မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာမျိုးမင်းစိုးက ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..
အကိုဒီနှစ်အကယ်ဒမီပွဲမှာ အကို ချုပ်နေကျပင်တိုင်မင်းသမီးတွေပါဘဲ အိချောပိုတို့ နန်းစုရတီစိုးတို့ ချုပ်ပေးမယ်။သူတို့အတွက်တော့ သေချာပြင်ဆင်ပြီးလုပ်ထားပါတယ်။ နောက်အကို ဒီနှစ်မှာ မြန်မာပြည်သိန်းတန်တို့လင်မယားနှစ်ယောကိကုလဲဆင်ပေးမယ်။တက္ကသိုလ်ဂွမ်းပုံတို့ ၀ါဝါအောင်တို့ ဖူးပွင့်သခင်ရောကိုယ်နဲ့ အရင် ထဲက လက်တွဲခဲ့တဲ့ မင်းသမီးတွေကို ဆင်ပေးမှာပါ။ယောကျာ်းလေးတွေထဲမှာ ကျော်ထက်အောင် တို့ရဝေအောင်တို့လဲဆင်မြန်းပေးမှာပါ။
နန်းစုရတီစိုးနဲ့အိချောပိုအတွက် တော့ လုံးဝကို မြန်မာhand made စစ်ကို ပါအောင်သေချာလေး လုပ်နေပါတယ်။ မြန်မာ hand made ဆိုတာ အဓိကကပန်းချီပေါ့ ပန်းချီတွေပါမယ် ရွှေကြည်ထိုးတွေပါမယ် ကြည့်လိုက်တာနဲ့ မြန်မာယဉ်ကျေးမှုကိုပေါ်စေမယ့်အရာတွေနဲ့ အကုန်လုံးဖန်တီးထားပါတယ်။အရောင်လေးတွေကတော့ natural colour လေးတွေဘဲ သုံးဖြစ်မှာပါ။
အကိုကအရင်ကချိတ်တွေဘဲ အမြဲတမ်းပြတယ်။ မနှစ်ကတော့နန်းစုရတီစိုးရဲ့ ပန်းချီကပေါက်ထားတဲ့ အခါကျတော့ ဒီနှစ်ကိုမြန်မာယဉ်ကျေးမှုကိုပေါ်လွင်စေမယ့် ဟာလေးတထုဆိုပြီးအကိုက မြန်မာပန်းချီရယ် မြန်မာလက်မှုပန်းကနုတ်တွေ ရိုးရာတွေနဲ့ အကုန် မစ်လုပ်ပြီးဖန်တီးမှာပါ။
အကယ်ဒမီပွဲတက်ဖ်ရှင် ကိုတော့ မနှစ်ကနဲ့ ဒီနှစ်မတူအောင်ကြိုးစားတယ်။ ကြိုးစားတဲ့နေရာမှာ လဲ အကိုကတော့ မြန်မာ trend ကို ဘဲ အဓိကဦးစားပေးဖန်တီးဖြစ်တာများပါတယ်။သူတို့ကတော့ အကို ကို အကုန်ယုံကြည်လို့အပ်ထားပါတယ်။သူတို့ ဘယ်လိုဘာလုပ်ချင်တယ်ဆိုပြီးလဲမရှိဘူး။အရောင်တွေကလဲ ကိုယ်ကြိုက်တာဆင်လို့ရတယ်။ ကိုယ့်မင်းသမီးတွေက ကိုယ်အမြဲတမ်းချုပ်ပေးနေကျဆိုတော့ သူတို့ အထာကိုလဲသိသလို ကိုယ့်အထာကိုလဲသိတဲ့ အခါကတော့ ကိုယ်ပြောတာကိုဘဲ သူတို့ ၀တ်ပါတယ်။ အနည်းချက်တွေဖုန်းပြီးအားသာချက်တွေပေါ်အောင်ယနေ့ခေတ်နဲ့ ကာလာတွေနဲ့ creation လုပ်ပြီးဖန်တီးထားပါတယ်။
အကယ်ဒမီပေးပွဲက တနိုင်ငံလုံးကစိတ်ဝင်စားတဲ့ ပွဲတပွဲဖြစ်တဲ့ အတွက် ဒီဖက်ရှင်ကိုဘဲကြည့်ပြီးတနှစ်လုံးမှာ run တဲ့သဘောမျိုးဖြစ်နေတဲ့ အခါကျတော့ တော်တော်များများကစိတ်ဝင်စားတဲ့ အတွက် တနှစ်တနှစ်မတူအောင်ဖန်တီးရတဲ့ အတွက်တာဝန်လဲကြီးပါတယ်။ဖက်ရှင်ရဲ့အစက အကယ်ဒမီလို့တောင်ပြောလို့ရပါတယ်။ အကယ်ဒမီပွဲမှာဝတ်လိုက်တာတွေကနောက်တနှစ် နှစ်နှစ်မှာခေတ်စားတဲ့ ဖက်ရှင်တွေဖြစ်နေတာပေါ့။
အကို ချုပ်ရင် သူများနဲ့ မတူအောင်ချုပ်တာပေါ့။မနှစ်ကလဲ ရွှေအင်္ကျီတွေလုပ်တာဒီဇိုင်နာတွေ သွားတူနေတာတွေရှိတယ်။ ဒီနှစ်တော့ အကို ကတော့ ရွှေ တွေမလုပ်တော့ဘဲကျောက်သံပတ္တမြားနဲ့ ပန်းချီနဲ့ ရွှေချည်ထိုးနဲ့ အထင်ကရတွေကို mixလုပ်ပြီးတော့ ၀တ်စုံဖန်တီးမှာပါ။
ယခုလက်ရှိမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးဟာ မြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာ များထဲတွင် နာမည်ကြီးနေသူတယောက်ဖြစ်ပြီးသူဖန်တီးတဲ့ ၀တ်စုံတွေကလဲ ၀တ်ထားသူ မင်းသမီးမှာ လှပပြီး သေသပ် သပ်ရပ်တာကိုတွေ့ရပါတယ်။ သူဟာ သင်တန်းသူသင်တန်းများကို လဲ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။
ဒီဇိုင်နာမျိုးမင်းစိုးအင်တာဗျူးဖတ်ရှု့ရန်လင့်ခ်
http://www.textiledirectory.com.mm/articles/item/737-designer-myo-min-soe.html