What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစက်ချုပ်သင်တန်းဆင်း

မကွေးတိုင်းဒေသကြီးသရက် ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ချောင်း ကောက်ကျေးရွာတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာနေပြည်သူ များ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်ရည်ရွယ် ၍ ဖွင့်လှစ်ထားသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ကျင်းပရာ တာဝန် ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာများ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်း ကိုက အဖွင့်အမှာစကားပြောကြား ပြီး တာဝန်ရှိသူတစ်ဦးက အမှာ စကားပြောကြားရာတွင် သင်တန်း သူများအနေဖြင့် မိမိကျေးရွာ ရောက်ရှိပါက သင်တန်းမှ တတ် မြောက်ထားသည့် အသက်မွေးဝမ်း ကျောင်းစက်ချုပ်ပညာဖြင့် မိသားစု ဝင်များ၏ အဝတ်အစားများချုပ် လုပ်နိုင်သည့်အပြင်တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ တိုးပွားရေးအတွက် အထည်ချုပ် လုပ်ငန်းဖြင့် စီးပွား ဖြစ် ဆောင်ရွက်နိုင်သလို မိမိ ကျေးရွာမှ စက်ချုပ်ပညာဖြင့် ဆင့်ပွားသင်ပေးစေလိုကြောင်းပြော ကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဦးဇော်မင်းဦးက မိမိ တို့ဌာနအနေဖြင့် ကျေးရွာနေ ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍အသက် မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်အား အကျယ်တဝင့် ပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ပြီး သင်တန်းဆင်းလက်မှတ်များ ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးကပေးအပ်ရာ သင် တန်းသူများကိုယ်စား သင်တန်း သူတစ်ဦးက လက်ခံယူခဲ့ကြောင်း သိရသည်။

 

Source:newspaper

Read 958 times
Rate this item
(1 Vote)