What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ မအေးသီရိထွန်း၏ ဖန်တီးမှု လက်ရာများ

ဒီဇိုင်နာ မအေးသီရိထွန်း၏ ဖန်တီးမှု လက်ရာများ Facebook

ဒီတစ်ခေါက်မှာတော့ Textile ပရိတ်သတ်ကြီးကို အမျိုးသမီးဒီဇိုင်နာတစ်ဦးနဲ့မိတ်ဆက်ပေးချင်ပါတယ်။


သူမကတော့ ဒီဇိုင်နာ မအေးသီရိထွန်းပဲဖြစ်ပါတယ်။ မအေးသီရိထွန်းဟာဒီဇိုင်နာလောကထဲကို ၂၀၀၄


ခုနှစ်ကတည်းကစတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာဝတ်စုံတွေဖန်တီးချုပ်တဲ့ အခါမှာ မြန်မာမှုလည်း ပျောက်မသွားစေဘဲ ခေတ်မီဆန်းသစ်ကာ

သေသပ်လှပလွန်းတာကြောင့် Coustomer တွေဆီကနေ feedback ကောင်းတွေရရှိထားတဲ့ ဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါတယ်။

ဒီဇိုင်နာ မအေးသီရိထွန်းဟာဆိုရင် ၂၀၁၈ ခုနှစ်မှာ ဆိုရင် စီနီယာဆရာတွေနဲ့


ဖက်ရှင်ရှိုးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာလည်း ပွဲတွေလုပ်ဖို့ ရည်ရွယ်ထားတဲ့ဒီဇိုင်နာ တစ်ဦးလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီဇိုင်နာ မအေးသီရိထွန်းဟာ ၂၀၂၀ မှာ ခေတ်စားလာမယ့် ဖက်ရှင်ပုံစံတွေအရောင်တွေနဲ့


ပတ်သက်ပြီး “ ၂၀၂၀ မှာ အရောင်ငြိမ်ငြိမ်လေးတွေနဲ့ elegant ဖြစ်တဲ့ ဒီဇိုင်းလေးတွေကပိုခေတ်စားမယ်ထင်ပါတယ်လို့” သူမရဲ့ သုံးသပ်ချက်ကိုပြောပြပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီဇိုင်နာပညာကို ဝါသနာပါပြီး ဒီဇိုင်နာလောကထဲကို ဝင်ရောက်လာမယ့် တက်သစ်စလူငယ်လေး


တွေအတွက် “ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်အလုပ်ကိုတန်ဖိုးထားပါ။ ချစ်ပါ။ ပြီးတော့ ကိုယ့်အလုပ်ကိုတိတိကျကျလုပ်ဖို့လိုအပ်ပါတယ်။

ဒီနေ့ခေတ်မှာဆိုရင် ဒီဇိုင်နာသင်တန်းတွေက အရမ်းတွေများလာပါတယ်။ များလာတဲ့အပေါ်မှာလည်းရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။

သင်တန်းတိုင်းကတော့သူ့အထိုက်အလျောက် ကောင်းပါတယ်။ဒါ့ပြင် သင်ယူသူအနေနဲ့လည်း အာရုံစိုက်ပြီးတစိုက်မတ်မတ်


လေ့လာနိုင်မှသာ ဒီဇိုင်နာလောကထဲ ကိုဝင်ပါ ။တစ်ဝက်တစ်ပျက်နဲ့ အရှုံးပေးမယ်ဆိုရင်အစကတည်းမလုပ်ပါနဲ့


လို့အကြံပေးချင်ပါတယ်"လို့ မအေးသီရိထွန်းက သူမရဲ့အတွေ့အကြုံတွေနဲ့ အကြံပေးချက်တွေကို တက်သစ်စ


လူငယ်တွေအတွက်ပြောကြားပေးခဲ့ပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ဒီတစ္ေခါက္မွာေတာ့ Textile ပရိတ္သတ္ႀကီးကို အမ်ိဳးသမီးဒီဇိုင္နာတစ္ဦးနဲ႕မိတ္ဆက္ေပးခ်င္ပါတယ္။

သူမကေတာ့ ဒီဇိုင္နာ မေအးသီရိထြန္းပဲျဖစ္ပါတယ္။ 

de9

 

