What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘရာစီယာ ဆိုဒ် မှားယွင်းစွာ ဝတ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများ

မိန်းကလေးတွေအနေနဲ့ bra ရွေးချယ်တဲ့အခါမှာ တကယ့်ကို ကိုယ့်အတွက် မှန်ကန်တဲ့ bra မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ဝတ်ဆင်တဲ့အခါ သက်တောင့်သက်သာရှိဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တာမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ တကယ်လို့ မှားယွင်းတဲ့ bra size ကိုသာ ဝတ်ဆင်နေမိမယ်ဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

 

ပခုံး ချိုင့်ဝင်လာမယ်

ကိုယ်ဝတ်ဆင်တဲ့ bra က အရမ်းကို တင်းကျပ်နေတဲ့အခါ ပခုံးပေါ်မှာ ကြိုးရာတွေ ထင်ကျန်ခဲ့တာကို ဖြစ်ဖူးကြမှာပါ။ ဒါက အစပိုင်းမှာတော့ မသိသာပေမယ့် ကိုယ်နဲ့သေးနေတဲ့ bra ကို ထပ်ဝတ်နေအုံးမယ်ဆိုရင်တော့ ပခုံးက တဖြည်းဖြည်းနဲ့ ချိုင့်ဝင်လာမှာဖြစ်ပြီး ဒါက အတော်လေး ဆိုးပါတယ်နော်။

 

အသားအရေ ပွန်းပဲ့လာမယ်

တစ်နေ့လုံး bra တင်းတင်းကျပ်ကျပ်ကြီးကို ဝတ်ဆင်ထားရတဲ့အခါ နေရထိုင်ရ အဆင်မပြေဖြစ်စေတာတော့ အမှန်ပါနော်။ နောက်ပြီး တင်းကျပ်လွန်းတဲ့ bra နဲ့ အသားတွေဟာ ပွတ်တိုက်မိပြီး နီရဲလာတာ၊ အသားတွေပွန်းပြီး ဒဏ်ဖြစ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကိုမှ သတိမထားပဲ ဆက်ဝတ်ဆင်နေမိမယ်ဆိုရင်တော့ ပိုဆိုးတဲ့ အရေပြားမှာ အနာဖြစ်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

 

ရင်သားနာကျင်မှုတွေ ဖြစ်လာမယ်

ကိုယ်နဲ့ အဆင်မပြေတဲ့ bra ကို ဝတ်ဆင်မိတဲ့အခါမှာတော့ ရင်သားတွေ နာကျင်ခြင်းတွေကို ခံစားလာရနိုင်ပါတယ်။ ဒါက ကျန်းမာရေးကို ထိခိုက်စေလို့ မပေါ့လျော့သင့်တဲ့ အချက်ဖြစ်တာကြောင့် မှန်ကန်တဲ့ bra မျိုးကို ပြောင်းဝတ်ဆင်သင့်ပါတယ်။

 

ကျောတွေ နာလာမယ်

အထူးသဖြင့် ကိုယ်နဲ့အရမ်းကို သေးနေတဲ့ bra တွေက သင့်ကို ပိုထိခိုက်စေပါတယ်။ သေးလွန်းတဲ့ bra တွေကို အချိန်ကြာကြာဝတ်ဆင်တဲ့အခါမှာ နံရိုးနဲ့ ပခုံးတွေကို ဖိထားသလို ဖြစ်စေပြီး ကျောနာခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ကိုယ်ဝတ်ဆင်မယ့် bra က ကိုယ့်ရဲ့မှန်ကန်တဲ့ size ၊ ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် bra မျိုးဖြစ်ဖို့ သိပ်ကိုအရေးကြီးပါတယ်နော်...။

 

Myanmar Textile & Garment Guide

Read 809 times
Rate this item
(0 votes)