What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံပိတ်ထားသည့်ရက်တွင် ခရီးဝေးသွားရောက်ခြင်းရှိပါက Quarantine ဝင်ပြီးမှ အလုပ်ဆင်းခွင့်ပြုမည်

ဧရာဝတီတိုင်းဒေသကြီး အတွင်းဖွင့်လှစ်ထားသော အထည်ချုပ် စက်ရုံ(၁၂)ရုံကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ယာယီပိတ်သိမ်းရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ယနေ့ စက်တင်ဘာ ၂၄ ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ယင်းကဲ့ သို့ စက်ရုံယာယီပိတ်ထားသည့်ကာလအတွင်း အလုပ်သမားများအနေဖြင့် ရပ်ဝေးခရီးထွက်ခွာခြင်းများ ဇာတိရပ်ရွာသို့ပြန်ခြင်းများရှိပါက စက်ရုံပြန်ဖွင့်သည့်နေ့တွင် အလုပ်ဝင်ခွင့်ပြုမည်မဟုတ်ဘဲ Quarantine နေထိုင်ပြီးမှသာအလုပ်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါတယ်။

 

"စက်ရုံကတော့ စက်တင်ဘာ(၂၄)ရက်က စပိတ်ပြီ ။ ၁၀လပိုင်း ၈ ရက်နေ့အလုပ်ပြန်ဆင်းရမယ်။လုပ်ခလစာနဲ့ပတ်သက်ပြီး အလုပ်ရှင်ကတော့ဘာမှမပြောဘူး။ဒီရောဂါကို ကြောက်ကြောက်နဲ့အလုပ်ဆင်းရတာထက်ပိတ်ပေးတာကျေးဇူးတင်ရမှာပါ"ဟု He Shan စက်ရုံအလုပ်သမားသမဂ္ဂဥက္က မမူကပြောပါတယ်။

 

ပုသိမ်စက်မှုဇုန်အတွင်းရှိ He Shan နှင့်Dong Long အထည်ချုပ်စက်ရုံများမှ စက်ရုံအလုပ်သမား ၄ ဦးတွင် Covid-19ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံ ၁၂ရုံတွင် မူလအလုပ်သမားအင်အား ၁၃၀၄၁ဦးရှိသည့်အနက် စက်တင်ဘာ၂၁ စီစစ်ချက်အရ စက်ရုံအလုပ်သမား စုစုပေါင်း ၆၇၉၅ ဦးသာလုပ်ငန်းခွင်ဝင်ရောက်ကြောင်းတွေ့ရှိရပြီး ရောဂါကူစက်မှုထပ်မံမဖြစ်ပေါ်စေရေးနှင့်ရောဂါထိန်းချုပ်နိုင်ရေးအတွက် စက်ရုံများကိုယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

"အလုပ်သမားတွေညီညွတ်တော့ယန္တရား ရပ်တော့ လုပ်ရတော့တာပေါ့။ တိုင်းဒေသကြီးအစိုးရအဖွဲ့ထုတ်ပြန်ချက်ထဲမှာလည်းတွေ့ရပါတယ်။ စက်ရုံ ၁၂ရုံအလုပ်သမား တစ်သောင်းသုံးထောင်ကျော်ရှိတာ ခြောက်ထောင်ကျော်ပဲလာတယ်ဆိုတော့ ဒါဟာအလုပ်သမားတွေရဲ့ကျန်းမာရေးအသိစိတ်မြင့်မားမှုကိုဖော်ပြလိုက်ပြီး သူတို့ကိုတိုင်အလုပ်မလာလိုက်ခြင်းဖြင့် စက်ရုံတွေရဲ့ ယန္တရားတွေထိခိုက်သွာတယ်ဆိုတာတွေ့မြင်ရတယ်။ဒါကြောင့်မိုလို့အစိုးရအနေနဲ့မဖြစ်မနေအထည်ချုပ်စက်ရုံတွေကိုပိတ်လိုက်ရတယ်လို့သုံးသပ်ပါတယ်"ဟု ဧရာဝတီတိုင်း အခြေစိုက် အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ရဲ့ အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ပြော ပါတယ် ။

#MyanmarLabourNews

Read 674 times
Rate this item
(0 votes)