What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ရက်လျှင် ကျပ် ၁၈ဝဝ ထောက်ပံ့မည့် အခမဲ့အထည်ချုပ် သင်တန်း အား လစဉ်တက်ရောက်နိုင်

အခမဲ့ အထည်ချုပ်သင်ပေးသည့်အပြင် တစ်ရက်လျှင် ကျပ် ၁၈ဝဝ ပါ ထောက်ပံ့ပေးသည့် သင်တန်းအား ကျား၊ မ မရွေး လစဉ်တိုင်းတက်ရောက်နိုင်ပြီဖြစ်ကြောင်း အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်းမှ မန် နေဂျာ ဒေါ်နှင်းဖြူဖြူအေးက ပြောသည်။


-
အဆိုပါ အခမဲ့သင်တန်းအား ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် သင်တန်းကာလအား ၂ လ
တစ်ကြိမ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်သင်တန်းတက်ရောက်
လိုသူများ အနေဖြင့် အဆင်ပြေစေရန်အတွက် လစဉ် ပြောင်းလဲဖွင့်လှစ်
ခဲ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
-
အခုလက်ရှိကတော့ လစဉ်အတန်းခွဲပုံစံတွေအဖြစ်ပြောင်းဖွင့်လိုက်
တာ ပေါ့နော်။ ကျွန်မတို့ ပရောဂျက်ကာလ ၂၂ လအတွင်းမှာ ပထမ
တော့ ၂ လတစ်ကြိမ်ပုံစံနဲ့ ဖွင့်ခဲ့တာပေါ့။ အခုကအဲ့ဒီလို မဟုတ်တော့
ဘဲနဲ့ ကျွန်မတို့က လတိုင်းဖွင့်ပေးသွားမှာပါ။ တက်တာကတော့ ၂ လ တက်ရမှာပါ။ အခုက တက်ချင်တဲ့သူတွေက သင်တန်း ဖွင့်ပြီးတော့
မကြာဘူး ရောက်လာကြတော့ ၂ လတောင်စောင့်ရတာလေ။ ဒါကြောင့် အဲ့ဒီလိုမဖြစ်ရအောင် သင်တန်းတက်ချင်တဲ့သူတွေ အဆင်ပြေအောင် အခုလိုလတိုင်းဖွင့်ပေးလိုက်တာပါ”ဟု ဒေါ်နှင်းဖြူဖြူအေးက ပြောသည်။
-
သင်တန်းတက်ရောက်သူများအား အထည်ချုပ်ပညာသင်ကြားပေးခြင်း၊ တစ်ရက်လျှင် ကျပ် ၁၈ဝဝ ထောက်ပံ့ ပေးခြင်း၊ နေ့လည်စာ ထမင်း
ကျွေးခြင်းအပြင် နယ်မှ လာရောက်သူများကိုလည်း နေထိုင်ရေးအဆင်
ပြေစေရန် အတွက် ဈေးနှုန်းချိုသာသည့် အဆောင်များနှင့် ချိတ်ဆက်
ပေးထားကြောင်း သိရသည်။
-
အဆိုပါ အခမဲ့သင်တန်းမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ် ထားခြင်းဖြစ်ပြီး အထည်
ချုပ်လုပ်ခြင်း၊ ဖြတ်ညှပ်ခြင်း၊ အချောသပ်ခြင်းနှင့် အခြား အထည်
ချုပ်ဆိုင်ရာကျွမ်းကျင် မှုသင်တန်းများကို တိုင်းနှင့်ပြည်နယ်များမှ အသက် ၁၈ နှစ်အထက် လုပ်ငန်းအတွေ့အကြုံ လုံးဝမရှိသူများ၊ ကျွမ်းကျင်ဝန်ထမ်း မဖြစ်သေးသူများအား ကျား/မ ခွဲခြားခြင်းမရှိဘဲ လက်ခံသင်ကြားနေခြင်းဖြစ်သည်။
-
သင်တန်းကာလ ၂ လပြီးဆုံးပါက အထည်ချုပ်စက်ရုံများတွင် လက်
တွေ့လုပ်ငန်းခွင် အနည်းဆုံး ၄ လ ထပ်မံ တက်ရောက်ရမည်ဖြစ်
ကာ စုစုပေါင်း ၆ လ သင်တန်း ဖြစ်ပြီး လက်တွေ့လုပ်ငန်းခွင် ၄လ ဆင်းပါကသင်တန်း သားများအား အခြေခံလစာ ပေးသွား
မည်ဖြစ်သည်။
-
အခမဲ့အထည်ချုပ်သင်တန်းကို ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် ၄၃ ရပ်ကွက်၊ ပင်လုံခန်းမ၊ အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်တန်းတက် ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉ - ၄၂၅ ၈၄၇ ၈၂၁ သို့ တနင်္လာမှ သောကြာနေ့ထိ၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
-
အဆိုပါ သင်တန်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဝန်ကြီးဌာန၊ ပျိုးပင် ပရိုဂရမ်၊ CARE Myanmar၊ Business King Myanmar၊ My Jobs နှင့် Legal Clinic Myanmar တို့မှ ပူးပေါင်း
ဆောင် ရွက်ခြင်းဖြစ်ပြီး သက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံ
ရေးရံပုံငွေ (livelihoods and Food Security Trust(LIFT) မှ ရံပုံငွေ ကူညီထောက်ပံ့ ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

source:mizzima

Read 918 times
Rate this item
(0 votes)