေအေးတွင် ဆပ်ပြာဖြင့်သာ လျှော်ရမှာဖြစ်ပါတယ်။

 

အခြောက်လျှော်ခြင်းသည် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်ပြီး တချို့သိုးမွှေးထည်များမှာ ရေအေးဖြင့် လျှော်ပေးလို့ ရပါတယ်။

 

သိုးမွှေးထည်ကို မကြာခဏလျှော်ဖွတ်ခြင်းမှာ ယင်းသိုးမွှေးထည်ကို သက်တမ်းတိုစေပါတယ်။ လျှော်ဖွတ်နေစဉ်အတွင်း ဘလပ်ဖြင့် ပွတ်တိုက်ခြင်းကိုတော့ အထူး ရှောင်ရှားသင့်ပါတယ်နော်။

 

သိုးမွှေးထည်များကို လျှော်ဖွတ်ရာတွင်လည်း ခြောက်သွေ့စေရန် လိမ်၍ မညှစ်ရပါ။ အခြောက်ခံစက်ဖြင့်လည်း အခြောက်ခံခြင်းတို့ကို မပြုလုပ်သင့်ပါ။

 

သိုးမွှေးထည်ကို မီးပူတိုက်စဉ်အတောအတွင်း မီးပူတိုက်သည့်ခလုတ်တွင် wool အမှတ်အသားတွင် ထား၍ တိုက်သင့်ပါတယ်။

 

By Myanmar Textile & Garment Guide

Read 2070 times
Rate this item
(0 votes)