What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဓာတ်ပုံရိုက်တဲ့အခါ အထာကျပြီး မိုက်နေစေဖို့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ

မိန်းကလေးတော်တော်များများ ဓာတ်ပုံရိုက်တဲ့အခါ စတိုင်ကျပြီး ခပ်မိုက်မိုက်ဖြစ်စေတဲ့ ပုံလေးတွေကိုပဲ လိုချင်ကြတဲ့သူတွေမလား။ ဒီလို အထာကျကျနဲ့ ပုံကောင်းကောင်းလေးတွေရရှိစေဖို့ ဖက်ရှင်နဲ့ ပတ်သက်ပြီး နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ အေပၚဝတ္အက်ႌ

bomber jacket min

အေပၚဝတ္အက်ႌေတြဟာ သင့္ကို ဖက္ရွင္က်ၿပီး အမိုက်စားဖြစ်နေမှာပါ။ ဓာတ်ပုံရိုက်တဲ့အခါ ပေါ်လွင်ပြီး ခပ်မိုက်မိုက်ကောင်မလေးအသွင် ဖြစ်စေမှာနော်။

၂။ ခန္ဓာကိုယ်ပေါ်လွင်စေတဲ့အင်္ကျီ

bodycon dress min

ခပ်ပွပွအင်္ကျီတွေထက် သင့်ရဲ့ခန္ဓာကိုယ်ကို ပေါ်လွင်လှပစေမယ့် အင်္ကျီမျိုးကို ရွေးချယ်သင့်ပါတယ်။ ဆွဲဆောင်မှုရှိပြီး စတိုင်ကျစေမှာပါ။

၃။ Jewelry

jewelry min

ဓာတ်ပုံရိုက်တဲ့အခါ Jewelry တွေဝတ်ဆင်ဖို့ မမေ့ပါနဲ့။ သင်ကဘယ်အရာကို ပေါ်လွင်စေချင်တာလဲ.. နားကပ် ဒါမှမဟုတ် ဆွဲကြိုးလား ကိုယ်ဝတ်ချင်တဲ့ အရာပေါ်မူတည်ပြီး တစ်မျိုးတည်းကိုပဲ ရွေးချယ်ပါ။ အများကြီးထက် တစ်နေရာထဲကိုပဲ အလေးပေးဖော်ပြတာက စတိုင်ကျပြီး ပေါ်လွင်စေတယ်။

မိန်းကလေးတိုင်း သိသင့်တဲ့ ဖက်ရှင်အမှား (၆)ခု

၎။ နှုတ်ခမ်းနီ

red lipsticke min

make up ပြင်ဆင်ဖို့ အချိန်မရရင်တောင် နှုတ်ခမ်းနီဆိုးဖို့ မမေ့သင့်ပါဘူး။ နှုတ်ခမ်းနီအနီရောင်က သင့်ရဲ့မျက်နှာကို ပေါ်လွင်စေပြီး ဓာတ်ပုံရိုက်တဲ့အခါ ပေါ်လွင်လှပစေမှာပါ။

၅။ ခါးပတ်

belt min

ခါးပတ်ကြီးကြီးလေးတွေဟာ ပေါ်လွင်လှပပြီး ခါးသေးစေတယ်လို့ ထင်နိုင်ပါတယ်။ အထာကျပြီး တမူထူးခြားနေမှာပါနော်။

၆။ မျက်မှန်

glasses min

မျက်မှန်ကတော့ ဓာတ်ပုံရိုက်တဲ့အခါ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါနော်။ အထာကျကျ ဖြစ်စေမှာ အေသအခာ်ပါပဲ။

 

Author:TDA

Read 11268 times
Rate this item
(1 Vote)