What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သီရိလကၤာ အထည္ခ်ဳပ္က႑အေၾကာင္း ၁၃ ခ်က္ သီရိလင်္ကာ အထည်ချုပ်ကဏ္ဍအကြောင်း ၁၃ ချက်

Uni+Zaw ကျွန်းနိုင်ငံတစ်ခုဖြစ်သော သီရိလင်္ကာနိုင်ငံတွင် အဝတ်အစားလုပ်ငန် စတင်ခဲ့သည်မှာ ၁၉၆ဝ ခုနှစ်နောက်ပိုင်းတွင် ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွက် အထည်အလိပ်နှင့် အဝတ်အစားများ ဖြည့်ဆည်းရန် ရည်ရွယ်သည်။ လုပ်ငန်းကဏ္ဍတစ်ခုလုံးကို အစိုးရက ကာကွယ်ပေးထားသဖြင့် ၁၉၇ဝ ခုနှစ်နောက်ပိုင်းတွင် ကြီးထွားမှု အချို့ ရှိခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အစိုးရက လွတ်လပ်စွာလုပ်ကိုင်ခွင့် ပေးလိုက်ပြီးသည့်နောက်တွင် တိုင်းပြည်စီးပွားရေး၏ အဓိကမောင်းနှင်အားတစ်ခု ဖြစ်လာခဲ့သည်။

၁။သီရိလင်္ကာ အဝတ်အစားလုပ်ငန်းကဏ္ဍသည် ဆွဲဆောင်မှု အတော်ကောင်းနေရသည်မှာ လုပ်သားခသက်သာခြင်းအပြင် ဝယ်လက်နိုင်ငံများသို့ ရေကြောင်းခရီးဖြင့် တင်ပို့သည့်အခါ အရှေ့တောင်အာရှနိုင်ငံများထက် ခရီးပိုနီးနေသည်။ ထိုအားသာချက်ကို အစိုးရ၏ ရင်းနှီးမြှုပ်နှံနမှု ကော်မတီမှ မက်လုံးများဖြင့် အားဖြည့်တင်းပေးထားသည်။ ၁၉၉၂ ခုနှစ်တွင် တိုင်းပြည်အတွက် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးသောကဏ္ဍဖြစ်လာခဲ့သည်မှာ ယခုအထိ ဖြစ်သည်။

၂။ ၂ဝ၁၁ ခုနှစ်တွင် စုစုပေါင်း ပြည်ပတင်ပို့မှု ဝင်ငွေ ကန်ဒေါ်လာ ၄၂. ဘီလျံ ရှိသည်။၎င်းပမာဏသည် တိုင်းပြည်၏ စုစုပေါင်း ပြည်ပတင်ပို့မှု ဝင်ငွေ၏ ၃၉.၆% ရှိသည်။ (Board of Investment)

၃။ အဝတ်အစားလုပ်ငန်းကဏ္ဍကို အဝတ်အစား ထုတ်လုပ်သူများက ကြီးစိုးထားသည်။၎င်းတို့၏ ထုတ်လုပ်မှုတန်ဖို်းသည် အထည်အလိပ်နှင့် အဝတ်အစားလုပ်ငန်းကဏ္ဍ၏ ၉ဝ%အထိ ရှိသည်။ (Board of Investment)

၄။ ၂ဝ၁၁ ခုနှစ်တွင် အဝတ်အစားကဏ္ဍသည် အလုပ်အကိုင်ပေါင်း ၂၈ သိန်းကျော် ဖန်တီးပေးထားသည်။ သွယ်ဝိုက်သောအားဖြင့် သောင်းချီသော အလုပ်အကိုင်များကို အထောက်အပံ့ ဖြစ်ပေးနေသည်။ (Board of Investment)

၅။ ၂ဝ၁၆ ခုနှစ်တွင် အဝတ်အစားပြည်ပတင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၄.၈ ဘီလျံ ရှိသည်။(International Trade Administration)