မေအးသီရိထြန္းဟာဒီဇိုင္နာေလာကထဲကို ၂၀၀၄

ခုႏွစ္ကတည္းကစတင္ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ ျမန္မာဝတ္စုံေတြဖန္တီးခ်ဳပ္တဲ့ အခါမွာ ျမန္မာမႈလည္း ေပ်ာက္မသြားေစဘဲ ေခတ္မီဆန္းသစ္ကာ

 ေသသပ္လွပလြန္းတာေၾကာင့္ Coustomer ေတြဆီကေန feedback ေကာင္းေတြရရွိထားတဲ့ ဒီဇိုင္နာတစ္ဦးလည္းျဖစ္ပါတယ္။

de1

de2

ဒီဇိုင္နာ မေအးသီရိထြန္းဟာဆိုရင္ ၂၀၁၈ ခုႏွစ္မွာ ဆိုရင္ စီနီယာဆရာေတြနဲ႔

ဖက္ရွင္ရႈိးပြဲတစ္ခု ျပဳလုပ္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာလည္း ပြဲေတြလုပ္ဖို႔ ရည္႐ြယ္ထားတဲ့ဒီဇိုင္နာ တစ္ဦးလည္းျဖစ္ပါတယ္။

de3

ဆက္လက္ၿပီး ဒီဇိုင္နာ မေအးသီရိထြန္းဟာ ၂၀၂၀ မွာ ေခတ္စားလာမယ့္ ဖက္ရွင္ပုံစံေတြအေရာင္ေတြနဲ႔

ပတ္သက္ၿပီး “ ၂၀၂၀ မွာ အေရာင္ၿငိမ္ၿငိမ္ေလးေတြနဲ႔ elegant ျဖစ္တဲ့ ဒီဇိုင္းေလးေတြကပိုေခတ္စားမယ္ထင္ပါတယ္လို႔ သူမရဲ႕ သုံးသပ္ခ်က္ကိုေျပာျပေပးခဲ့ပါတယ္။

de4

ဒါ့အျပင္ ဒီဇိုင္နာပညာကို ဝါသနာပါၿပီး ဒီဇိုင္နာေလာကထဲကို ဝင္ေရာက္လာမယ့္ တက္သစ္စလူငယ္ေလး

ေတြအတြက္ “ ဒီဇိုင္နာေကာင္းတစ္ေယာက္ျဖစ္ဖို႔ ကိုယ့္အလုပ္ကိုတန္ဖိုးထားပါ။ ခ်စ္ပါ။ ၿပီးေတာ့ ကိုယ့္အလုပ္ကိုတိတိက်က်လုပ္ဖို႔လိုအပ္ပါတယ္။

ဒီေန႔ေခတ္မွာဆိုရင္ ဒီဇိုင္နာသင္တန္းေတြက အရမ္းေတြမ်ားလာပါတယ္။ မ်ားလာတဲ့အေပၚမွာလည္းေ႐ြးခ်ယ္တတ္ဖို႔လိုအပ္ပါတယ္။

သင္တန္းတိုင္းကေတာ့သူ႔အထိုက္အေလ်ာက္ ေကာင္းပါတယ္။ဒါ့ျပင္ သင္ယူသူအေနနဲ႔လည္း အာ႐ုံစိုက္ၿပီးတစိုက္မတ္မတ္

ေလ့လာႏိုင္မွသာ ဒီဇိုင္နာေလာကထဲ ကိုဝင္ပါ ။တစ္ဝက္တစ္ပ်က္နဲ႔ အရႈံးေပးမယ္ဆိုရင္အစကတည္းမလုပ္ပါနဲ႔

လို႔အႀကံေပးခ်င္ပါတယ္"လို႔ မေအးသီရိထြန္းက သူမရဲ႕အေတြ႕အႀကဳံေတြနဲ႔ အႀကံေပးခ်က္ေတြကို တက္သစ္စ

လူငယ္ေတြအတြက္ေျပာၾကားေပးခဲ့ပါတယ္။

de7

de8

Adress : အမွတ္-၆၄၂ ၊ စစ္ကိုင္းလမ္း ၊ ေတာင္ဥကၠလာပ ၿမိဳ႕နယ္ ၊ ရန္ကုန္ၿမိဳ႕။

Phone : 09420113086

 

Myanmar Textile and Garment Directory

ဖက်ရှင်ဒီဇိုင်နာများကိုရှာဖွေရန်နှိပ်ပါ။

 
Read 3213 times
Rate this item
(1 Vote)
Tagged under