What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိုင်းနိုင်ငံသို့ MOUနှင့် စာချုပ်ချုပ် တဲ့ အလုပ်သမားများ ငွေပြန်ထုတ်လိုပါက MOEAF သို့ဆက်သွယ်အကူအညီတောင်းခံနိုင်

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်ရန်စာချုပ်ချုပ် တဲ့ အလုပ်သမားဦးရေ ၆သောင်းကျော်ရှိပြီး မြန်မာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုသိသာစွာလျော့သွားခြင်းမရှိသည့်အပြင် ထိုင်းနိုင်ငံအတွင်လည်းကူးစက်မှုများရှိလာသည့် အတွက် ၂၀၂၁ နှစ်ဦးပိုင်းတွင် MOU အလုပ်သမားများထိုင်းနိုင်ငံသို့ဝင်ရောက်နိုင်ရန်မှာမသေချာသေးကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူတွေက ခန့်မှန်းပြောဆိုပါတယ်။

 

MOU စာချုပ်ကြိုချုပ်ထားပြီး ပြည်ပထွက်ခွာခွင့်မရဘဲ ဆိုင်းငံ့ထားရတဲ့ အလုပ်သမားတွေအနေနဲ့ စာချုပ်ကြေးများပြန်ထုတ်ယူလိုပါက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဌ(၁)ဦးပီတာညွန့်မောင်ကပြောပါတယ်။

 

"အလုပ်သမားအဖွဲ့အစည်းတွေ၊ NGOတွေနဲ့ရော MOEAF အနေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်ပေးနေပါတယ်။ စာချုပ်ကြေးတွေပြန်ရချင်တဲ့အလုပ်သမားတွေအနေနဲ့ CTUM တို့ MICSတို့ တခြားအလုပ်သမားအဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း MOEAFကိုတိုက်ရိုက်သော်လည်ကောင်းဆက်သွယ်ပြီး ပြောလို့ရပါတယ်။ ကျွန်တော်တို့ပြေလည်အောင်အကုန်လုံးကိုညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်"လို့ဦးပီတာညွန့်မောင်ကပြောပါတယ်။

 

ထိုင်းနိုင်ငံသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်ရန် စာချုပ်ချုပ်ထားတဲ့အလုပ်သမားများသည်အေဂျင်စီများကိုပေးသွင်းရန်ငွေကိုအစိုးရမှကျပ်တစ်သိန်းခွဲနှင့်ဘတ် ၃၆၀၀ သာကောက်ခံရန်သတ်မှတ်ထားသော်လည်း မြေပြင်တွင် အနည်းဆုံးကျပ်ငွေ(၇)သိန်းမှ (၁၂)သိန်းကျော်ထိ ပေးထားရပြီး အများစုမှာ ကျွဲ၊ နွား၊ လယ်ယာ၊ အိမ်ခြံမြေ၊ ပစ္စည်းဥစ္စာများ ပေါင်နှံရောင်းချ၍လည်းကောင်း အတိုးဖြင့်ချေးယူ၍ လည်းကောင်း ပေးချေထားရခြင်းဖြစ်ကြောင်း အလုပ်သမားများမှသိရပါတယ်။

 

"ဘယ်လိုဖြေရှင်းပေးမလဲဆိုတော့ အလုပ်သမားနဲ့စာချုပ်ချုပ်ထားတဲ့သက်ဆိုင်ရာအေဂျင်စီကိုခေါ်ပေးမယ်။ ပြီးရင်ခုနကပြောသလို သူတို့ကအလုပ်သမားအဖွဲ့အစည်းနဲ့ချိတ်ဆက်လာတာဆို အလုပ်သမားအဖွဲ့အစည်းရယ် ၊ကာယကံရှင်အလုပ်သမားရယ်၊ MOEAFရယ်လေးဖွဲ့ဆုံပြီး သူတို့နစ်နာကြေးတွေညှိနှိုင်းဆောင်ရွက်ကြမှာပေါ့"လို့ဦးပီတာညွန့်မောင်ကထပ်လောင်းပြောကြားပါတယ်။

 

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်တရားဝင်သွားရောက်နိုင်ရေး ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၀ မတ်လအတွင်းရန်ကုန်မြို့ မြောက်ဒဂုံ ပင်လုံခန်းမနှင့် ကရင်ပြည်နယ် ဘားအံမြို့ အလုပ်သမားရုံးတွင်စာချုပ်ချုပ်၍ကြိုတင်ငွေပေးထားသူ(၆) သောင်းကျော်ရှိပြီး ၎င်းတို့အနေဖြင့်အခက်အခဲများစွာဖြစ်ပေါ်နေကြောင်းသိရပါတယ်။

 

MyanmarLabourNews

MigrantsNews

Read 961 times
Rate this item
(0 votes)