၆။ အဝတ်အစားလုပ်ငန်းကဏ္ဍမှ သွယ်ဝိုက်သောအားဖြင့် အထောက်အကူ ပြုပေးထားသော အလုပ်အကိုင် ၆ သိန်းအထိ ရှိနပြေီး အများစုမှာ အမျိုးသမီးများက လုပ်ကိုင်လျက် ရှိသည်။(Textile Today)

၇။ ယခုအခါ သီရိလင်္ကာ အဝတ်အထည်လုပ်ငန်းသည် ကမ္ဘာဈေးကွက်ဝေစု ၁.၂% ရှိသည်။ Top 10 စာရင်း မဝင်သေးချေ။ ၂ဝ၂ဝ ခုနှစ်တွင် Top 10 စာရင်းဝင်ရန် ရည်မှန်းချက် ချမှတ်ထားသည်။ (Textile Today)

၈။ အဓိကတင်ပို့နေသည့် ဈေးကွက်ကြီး ၄ ခုမှာ အမေရိကသည် ထိပ်ဆုံးမှာ ရှိနပြေီး တန်ဖိုးပမာဏ ကန်ဒေါ်လာ ၂.၁ ဘီလျံ ရှိသည်။ ဒုတိယမှာ ယူကေ ဖြစ်ပြီး ကန်ဒေါ်လာ ၈၂၆ သန်းဖိုး တင်ပို့သည်။ အီတလီသို့ ကန်ဒေါ်လာ ၃၄၉ သန်းဖိုးနှင့် ဘယ်လဂျီယံသို့ ကန်ဒေါ်လာ ၂ဝ၄ သန်းဖိုး တင်ပို့သည်။ (Textile Today)

၉။ အထည်ချုပ်လုပ်ငန်းကဏ္ဍ ကြီးထွားလာသည်ကို ပြည်တွင်းမှ ထုတ်လုပ်သည့် အထည်အလိပ်တို့က ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိ။ ပြည်ပမှ တင်သွင်းရသည့် တန်ဖိုးပမာဏက ပြည်တွင်းမှ ထုတ်လုပ်သည့် တန်ဖိုးပမာဏထက် ပိုများသည်။ အဓိကအားဖြင့် တရုတ်နှင့် အိနိယတို့မှ တင်သွင်းသည်။ (Textile Today)

၁ဝ။ PPP (Public Private Partnership) အခြေခံသော ရွာကြီး ၁၅ ရွာ ထူထောင်ကာ အထည်ချုပ်ပြည်ပပို့ကုန် ထုတ်လုပ်သွားမည်။ (Lakshman Kadirgamar Institute)

၁၁။ အထည်ချုပ်စက်ရုံများတွင် ၆၅% သည် ပင်လယ်ဆိပ်ကမ်းနှင့် နိုင်ငံတကာလေဆိပ်ရှိသည့် ကိုလံဘိုမြို့တစ်ဝိုက်တွင် အုံခဲနေသည်။ ကျန်သည်တို့သည် ကျေးလက်ဒေသတွင် တည်ရှိသည်။ (The Island)

၁၂။ Board of Investment မှ Tax holidays ပေးသည်မှာ နှစ်ပေါင်း ၂ဝ အထိ သက်တမ်းရှိသည်။ ထိုနောက်ပိုင်းတွင် အခွန်လျော့ပေါ့မှုကို ရယူနိုင်ရန် စီစဉ်ထားသည်။ (The Island)

၁၃။ Abercrombie and Fitch, Liz Claiborne, and Ralph Lauren တို့အတွက် ထုတ်လုပ်ပေးနေသည်မှာ အကြာဆုံးသည် ၁ဝ နှစ်အထိ ရှိနပြေီ ဖြစ်သည်။(The Island)

 

