What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်တိုက်တို့ရဲ့ မတ်စ်ဖက်ရှင်များ

(UNICODE+ ZAWGYI) ဖက်ရှင်တိုက်တွေ ဖြစ်တဲ့  Louis Vuitton, Burberry နဲ့ Chanel တို့က

သူတို့ရဲ့ ထုတ်လုပ်မှုအပိုင်းမှ အလုပ်ရုံတွေကို ကျန်းမာရေးဝန်ထမ်းတွေအတွက် မတ်စ်တွေ ထုတ်လုပ်စေခဲ့ကြပါတယ်။ အဲဒီ မတ်စ်တွေဟာ surgical face masks ဆေးရုံသုံးမတ်စ်တွေ မဟုတ်ဘဲ အဝတ်စဖြင့် ချုပ်လုပ်ပေးထားတာတွေ ဖြစ်ပါတယ်။  ရာထောင်ချီတဲ့ မတ်စ်တွေ ထုတ်လုပ်ခဲ့ကြတာမှာ သူတို့ရဲ့ အမှတ်တံဆိပ်သင်္ကေတ အမှတ်အသားပြုပေးခြင်း မပြုပါဘူး။ ဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ပေးဖိုပသက်သက်မျှသာ ဖြစ်ပါတယ်။

ဖက်ရှင်တိုက်တွေဟာ အဲဒီအဆင့်မှာ ရပ်မထားကြပါဘူး။ ကိုဗစ်က မပြီးဆုံးနိုင်တဲ့ ကာလရှည် ဖြစ်တာမို့ လူတွေ မတ်စ် တပ်ကြရမယ်။ အဲဒီအခါ ကာကွယ်ရေးအပြင် ဖက်ရှင်ကျကျ ဝတ်နိုင်ဖို့အတွက် မတ်စ်ဖက်ရှင်ဒီဇိုင်းတွေ ဖန်တီးကြပါတယ်။  Gucci, Supreme, Louis Vuitton စတဲ့ ထိပ်တန်းဖက်ရှင်တိုက်တွေရဲ့ မတ်စ်တွေ ဝတ်ဆင်ထားတဲ့ပုံတွေ Instagram မှာ တွေ့ကြရတယ်။

တစ်ဆက်တည်းမှာပဲ မတ်စ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစား ဖက်ရှင်ထည်တွေကို တွဲဖက် ထုတ်လုပ်ကြတာမို့ မတ်စ် ဖက်ရှင် ကာလရေစီးကြောင်း ထွန်းကားပေါ်ပေါက်လာနေတာ တွေ့ကြရပါတယ်။

 

“စည်းကမ်းချက်ကြောင့် မတ်စ် ဝတ်နေရတယ်လို့ မခံစားမိတော့ဘူး။ နေ့တိုင်း မတ်စ် ဝတ်နေရတော့မှာ ဆိုတော့ နေ့တိုင်းဝတ်တဲ့ အဝတ်အစားရဲ့ အစိတ်အပိုင်းတစ်ခုလို ခံစားမိတယ်။ စတိုင်ကျကျ၊ ဖက်ရှင်ကျကျ ဝတ်ဆင်ထားသလို ဖြစ်နေတယ်။ အဝတ်အစားနဲ့ မတ်စ် လိုက်ဖက်ညီအောင်လည်း ဝတ်ရတယ်”

လို့ ဖက်ရှင်မတ်စ် ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က CNN ရဲ့ လမ်းဘေး လျှပ်တပြက် အင်တာဗျူးမှာ ပြောပြတယ်။

 

 

 

 

 

