What's new
×
Warning
JUser: :_load: Unable to load user with ID: 845
မြန်မာနိုင်ငံမှ ဗြိတိန်သို့ PPE ဝတ်စုံအမြောက်အများတင်ပို့
မြန်မာနိုင်ငံမှ ဗြိတိန်သို့ PPE ဝတ်စုံအမြောက်အများတင်ပို့ google
မြန်မာနိုင်ငံမှ ဗြိတိန်သို့ PPE ဝတ်စုံအမြောက်အများတင်ပို့
ဧပြီလ ၂၀ ရက်နေ့တွင်မြန်မာနိုင်ငံမှတင်ပို့သည့် PPE ဝတ်စုံ ၁၄၀,၀၀၀ ကျော်သည်ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့ဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။ ဗြိတိန်ရှိဆေးရုံများတွင် PPE ဝတ်စုံများ ပြတ်လပ်မည့် အရေးနှင့်ရင်ဆိုင်နေရပြီး ဗြိတိန်ရှိ
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများ ပြတ်လပ်မှုအပေါ် အလွန်အမင်းစိုးရိမ်လျှက်ရှိကြသည်။
ဗြိတိန်နိုင်ငံ၏ Chancellor ဖြစ်သူ Rishi Sunak က “ အစိုးရအနေနဲ့ PPE ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားဆောင် ရွက်နေပါတယ်။ ဒီလိုမျိုးကြုံတွေ့နေရတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းတော့မဟုတ်ပါဘူး။ ဗြိတိန်ရဲ့ကမ္ဘာအနှံ့က စီးပွားရေး
လုပ်ငန်းတွေနဲ့ သံရုံးတွေက ကျွန်တော်တို့ရဲ့ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးရှေ့တန်းက ကျန်းမာရေးဝန် ထမ်းတွေအတွက် PPE ဝတ်စုံတွေရဖို့အတွက် အထူးတလည်ကြိုးပမ်းနေခဲ့ကြပါတယ်။ ဒါပေမယ့် မှာယူထားတာ တွေအများကြီးရှိပေမယ့်
အကြောင်းကြောင်းကြောင့် နှောင့်နှေးတာတွေလည်းရှိပါတယ် ဧပြီလ ၂၀ ရက်နေ့ကတော့ မြန်မာပြည်ကနေပို့လိုက်တဲ့ PPE ဝတ်စုံ ၁၄၀,၀၀၀ ရောက်ရှိလာခဲ့ပြီ ” ဟုပြောဆိုရှင်းပြသွားခဲ့သည်။
ထို့အပြင် ဗြိတိန်အနေဖြင့် တူရီကီနိုင်ငံထံမှလည်း PPE ဝတ်စုံ ၄၀၀,၀၀၀ မှာယူထားပြီး နှောင့်နှေးနေမှုကြောင့် မနေ့ကလေယာဉ်စေလွှတ်၍ သွားယူထားခိုင်းခဲ့ပြီဖြစ်ကြောင်းသိရသည်။
textile picture
Zawgyi
ဗြိတိန်ရဲ့ကမ္ဘာအနှံ့က စီးပွားရေးလုပ်ငန်းတွေနဲ့ သံရုံးတွေက ကျွန်တော်တို့ရဲ့ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးရှေ့တန်းက ကျန်းမာရေးဝန် ထမ်းတွေအတွက် PPE ၀တ်စုံတွေရဖို့အတွက် အထူးတလည်ြ
Read 4753 times
Rate this item
(0 votes)
Tagged under