Zawgyi version

သီရိလကၤာ အထည္ခ်ဳပ္က႑အေၾကာင္း ၁၃ ခ်က္

ကၽြန္းႏုိင္ငံတစ္ခုျဖစ္ေသာ သီရိလကၤာႏုိင္ငံတြင္ အဝတ္အစားလုပ္ငန္ စတင္ခဲ့သည္မွာ ၁၉၆ဝ ခုႏွစ္ေနာက္ပုိင္းတြင္ ျဖစ္သည္။ ျပည္တြင္းေဈးကြက္အတြက္ အထည္အလိပ္ႏွင့္ အဝတ္အစားမ်ား ျဖည့္ဆည္းရန္ ရည္ရြယ္သည္။ လုပ္ငန္းက႑တစ္ခုလုံးကုိ အစုိးရက ကာကြယ္ေပးထားသျဖင့္ ၁၉၇ဝ ခုႏွစ္ေနာက္ပုိင္းတြင္ ႀကီးထြားမႈ အခ်ဳိ႕ ရွိခဲ့သည္။ ၁၉၇၇ ခုႏွစ္တြင္ အစုိးရက လြတ္လပ္စြာလုပ္ကုိင္ခြင့္ ေပးလုိက္ၿပီးသည့္ေနာက္တြင္ တုိင္းျပည္စီးပြားေရး၏ အဓိကေမာင္းႏွင္အားတစ္ခု ျဖစ္လာခဲ့သည္။

၁ ။သီရိလကၤာ အဝတ္အစားလုပ္ငန္းက႑သည္ ဆြဲေဆာင္မႈ အေတာ္ေကာင္းေနရသည္မွာ လုပ္သားခသက္သာျခင္းအျပင္ ဝယ္လက္ႏုိင္ငံမ်ားသုိ႔ ေရေၾကာင္းခရီးျဖင့္ တင္ပုိ႔သည့္အခါ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားထက္ ခရီးပုိနီးေနသည္။ ထုိအားသာခ်က္ကုိ အစုိးရ၏ ရင္းႏွီးျမႇုပ္ႏွံနမႈ ေကာ္မတီမွ မက္လုံးမ်ားျဖင့္ အားျဖည့္တင္းေပးထားသည္။ ၁၉၉၂ ခုႏွစ္တြင္ တုိင္းျပည္အတြက္ ႏုိင္ငံျခားေငြ အမ်ားဆုံး ရွာေဖြေပးေသာက႑ျဖစ္လာခဲ့သည္မွာ ယခုအထိ ျဖစ္သည္။

၂။ ၂ဝ၁၁ ခုႏွစ္တြင္ စုစုေပါင္း ျပည္ပတင္ပုိ႔မႈ ဝင္ေငြ ကန္ေဒၚလာ ၄၂. ဘီလ်ံ ရွိသည္။ ၎ပမာဏသည္ တုိင္းျပည္၏ စုစုေပါင္း ျပည္ပတင္ပုိ႔မႈ ဝင္ေငြ၏ ၃၉.၆% ရွိသည္။ (Board of Investment)

၃။ အဝတ္အစားလုပ္ငန္းက႑ကုိ အဝတ္အစား ထုတ္လုပ္သူမ်ားက ႀကီးစုိးထားသည္။ ၎တုိ႔၏ ထုတ္လုပ္မႈတန္ဖုိ္းသည္ အထည္အလိပ္ႏွင့္ အဝတ္အစားလုပ္ငန္းက႑၏ ၉ဝ%အထိ ရွိသည္။ (Board of Investment)

၄။ ၂ဝ၁၁ ခုႏွစ္တြင္ အဝတ္အစားက႑သည္ အလုပ္အကုိင္ေပါင္း ၂၈ သိန္းေက်ာ္ ဖန္တီးေပးထားသည္။ သြယ္ဝုိက္ေသာအားျဖင့္ ေသာင္းခ်ီေသာ အလုပ္အကုိင္မ်ားကုိ အေထာက္အပံ့ ျဖစ္ေပးေနသည္။ (Board of Investment)

၅။ ၂ဝ၁၆ ခုႏွစ္တြင္ အဝတ္အစားျပည္ပတင္ပုိ႔မႈတန္ဖုိး ကန္ေဒၚလာ ၄.၈ ဘီလ်ံ ရွိသည္။(International Trade Administration)