ဖက္ရွင္တိုက္တို႔ရဲ႕ မတ္စ္ဖက္ရွင္မ်ား

ဖက္ရွင္တိုက္ေတြ ျဖစ္တဲ့ Louis Vuitton, Burberry နဲ႔ Chanel တို႔က သူတို႔ရဲ႕ ထုတ္လုပ္မႈအပိုင္းမွ အလုပ္႐ုံေတြကို က်န္းမာေရးဝန္ထမ္းေတြအတြက္ မတ္စ္ေတြ ထုတ္လုပ္ေစခဲ့ၾကပါတယ္။ အဲဒီ မတ္စ္ေတြဟာ surgical face masks ေဆး႐ုံသုံးမတ္စ္ေတြ မဟုတ္ဘဲ အဝတ္စျဖင့္ ခ်ဳပ္လုပ္ေပးထားတာေတြ ျဖစ္ပါတယ္။ ရာေထာင္ခ်ီတဲ့ မတ္စ္ေတြ ထုတ္လုပ္ခဲ့ၾကတာမွာ သူတို႔ရဲ႕ အမွတ္တံဆိပ္သေကၤတ အမွတ္အသားျပဳေပးျခင္း မျပဳပါဘူး။ ဗိုင္းရပ္စ္ မကူးစက္ေအာင္ ကာကြယ္ေပးဖိုပသက္သက္မွ်သာ ျဖစ္ပါတယ္။
ဖက္ရွင္တိုက္ေတြဟာ အဲဒီအဆင့္မွာ ရပ္မထားၾကပါဘူး။ ကိုဗစ္က မၿပီးဆုံးႏိုင္တဲ့ ကာလရွည္ ျဖစ္တာမို႔ လူေတြ မတ္စ္ တပ္ၾကရမယ္။ အဲဒီအခါ ကာကြယ္ေရးအျပင္ ဖက္ရွင္က်က် ဝတ္ႏိုင္ဖို႔အတြက္ မတ္စ္ဖက္ရွင္ဒီဇိုင္းေတြ ဖန္တီးၾကပါတယ္။ Gucci, Supreme, Louis Vuitton စတဲ့ ထိပ္တန္းဖက္ရွင္တိုက္ေတြရဲ႕ မတ္စ္ေတြ ဝတ္ဆင္ထားတဲ့ပုံေတြ Instagram မွာ ေတြ႕ၾကရတယ္။
တစ္ဆက္တည္းမွာပဲ မတ္စ္နဲ႔ လိုက္ဖက္တဲ့ အဝတ္အစား ဖက္ရွင္ထည္ေတြကို တြဲဖက္ ထုတ္လုပ္ၾကတာမို႔ မတ္စ္ ဖက္ရွင္ ကာလေရစီးေၾကာင္း ထြန္းကားေပၚေပါက္လာေနတာ ေတြ႕ၾကရပါတယ္။

“စည္းကမ္းခ်က္ေၾကာင့္ မတ္စ္ ဝတ္ေနရတယ္လို႔ မခံစားမိေတာ့ဘူး။ ေန႔တိုင္း မတ္စ္ ဝတ္ေနရေတာ့မွာ ဆိုေတာ့ ေန႔တိုင္းဝတ္တဲ့ အဝတ္အစားရဲ႕ အစိတ္အပိုင္းတစ္ခုလို ခံစားမိတယ္။ စတိုင္က်က်၊ ဖက္ရွင္က်က် ဝတ္ဆင္ထားသလို ျဖစ္ေနတယ္။ အဝတ္အစားနဲ႔ မတ္စ္ လိုက္ဖက္ညီေအာင္လည္း ဝတ္ရတယ္”
လို႔ ဖက္ရွင္မတ္စ္ ဝတ္ဆင္ထားတဲ့ မိန္းကေလးတစ္ေယာက္က CNN ရဲ႕ လမ္းေဘး လွ်ပ္တျပက္ အင္တာဗ်ဴးမွာ ေျပာျပတယ္။

ဖက္ရွင္တိုက္ အခ်ိဳ႕ရဲ႕ မတ္စ္ ဖက္ရွင္ေတြကို ေဖာ္ျပလိုက္ပါတယ္။

Read 1625 times
Rate this item
(0 votes)