What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကြောင့် အလုပ်အကိုင် ရရှိ

မိတ္ထီလာမြို့နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့်

အသက်မွေးပညာသင်တန်း ကျောင်း၌ အချိန်ရင်းနှီးမြှုပ်နှံ၍ ပညာသင်ယူခြင်းဖြင့် ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလျှက်ရှိကြောင်း သိရပါတယ်။

ရက်ကန်းပညာလာရောက်သင်ယူသူအများစုမှာ ကျေးလက်နေလူငယ်များ ဖြစ်ပြီး ပညာသင်ကြားသူများက ၆ လ၊ ၁ နှစ် အချိန်ပေးရပြီး ရက်ကန်းနှင့်ပတ်သက်သည့် လက်ရက်ကန်း၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင် ပညာ၊ စက်မောင်းစက်ပြင်ပညာတွေကိုလည်း သင်ကြားပေးကြောင်း သိရပါတယ်။

သင်တန်းတက်ရောက်နေဆဲအတွင်း ၀မ်းတွင်း၊ မိတ္ထီလာ၊ အမရပူရ၊ မန္တလေးမြို့တွေမှာရှိတဲ့ ရက်ကန်း လုပ်ငန်းရှင်တွေက သူတို့ပိုင်အလုပ်ရုံတွင် အလုပ်လာလုပ်ဖို့ ကြိုတင်ပြီးလူခေါ်ထားတာမျိုးလည်းရှိကြောင်း သိရတယ်။

ရက်ကန်းလုပ်သူကလည်း ယနေ့ခေတ်တွင် အရင်ကထက်ပိုရှားလာတာကို တွေ့မြင်နိုင်ပါတယ်။ မိတ္ထီလာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးသော စက်မောင်းစက်ပြင် သင်တန်းတွင် သင်တန်းသား ၁၀ ဦး၊ လက်ရက်ကန်း ၆လ သင်တန်းတွင် သင်တန်းသား ၁၀ ဦး၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်တစ်နှစ်သင်တန်းတွင် သင်တန်းသား ၂၀ စုစုပေါင်းသင်တန်းဦးရေ ၄၀ တက်ရောက် သင်ကြားလျှက်ရှိကြောင်း သိရပါတယ်။

Source: Myanma Ahlin

Read 1625 times
Rate this item
(1 Vote)