၆။ အဝတ္အစားလုပ္ငန္းက႑မွ သြယ္ဝုိက္ေသာအားျဖင့္ အေထာက္အကူ ျပဳေပးထားေသာ အလုပ္အကုိင္ ၆ သိန္းအထိ ရွိေနၿပီး အမ်ားစုမွာ အမ်ဳိးသမီးမ်ားက လုပ္ကုိင္လ်က္ ရွိသည္။(Textile Today)

၇။ ယခုအခါ သီရိလကၤာ အဝတ္အထည္လုပ္ငန္းသည္ ကမၻာေဈးကြက္ေဝစု ၁.၂% ရွိသည္။ Top 10 စာရင္း မဝင္ေသးေခ်။ ၂ဝ၂ဝ ခုႏွစ္တြင္ Top 10 စာရင္းဝင္ရန္ ရည္မွန္းခ်က္ ခ်မွတ္ထားသည္။ (Textile Today)

၈။ အဓိကတင္ပု႔ိေနသည့္ ေဈးကြက္ႀကီး ၄ ခုမွာ အေမရိကသည္ ထိပ္ဆုံးမွာ ရွိေနၿပီး တန္ဖုိးပမာဏ ကန္ေဒၚလာ ၂.၁ ဘီလ်ံ ရွိသည္။ ဒုတိယမွာ ယူေက ျဖစ္ၿပီး ကန္ေဒၚလာ ၈၂၆ သန္းဖုိး တင္ပုိ႔သည္။ အီတလီသုိ႔ ကန္ေဒၚလာ ၃၄၉ သန္းဖုိးႏွင့္ ဘယ္လဂ်ီယံသုိ႔ ကန္ေဒၚလာ ၂ဝ၄ သန္းဖုိး တင္ပုိ႔သည္။ (Textile Today)

၉။ အထည္ခ်ဳပ္လုပ္ငန္းက႑ ႀကီးထြားလာသည္ကုိ ျပည္တြင္းမွ ထုတ္လုပ္သည့္ အထည္အလိပ္တုိ႔က ျပည့္ျပည့္ဝဝ ျဖည့္ဆည္းေပးႏုိင္ျခင္း မရွိ။ ျပည္ပမွ တင္သြင္းရသည့္ တန္ဖုိးပမာဏက ျပည္တြင္းမွ ထုတ္လုပ္သည့္ တန္ဖုိးပမာဏထက္ ပုိမ်ားသည္။ အဓိကအားျဖင့္ တ႐ုတ္ႏွင့္ အိႏိယတုိ႔မွ တင္သြင္းသည္။ (Textile Today)

၁ဝ။ PPP (Public Private Partnership) အေျခခံေသာ ရြာႀကီး ၁၅ ရြာ ထူေထာင္ကာ အထည္ခ်ဳပ္ျပည္ပပုိ႔ကုန္ ထုတ္လုပ္သြားမည္။ (Lakshman Kadirgamar Institute)

၁၁။ အထည္ခ်ဳပ္စက္႐ုံမ်ားတြင္ ၆၅% သည္ ပင္လယ္ဆိပ္ကမ္းႏွင့္ ႏုိင္ငံတကာေလဆိပ္ရွိသည့္ ကုိလံဘုိၿမိဳ႕တစ္ဝုိက္တြင္ အုံခဲေနသည္။ က်န္သည္တုိ႔သည္ ေက်းလက္ေဒသတြင္ တည္ရွိသည္။ (The Island)

၁၂။ Board of Investment မွ Tax holidays ေပးသည္မွာ ႏွစ္ေပါင္း ၂ဝ အထိ သက္တမ္းရွိသည္။ ထုိေနာက္ပုိင္းတြင္ အခြန္ေလ်ာ့ေပါ့မႈကုိ ရယူႏုိင္ရန္ စီစဥ္ထားသည္။ (The Island)

၁၃။ Abercrombie and Fitch, Liz Claiborne, and Ralph Lauren တုိ႔အတြက္ ထုတ္လုပ္ေပးေနသည္မွာ အၾကာဆုံးသည္ ၁ဝ ႏွစ္အထိ ရွိေနၿပီ ျဖစ္သည္။(The Island)

 

 

Read 1602 times
Rate this item
(0 votes)