What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမာၻ႔ဖက္ရွင္ေလာကရဲ႕ အာဏာပါဝါ အရွိဆံုး အမ်ိဳးသမီး Coco Chanel

ကမာၻ႔ဖက္ရွင္ေလာကရဲ႕ အာဏာပါဝါ အရွိဆံုး အမ်ိဳးသမီး Coco Chanel google

ကမာၻေက်ာ္ဘရန္းတစ္ခုျဖစ္တဲ့ Chanel ကို အကုန္လံုး ရင္းႏွီးၿပီးသားျဖစ္မယ္ထင္တယ္။ သူ႕ရဲ႕ေနာက္ကြယ္က ပဲ့ကိုင္ရွင္ကိုေကာ မသိခ်င္ၾကဘူးလား?

Chanel ကို ေမြးဖြားေပးခဲ့သူက ဘဝကို သုညကစခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ။

သူ႕နာမည္က Coco Chanel ပဲ ျဖစ္ပါတယ္။ ျပင္သစ္လူမ်ိဳး Coco Chanel ကို ၁၈၈၃ ခုႏွစ္၊ ဩဂုတ္လ (၁၉) ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ သမီးသံုးေယာက္ရွိတဲ့ထဲက အလတ္ျဖစ္ပါတယ္။ နာမည္အရင္းကေတာ့ Gabrielle Bonheur Chanel ပါ။ ဒါဆို Coco အေၾကာင္း မသိေသးတဲ့ အခ်က္ (၇) ခ်က္ကို ေလ့လာၾကည့္ရေအာင္။

(၁) ေရႊဇြန္းကိုက္ၿပီး ေမြးလာတာမဟုတ္တဲ့ Coco ရဲ႕ ငယ္ဘဝက မလွပခဲ့ပါဘူး။ Coco Chanel အသက္ (၁၂) ႏွစ္အရြယ္မွာ မိခင္ဆံုးပါးသြားခဲ့တဲ့ေနာက္ သူ႔ဖခင္က သမီးသံုးေယာက္လံုးကို မိဘမဲ့ေဂဟာကို ပို႔ပစ္ခဲ့ပါတယ္။ အပ္ခ်ဳပ္တဲ့အတတ္ပညာကို မိဘမဲ့ေက်ာင္းက တတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ အသက္ (၁၈) ႏွစ္ေလာက္က စၿပီး Coco ဟာ စားေသာက္ဆိုင္ေတြမွာ သီခ်င္းဆိုတဲ့အလုပ္နဲ႔ အသက္ေမြးခဲ့ရပါတယ္။

Read More>> ကမာၻ႔ အေကာင္းဆုံး ဖက္ရွင္ အမွတ္တံဆိပ္ (၈) ခု

(၂) Coco Chanel က သူ႔ရဲ႕ဒီဇိုင္းနာလုပ္ငန္းကို ဦးထုပ္ေတြ ခ်ဳပ္ရာကေန စတင္ခဲ့တာပါ။ လက္ရွိတစ္ကမာၻလံုးမွာ Chanel ဆိုင္ေပါင္း (၃၁၀) ရွိေနပါၿပီ။

(၃) Coco Chanel ဟာ အမ်ိဳးသမီးေတြအတြက္ suit ေတြကို ပထမဆံုးတီထြင္ခဲ့သူျဖစ္ပါတယ္။

(၄) အဲ့ေခတ္အခါတုန္းက စတိုင္လ္ေဘာင္းဘီေတြဆိုတာ အမ်ိဳးသမီးေတြ ဝတ္ဆင္ရတဲ့အရာလို႔မျမင္ခဲ့ၾကပါဘူး။ ဒါကို ေျပာင္းလဲခဲ့သူကေတာ့ Coco Chanel ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြလည္း စတိုင္လ္ေဘာင္းဘီနဲ႕ လိုက္ဖက္ေၾကာင္းျပၿပီး ဖက္ရွင္ေလာကကို ေျပာင္းျပန္လွန္ပစ္ခဲ့တဲ့ အာဂ Coco Chanel ပါ။

