What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အခမဲ့အထည်ချုပ်အလုပ်သမားမွေးထုတ်ရေး ၂၈လစီမံကိန်းမှအလုပ်သမားဦးရေ ၅၀၀၀ကျော်မွေးထုတ်ပေးနိုင်ရန်လျာထား

အခမဲ့အထည်ချုပ်အလုပ်သမားမွေးထုတ်ရေး ၂၈လစီမံကိန်းမှအလုပ်သမားဦးရေ ၅၀၀၀ကျော်မွေးထုတ်ပေးနိုင်ရန်လျာထား google

ရန်ကုန်မြို့စက်တင်ဘာလမှစတင်ဖွင့်လှစ် မည့်အခမဲ့အထည်ချုပ်အလုပ်သမားမွေး ထုတ်ရေး၂၈လစီမံကိန်းမျအလုပ်သမားဦးရေ ၅၀၀၀ကျော်မွေးထုတ်ပေးနိုင်ရန်လျာထားကြောင်းယင်းအစီအစဉ် ၏Project Coordinator Garment ဒေါ်ကြွယ်ဖြိုးဖြိုးအေးထံမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အများစု ပြည်တွင်းပြည်ပစီးပွါးရေး လုပ်ငန်းရှင်များကအထည်ချုပ် လုပ်ငန်းများကိုရင်းနှီးမြှပ်နှံလုပ်ကိုင်လျက်ရှိရာ ယင်းလုပ်ငန်းများအတွက် အလုပ်သမားအထောက်အကူဖြစ်လာစေမည့် အပြင် အများပြည်သူအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေမည်ဖြစ်သည်။

အဆိုပါသင်တန်းကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါနနှင့် အောင်မြင်မှုအထည်ချုပ်လုပ်ငန်းစီမံကိန်း၏ပျိုးပင်အစီအစဉ်တို့ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြိုလူဦးရေ ၈၀ လက်ခံသင်ကြားပေးမည်ဖြစ်သည်။လက်ရှိတွင် သင်တန်းတက်ရောက်ရန်စာရင်းပေးသွင်းသူ၂၄ဦးသာရှိသေးကြောင်း၊သင်တန်းတက်ရောက်သူများအားတရက် လျှင်ထောက်ပံ့စရိတ်ငွေကျပ် ၁၈၀၀ နှင့် နေ့လယ်စာထမင်းကျွေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတက်ရောက်ရန်အသက်၁၈နှစ်မှ၂၄နှစ်အတွင်းရှိ အမျိုးသားအမျိုးသမီးများလျှောက်ထားနိုင်ကြောင်းသိရသည်။လုပ်ငန်းအတွေ့အကြုံမရှိသူများအနေဖြင့် သင်တန်းကာလနှစ်လတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပီးဆုံးပါကလက်တွေ့လုပ်ငန်းခွင် လေးလဆင်းရမည်ဖြစ်သည်။ ယင်းနောက်မြန်မာနိုင်ငံအလုပ်သမားများစံသတ်မှတ်ချက်ပြဋ္ဌါန်းရေးအဖွဲ့ (NSSA) တွင် စာမေးပွဲဝင်ရောက်ဖြေဆိုအောင်မြင်ပါကအာဆီယံအသိအမှတ်ပြုလက်မှတ်များထုတ်ပေးမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါအခမဲ့ အထည်ချုပ် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ် လုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းပငါလုံခန်းမဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ 

source :myawady daily 

Read 889 times
Rate this item
(0 votes)