What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမရပူရမြို့နယ်တွင် လက်ရက်ကန်းအများစု ရပ်ဆိုင်းနေရ

မန္တလေးမြို့အနီး အမရပူရမြို့သည် ရက်ကန်းမြို့တော်အဖြစ် ထင်ရှားလျက်ရှိရာ

လက်ရက်ကန်း၊ စက်ရက်ကန်းများ အများဆုံးတည်ရှိရာမြို့ပင်ဖြစ်သည်။

လက်ရှိကာလအထည်စျေးကွက်အေးကာ စက်ရက်ကန်းလုပ်ငန်းအများစု အလုပ်ဖြစ်မှုနည်းပါးလျက် ရှိပြီး လက်ရက်ကန်းလုပ်ကိုင်သူအများစုမှာ လုပ်ငန်းရပ်ဆိုင်းကာ အခြားလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင် လာကြောင်း အမရပူရမြို့မှ လက်ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

လက်ရက်ကန်းအများစုမှာ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ရပ်နားထားပြီး ရက်ကန်းစင်များကို အငှားချထားခြင်းများ၊ ပြန်လည်ရောင်းချခြင်းများပြုလုပ်ကြသည်။ လက်ရက်ကန်းလုပ်ငန်းတွင် ပိုးတောင်ရှည် ရက်လုပ်သည့် လုပ်ငန်းအများစုရပ်ဆိုင်းကြရပြီး အခြားချိတ်ထည်ရက်လုပ်သူများမှာ ကော်မရှင်စားမျှသာ ရရှိကြကြောင်း သိရသည်။

ပိုးထည်တောင်ရှည်ရက်လုပ်ရာတွင် ပိုးချည်(အတိုင်ချည်) တစ်ပိဿာငွေကျပ် ၁၄ဝဝဝဝ ပေးရသည်။ အဖောက်ချည်မှာ ငါးသောင်းကျော်ပေးရသည်။ ပိုးတောင်ရှည်ရက်ကန်းတန်းတစ်တန်းလျှင် တောင်ရှည်ပုဆိုး ကွင်း ၂ဝ ရရှိသည်။ လုပ်အားခအနေဖြင့် တစ်ကွင်းလျှင်ငွေကျပ်ရှစ်ထောင်ပေးရသည်။ တောင်ရှည်ပုဆိုး တစ်ကွင်းလျှင် ငွေကျပ်တစ်သောင်းငါးထောင်ဖြင့် ရောင်းချရသည်။ ပိုးတောင်ရှည် ရက်ကန်းတန်း တစ်တန်းလျှင် ပိုးချည်အတိုင်နှင့် အဖောက်အတွက် အရင်းအနှီးကျပ်နှစ်သိန်း၊ အလုပ်သမားခငွေကျပ် တစ်သိန်းနှင့် အခြားကုန်ကျစရိတ်များအပါအဝင် ငွေကျပ်သုံးသိန်းကျော်ကုန်ကျပြီး ကုန်ချောပြန်လည် ရောင်းချသည့် ငွေကြေးမှာကျပ်သုံးသိန်းနီးနီးသာရရှိကြောင်း သိရသည်။

အရှုံးပေါ်သည့် အနေအထားရှိသည့်အတွက် လုပ်ငန်းရပ်ဆိုင်းရခြင်းဖြစ်သည်။ လက်ရှိကာလ အမရပူရမြို့တွင် လက်ရက်ကန်းလုပ်ငန်းအများစုလုပ်ငန်းရပ်နားထားရပြီး အခြားလုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်
myotaw.news

 

အမရပူရၿမိဳ႕နယ္တြင္ လက္ရက္ကန္းအမ်ားစု ရပ္ဆိုင္းေနရ

မႏၲေလးၿမိဳ႕အနီး အမရပူရၿမိဳ႕သည္ ရက္ကန္းၿမိဳ႕ေတာ္အျဖစ္ ထင္ရွားလ်က္ရွိရာ လက္ရက္ကန္း၊ စက္ရက္ကန္းမ်ား အမ်ားဆုံးတည္ရွိရာၿမိဳ႕ပင္ျဖစ္သည္။