(၅) ဒီဇိုင္နာေရေမႊးေတြကို ပထမဆံုးမိတ္ဆက္ခဲ့သူကလည္း Coco Chanel ပါပဲ။ Coco ရဲ႕ပထမဆံုးထုတ္လုပ္တဲ့ Chanel No.5 ေရေမႊးဟာဆိုရင္ အခုခ်ိန္ထိ အမ်ိဳးသမီးေတြၾကား ေရပန္းစားဆဲပါပဲ။

(၆) Coco Chanel ရဲ႕ အႀကိဳက္ဆံုးအေရာင္ကေတာ့ အနက္ေရာင္ပါတဲ့ရွင္။

(၇) Chanel ရဲ႕ ေက်ာက္မ်က္ရတနာျပပြဲတိုင္းမွာ ေတြ႕ရတဲ့ ျခေသၤ့ရုပ္ႀကီးကိုလည္း အစက အလွျပရုံသက္သက္ပဲလို႔ထင္ခဲ့တာပါ။ ဘယ္ဟုတ္မလဲ… Coco Chanel ရဲ႕ ရာသီခြင္က ျခေသၤ့ပံု သိဟ္ရာသီခြင္ (Leo) ျဖစ္လို႔ ဂုဏ္ျပဳတဲ့အေနနဲ႔ ထားတာပါတဲ့။

Coco Chanel ဟာ ကမာၻ႔ဖက္ရွင္ေလာကမွာ အာဏာပါဝါအရွိဆံုးအမ်ိဳးသမီးတစ္ေယာက္ပါ။ သူ႔ေခတ္သူ႔အခါ ေယာက်ာ္းသားေတြ ႀကီးစိုးခဲ့တဲ့အခ်ိန္မွာေတာင္မွာ ကိုယ္ပိုင္အင္ပါယာတစ္ခု တည္ေထာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ေသဆံုးသြားတာေတာင္ Coco Chanel ဆိုရင္ ဖက္ရွင္ေလာကက လူတိုင္းေလးစားအားက်ရတဲ့သူဆိုေတာ့ လူေသေပမဲ့ နာမည္မေသဘူးဆိုတာ ဒါမ်ိဳးထင္ပါရဲ႕ေနာ္။

 

Unicode ဖြင့်ဖတ်ရန်......
ကမ္ဘာ့ဖက်ရှင်လောကရဲ့ အာဏာပါဝါ အရှိဆုံး အမျိုးသမီး Coco Chanel
ကမ္ဘာကျော်ဘရန်းတစ်ခုဖြစ်တဲ့ Chanel ကို အကုန်လုံး ရင်းနှီးပြီးသားဖြစ်မယ်ထင်တယ်။ သူ့ရဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်ကိုကော မသိချင်ကြဘူးလား?

Chanel ကို မွေးဖွားပေးခဲ့သူက ဘဝကို သုညကစခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။

သူ့နာမည်က Coco Chanel ပဲ ဖြစ်ပါတယ်။ ပြင်သစ်လူမျိုး Coco Chanel ကို ၁၈၈၃ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သမီးသုံးယောက်ရှိတဲ့ထဲက အလတ်ဖြစ်ပါတယ်။ နာမည်အရင်းကတော့ Gabrielle Bonheur Chanel ပါ။ ဒါဆို Coco အကြောင်း မသိသေးတဲ့ အချက် (၇) ချက်ကို လေ့လာကြည့်ရအောင်။

