What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ချုပ်ဝါသနာပါတဲ့သူတိုင်း သိရှိထားသင့်သည့်အရာများ

စက်ချုပ်ဝါသနာပါတဲ့သူတိုင်း သိရှိထားသင့်သည့်အရာများ google

စက်ချုပ်ဝါသနာပါသူတိုင်း သိရှိထားသင့်တဲ့ အချက်တွေကို ဗဟုသုတရစေရန် ရည်ရွယ်၍ မျှဝေပေးခြင်း ဖြစ်ပါတယ်။

ချည်အကြောင်း
စက်ချုပ်မယ်ဆို ၄၀ ချည်၊ ၆၀ ချည်၊ ၈၀ ချည် ဆိုပြီး ရှိပါတယ်။ ၆၀ ကတော့ အသုံးအများဆုံး ဖြစ်ပါတယ်။

ချုပ်ချက်တွေအကြောင်း
ချီဖွန်၊ ဂျော်ဂျက် ကဲ့သို့ အပါးတွေဆို တလက်မကို အပ်ချက် ၁၆ ချက်၊ ၁၈ ချက်၊ အပ်ချက် ၂၀ ကို အပ်နံပါတ် ၉၊ ၁၀ သုံးပြီး ချုပ်ရပါမယ်။

ချုပ်မယ့်အစက ထူတယ်ဆိုရင်တော့ တလက်မကို အပ်ချက် ၁၂၊ ၁၄၊ ၁၆ ထိ အပ်ချက်သုံးပေးရပါမယ်။

ဂျင်းသားလို အထူဆိုရင်တော့ တလက်မကို ၇ ချက်၊ ၈ ချက်၊ ၉ ချက် အကျဲ ချုပ်ရပါမယ်။

သားရေသားကို ချုပ်မယ်ဆို အပ်နံပါတ် ၂၁ နဲ့ တလက်မကို အပ်ချက် ၈ ချက်နဲ့ ချုပ်ရပါမယ်။

လက်ချုပ်
အကြမ်းချုပ်၊ အကြဲချုပ် ယာယီအားဖြင့် သီထားခြင်းကို ခေါ်ပါသည်။ နှစ်လွှာ ထပ်ပြီး ချုပ်ရာတွင် အသုံးပြုပါသညါ။

အပ်စောင်းချုပ်
အင်္ကျီအနား ထမီအနားများ ခေါက်ပြီး အသုံးပြုသည်။

ကြယ်သီးကွင်းပေါက်
ကြယ်သီးကွင်းဖောက်ရာတွင် အနားများ သေသပ်စေရန် ချုပ်သောနည်း ဖြစ်ပါသည်။

အပ်ပြန်ပေါက်
စက်နင်းသကဲ့သို့ အသုံးပြုနိုင်သော လက်ချုပ် ဖြစ်သည်။

နဘေထပ်ချုပ်နည်း
အဝတ်စနှစ်ခုက်ု .5cm စီ အချိုးညီညီ ချိုးပြီး မျက်နှာချင်းဆိုင် ပြန်ထပ်ပြီး ချုပ်ရိုးနှစ်ကြောင်း ချုပ်သည့်နည်း ဖြစ်သည်။

ချုပ်ရိုးပျောက်ချုပ်နည်း
ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ မိန်းမအင်္ကျီ အလှဘက်မှ .5cm တစ်ကြောင်း ချုပ်ပေးရမည်။

ဖုံးကွပ်ဖိကွပ်
ကော်လာများ၊ ရှပ်ကော်လာအင်္ကျီ လည်ပင်းပေါက်အင်္ကျီ အောက်နားများကွဲရာတွင် အသုံးပြုသည်။ ကွပ်မည့်အစနှင့် ချုပ်မည့်အစကို အလှချင်းကပ်ပြီး မလှဘက်မှ ချုပ်ရမည် ပြီးမှ မူလချုပ်ရိုးပျောက်အောင် ဖုံးချုပ်ရမည်။

လုံးကွပ်ပြားကွပ်
လည်ပင်း၊ လက်တိုတွင် ကွပ်စာပြခြင်း ဖြစ်သည်။ လည်ပင်းအဝိုက်တင် အစသားဖြင့် အလှချင်းထပ်ပြီး မလှဘက်မှ ချုပ်ပြီး ကွပ်စာကို ချုပ်ရိုးအတိုင်း အချိုးချပြီးမှ မူလချုပ်ကြောင်းပေါ် ပြန်ချုပ်ခြင်း ဖြစ်သည်။

Myanmar Textile and Garment Directory

Read 4368 times
Rate this item
(1 Vote)
Tagged under