What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျင်းဘောင်းဘီကို စတိုင်ကျကျနဲ့ ကွက်တိဖြစ်အောင် ဘယ်လိုလုပ်မလဲ...

ပျိုမေတွေအားလုံး ဂျင်းဘောင်းဘီ ဝတ်တဲ့အခါ ကိုယ်နဲ့ အံကိုက်ဖြစ်တာကို ရဖို့ မလွယ်ကူပါဘူးနော်..။ တင်ပါးနေရာမှာ အိကျနေလို့ ကြည့်မကောင်းတာ၊ ပေါင်လုံးအကွေးနဲ့ မအပ်မစပ် ဖြစ်နေတာတွေ ရှိစမြဲပါပဲ။

ကွက်တိ အံဝင်ခွင်ကျ ဖြစ်ဖို့ဆိုတာ နတ်ပြည်က လွှတ်ချတဲ့ အပ်နဲ့ လူပြည့်မှာ ထောင်ထားတဲ့အပ် ထိပ်ချင်း ထိဖို့ ခက်ခဲသလိုမျိုး ခဲယဉ်းပါတယ်။ ဒါပေမဲ့ ရောဂါသိရင် ဆေးရှိပါတယ်..။

 

ဂျင်းသားစစ်စစ်တွေဟာ ရေလျှော်ရင် ကျုံ့တယ်။ ဒီတော့ ဂျင်းဘောင်းဘီအကောင်းစား ထုတ်လုပ်တဲ့သူတွေက အသားမကျုံ့အောင် စီမံပြီးမှ ဂျင်းဘောင်းဘီကို ချုပ်လုပ်ပြီး ထုတ်လုပ်လေ့ရှိတယ်။ မချုပ်ခင်ကတည်းက ကြိုကျုံ့ပေးပြီးသား အသားကို သုံးပြီး ချုပ်လုပ်ကြတာ ဖြစ်ပါတယ်။ ကြိုကျုံ့အောင် ရေလျှော်ပြီး အခြောက်ခံပေးတဲ့ နည်းကို ပညာရပ်အခေါ်အဝေါ်ကတော့ Sanforization လို့ ခေါ်ပါတယ်။

 

အဲဒီလို လုပ်မထားတဲ့ ဂျင်းဘောင်းဘီမျိုးကို ရွေးချယ်ဝယ်ယူဖို့ လိုပြီး မိမိခြေထောက် အရွယ်အစားထက် နည်းနည်းလေး ပိုပွနေတာကို ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှ ရေလျှော်ပြီးချိန်မှာ ကျုံ့သွားရင် ကိုယ့်ပေါင်လုံးတွေနဲ့ တင်ပါးတွေနဲ့ အံဝင်ခွင်ကျ ဖြစ်နေမယ်။

 

အဲဒီလို ဂျင်းဘောင်းဘီ အသစ်ကို ဝယ်ပြီးပြီဆိုရင် တစ်ထည်လုံး ကောင်းကောင်း နှစ်မြှုပ်ထားလို့ရမယ့် အရွယ်အစားရှိတဲ့ ဇလုံတစ်လုံးထဲမှာ ရေနွေးနွေးလေး ဖြည့်ထည့်ပြီး ဘောင်းဘီကို ရေထဲ လုံးလုံးလျားလျား မြှုပ်နေအောင် သေသေချာချာ နှစ်ပြီး စိမ်ထားလိုက်ပါ။

 

တစ်ထည်လုံး ရေထဲမြှုပ်နေစေဖို့ အပေါ်ကနေ တစ်ခုခုနဲ့ ဖိပေးထားဖို့ သတိမူပါ။

အနည်းဆုံး တစ်နာရီ ရေစိမ်ထားပါ။ ပြီးရင် မညှစ်ဘဲ အဝတ်တန်းမှာ လှန်းထားလိုက်ပါ။ အတွန့်အကြေ အရာမရှိအောင် မလှန်းခင်မှာ ဂျင်းဘောင်းဘီကို နာနာခါပေးပါ။ လိမ်ညှစ်ရင် အသားကြေရာတွေ ထင်ကျန်နေမှာမို့ မညှစ်ခိုင်းတာ ဖြစ်ပါတယ်။

ရေတွေ တောက်တောက်ကျနေရာမှ ရပ်သွားပြီး စိုထန့်ထန့် ဖြစ်သွားတဲ့အဖြစ်ကို ရောက်တဲ့အထိ စောင့်ပါ။

 

အဝတ်လျှော်စက်မှ အဝတ်ရေခါထုတ်တဲ့အပိုင်းကို သုံးပြီးတော့ ဂျင်းဘောင်းဘီမှ ရေတွေ ဖယ်ရှားမယ် ဆိုရင် လည်း ရပါတယ်။ အဲဒီလို စိုထိုင်းထိုင်း ဖြစ်နေချိန်မှာ အဲဒီ ဂျင်းဘောင်းဘီကို ဝတ်ဆင်ပါ။ လုံးဝခြောက်သွေ့သွားတဲ့အထိ ဝတ်ဆင်ထားပါ။ ဂျင်းသားက တစ်ရေလျှော်လိုက်တဲ့ သဘော ဖြစ်တာကြောင့် ကျုံ့ဝင်သွားမယ်။ ခန္ဓာကိုယ်အောက်ပိုင်းမှ တင်သား၊ ပေါင်လုံး စတာတွေအတိုင်း အံကိုက်ပုံသွင်းပြီးသား တောင့်တောင့်လေး ဖြစ်နေမယ်။

 

မီးပူမတိုက်သေးသရွေ့၊ နောက်တစ်ကြိမ် ရေမလျှော်သေးသရွေ့ တင်သားတွေ၊ ပေါင်လုံးတွေ စတဲ့ ကိုယ်ခန္ဓာအောက်ပိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။ ထူးခြားချက်တစ်ခုက ခြေထောက်လှုပ်ရှားမှုတွေမှာ ဂျင်းဘောင်းဘီက အံဝင်ခွင်ကျ မဖြစ်လို့ တုပ်နေတာမျိုး လုံး၀ မပပျောက်ရင်တောင် အတော်နည်းပါးနေပါလိမ့်မယ်။ မိမိအတွက် တိုင်းပြီး ချုပ်ပေးထားသလား ထင်မှတ်မှားမိစေမှာပါနော်...။

 

Myanmar Textile & Garment Guide

Read 1349 times
Rate this item
(0 votes)