What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မဝတ်ဖြစ်တော့တဲ့ ဂျင်း (အင်္ကျီ၊ ဘောင်းဘီ) တွေကို ဒီလိုပြောင်းလဲလိုက်ရအောင်

မ၀တ်ဖြစ်တော့တဲ့ ဂျင်းအင်္ကျီတွေ ဂျင်းဘောင်းဘီတွေကို လွှင့်မပစ်ပါနဲ့။

အကောင်းဆုံး ပြန်လည်အသုံးပြုနည်းနဲ့ ဂျင်းသားကို ဘယ်လိုအသုံးပြန်ပြုလို့ရသလဲဆိုတဲ့ စိတ်ကူးအကြံဥာဏ်လေးတွေကို  မျှဝေပေးချင်ပါတယ်။

၁။ ကူရှင်အစွပ် (သို့) ခေါင်းအုံးအစွပ်

ဂျင်းသားကို ကူရှင်အစွပ် (သို့) ခေါင်းအုံးအစွပ်အဖြစ် ပြောင်းသုံးပေးလိုက်ရင် သိပ်ကိုလှပပြီး စွဲဆောင်မှုရှိနေပါလိမ့်မယ်။ ကိုယ့်အသိ အပ်ချုပ်ဆိုင်ကို အမြန်ဆုံး ပြေးလိုက်တော့နော်။

recycled crafts decorative pillows recycling jeans

၂။ ဂျင်းလွယ်အိတ်

ဂျင်းဖက်ရှင်ကတော့ ရှေးယခင်ကတည်းကနေ ဒီကနေ့ထိ ခေတ်စားနေဆဲဖြစ်ပါတယ်။ ဂျင်းကိုလွယ်အိတ်ချုပ်ပြီး ၀တ်တာကလည်း တကယ်ကို ဖက်ရှင်ကျစေပါတယ်။

ae3270486bf25902b24e32b03cb0f654

၃။ စားပွဲခင်း

ဂျင်းပိတ်စကို စားပွဲခင်ပုံစံချုပ်လို့လည်းရပါတယ်။ အမြင်တစ်မျိုးဆန်းစေမှာဖြစ်ပါတယ်။

7eddfc5518a30342749f1fc9a5435cd5

၎။ အစွပ်လုပ်မယ်

ထမင်းချိုင့်တို့ ရေဘူးတို့ကိုထည့်ဖို့ ဂျင်းစကို အခုလို အစွပ်လေးလုပ်လို့ရပါတယ်။

Jeans Covers

၅။ သော့ချိတ်

ဂျင်းသားကို သော့ချိတ်လှလှလေးလုပ်လိုက်ပါ။ ဘယ်မှမှမရှိတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လ် သော့ချိတ်ပေါ့ရှင်။

Create these springy key chains

၆။ ပစ္စည်းထည့်စရာ

စာရေးကိရိယာပစ္စည်းထည့်ဖို့နဲ့ တခြားအလှပြင်ပစ္စည်းလေးတွေထည့်ဖို့ ဒီလိုလည်း သုံးလို့ရပါသေးတယ်။ဒါ့အပြင် သိမ်းရခက်ပြီး ပျောက်လွယ်တဲ့ ပစ္စည်းလေးတွေကို ဒီလိုလေးသိမ်းလိုက်တော့ ပိုအဆင်ပြေတာပေါ့။

117dbab48de056ec1b354dc917266e6b

credit MyStyle Myanmar 

Read 1412 times
Rate this item
(0 votes)