လက္ရွိကာလအထည္ေစ်းကြက္ေအးကာ စက္ရက္ကန္းလုပ္ငန္းအမ်ားစု အလုပ္ျဖစ္မႈနည္းပါးလ်က္ ရွိၿပီး လက္ရက္ကန္းလုပ္ကိုင္သူအမ်ားစုမွာ လုပ္ငန္းရပ္ဆိုင္းကာ အျခားလုပ္ငန္းသို႔ ေျပာင္းေ႐ႊ႕လုပ္ကိုင္ လာေၾကာင္း အမရပူရၿမိဳ႕မွ လက္ရက္ကန္းလုပ္ငန္းလုပ္ကိုင္သူတစ္ဦးထံမွ သိရသည္။

လက္ရက္ကန္းအမ်ားစုမွာ ေဖေဖာ္ဝါရီလဆန္းပိုင္းမွစတင္ကာ ရပ္နားထားၿပီး ရက္ကန္းစင္မ်ားကို အငွားခ်ထားျခင္းမ်ား၊ ျပန္လည္ေရာင္းခ်ျခင္းမ်ားျပဳလုပ္ၾကသည္။ လက္ရက္ကန္းလုပ္ငန္းတြင္ ပိုးေတာင္ရွည္ ရက္လုပ္သည့္ လုပ္ငန္းအမ်ားစုရပ္ဆိုင္းၾကရၿပီး အျခားခ်ိတ္ထည္ရက္လုပ္သူမ်ားမွာ ေကာ္မရွင္စားမွ်သာ ရရွိၾကေၾကာင္း သိရသည္။

ပိုးထည္ေတာင္ရွည္ရက္လုပ္ရာတြင္ ပိုးခ်ည္(အတိုင္ခ်ည္) တစ္ပိႆာေငြက်ပ္ ၁၄ဝဝဝဝ ေပးရသည္။ အေဖာက္ခ်ည္မွာ ငါးေသာင္းေက်ာ္ေပးရသည္။ ပိုးေတာင္ရွည္ရက္ကန္းတန္းတစ္တန္းလွ်င္ ေတာင္ရွည္ပုဆိုး ကြင္း ၂ဝ ရရွိသည္။ လုပ္အားခအေနျဖင့္ တစ္ကြင္းလွ်င္ေငြက်ပ္ရွစ္ေထာင္ေပးရသည္။ ေတာင္ရွည္ပုဆိုး တစ္ကြင္းလွ်င္ ေငြက်ပ္တစ္ေသာင္းငါးေထာင္ျဖင့္ ေရာင္းခ်ရသည္။ ပိုးေတာင္ရွည္ ရက္ကန္းတန္း တစ္တန္းလွ်င္ ပိုးခ်ည္အတိုင္ႏွင့္ အေဖာက္အတြက္ အရင္းအႏွီးက်ပ္ႏွစ္သိန္း၊ အလုပ္သမားခေငြက်ပ္ တစ္သိန္းႏွင့္ အျခားကုန္က်စရိတ္မ်ားအပါအဝင္ ေငြက်ပ္သုံးသိန္းေက်ာ္ကုန္က်ၿပီး ကုန္ေခ်ာျပန္လည္ ေရာင္းခ်သည့္ ေငြေၾကးမွာက်ပ္သုံးသိန္းနီးနီးသာရရွိေၾကာင္း သိရသည္။

အရႈံးေပၚသည့္ အေနအထားရွိသည့္အတြက္ လုပ္ငန္းရပ္ဆိုင္းရျခင္းျဖစ္သည္။ လက္ရွိကာလ အမရပူရၿမိဳ႕တြင္ လက္ရက္ကန္းလုပ္ငန္းအမ်ားစုလုပ္ငန္းရပ္နားထားရၿပီး အျခားလုပ္ငန္းမ်ား ေျပာင္းလဲ လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။

ေက်ာ္ဆန္းျမင့္
myotaw.news

Read 1374 times
Rate this item
(0 votes)