(၁) ရွှေဇွန်းကိုက်ပြီး မွေးလာတာမဟုတ်တဲ့ Coco ရဲ့ ငယ်ဘဝက မလှပခဲ့ပါဘူး။ Coco Chanel အသက် (၁၂) နှစ်အရွယ်မှာ မိခင်ဆုံးပါးသွားခဲ့တဲ့နောက် သူ့ဖခင်က သမီးသုံးယောက်လုံးကို မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ အပ်ချုပ်တဲ့အတတ်ပညာကို မိဘမဲ့ကျောင်းက တတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အသက် (၁၈) နှစ်လောက်က စပြီး Coco ဟာ စားသောက်ဆိုင်တွေမှာ သီချင်းဆိုတဲ့အလုပ်နဲ့ အသက်မွေးခဲ့ရပါတယ်။

Read More>> ကမ္ဘာ့ အကောင်းဆုံး ဖက်ရှင် အမှတ်တံဆိပ် (၈) ခု

(၂) Coco Chanel က သူ့ရဲ့ဒီဇိုင်းနာလုပ်ငန်းကို ဦးထုပ်တွေ ချုပ်ရာကနေ စတင်ခဲ့တာပါ။ လက်ရှိတစ်ကမ္ဘာလုံးမှာ Chanel ဆိုင်ပေါင်း (၃၁၀) ရှိနေပါပြီ။

(၃) Coco Chanel ဟာ အမျိုးသမီးတွေအတွက် suit တွေကို ပထမဆုံးတီထွင်ခဲ့သူဖြစ်ပါတယ်။

(၄) အဲ့ခေတ်အခါတုန်းက စတိုင်လ်ဘောင်းဘီတွေဆိုတာ အမျိုးသမီးတွေ ဝတ်ဆင်ရတဲ့အရာလို့မမြင်ခဲ့ကြပါဘူး။ ဒါကို ပြောင်းလဲခဲ့သူကတော့ Coco Chanel ဖြစ်ပါတယ်။ အမျိုးသမီးတွေလည်း စတိုင်လ်ဘောင်းဘီနဲ့ လိုက်ဖက်ကြောင်းပြပြီး ဖက်ရှင်လောကကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ အာဂ Coco Chanel ပါ။

(၅) ဒီဇိုင်နာရေမွှေးတွေကို ပထမဆုံးမိတ်ဆက်ခဲ့သူကလည်း Coco Chanel ပါပဲ။ Coco ရဲ့ပထမဆုံးထုတ်လုပ်တဲ့ Chanel No.5 ရေမွှေးဟာဆိုရင် အခုချိန်ထိ အမျိုးသမီးတွေကြား ရေပန်းစားဆဲပါပဲ။

(၆) Coco Chanel ရဲ့ အကြိုက်ဆုံးအရောင်ကတော့ အနက်ရောင်ပါတဲ့ရှင်။

(၇) Chanel ရဲ့ ကျောက်မျက်ရတနာပြပွဲတိုင်းမှာ တွေ့ရတဲ့ ခြင်္သေ့ရုပ်ကြီးကိုလည်း အစက အလှပြရုံသက်သက်ပဲလို့ထင်ခဲ့တာပါ။ ဘယ်ဟုတ်မလဲ… Coco Chanel ရဲ့ ရာသီခွင်က ခြင်္သေ့ပုံ သိဟ်ရာသီခွင် (Leo) ဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ထားတာပါတဲ့။

Coco Chanel ဟာ ကမ္ဘာ့ဖက်ရှင်လောကမှာ အာဏာပါဝါအရှိဆုံးအမျိုးသမီးတစ်ယောက်ပါ။ သူ့ခေတ်သူ့အခါ ယောကျာ်းသားတွေ ကြီးစိုးခဲ့တဲ့အချိန်မှာတောင်မှာ ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ သေဆုံးသွားတာတောင် Coco Chanel ဆိုရင် ဖက်ရှင်လောကက လူတိုင်းလေးစားအားကျရတဲ့သူဆိုတော့ လူသေပေမဲ့ နာမည်မသေဘူးဆိုတာ ဒါမျိုးထင်ပါရဲ့နော်။

 

Source: For Her Myanmar

Myanmar Textile and Garment Directory

Read 1780 times
Rate this item
(0 votes)
Tagged under