What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမှိုက်အိတ်နှင်းဆီနက် ၀တ်စုံ ဖန်တီးရှင်

အမ်ဘာစကိုးဟာ အလှပြင် ဗီလောဂါ(vlogger) တစ်ဦးဖြစ်ပါတယ်။ အင်တာနက် ဖွံ့ဖြိုးလာတာနဲ့အမျှ အင်တာနက်မှာ

တင်ပြပုံတွေ ပြောင်းလဲတိုးတက်လာခဲ့တာမှာ ဓာတ်ပုံရုပ်သေလောက်နဲ့ အားမရတော့ဘဲ ဗီဒီယိုတွေကို ဘလော့တစ်ခုထူထောင်ပြီး တင်လာကြပြီး အဲဒီ ဗီဒီယိုဘလော့ဂါကို video blogger ကို ဗီလောဂါ(vlogger) လို့ အတိုကောက် ခေါ်ဝေါ်တဲ့အသုံးအနှုန်း ပေါ်ပေါက်လာခဲ့ပါတယ်။
အမ်ဘာစကိုးက အမှိုက်အိတ်အဖြစ် သုံးတဲ့ ပလစ်တစ်အိတ်မည်းမည်း တွေနဲ့ ဖက်ရှင်ဒီဇိုင်းထွင်ပြီး ၀တ်စုံတစ်ထည် ထုတ်လုပ်ပုံကို ဗီဒီယိုတင်လိုက်တာ ကြည့်ရှုသူဦးရေ ၁ သိန်းကျော်သွားတဲ့အထိ အလွန်များပြားခဲ့ပါတယ်။

YOUTUBE

 

 https://www.youtube.com/watch?v=MWbQdgjsvJI

SCHOOL

 

 

 

ကိုယ်တိုင်လုပ်ကိုင်နိုင်တဲ့ Do It Yourself DIY ၀တ်စုံအမျိုးအစားဖြစ်ပါတယ်။ အမှိုက်အိတ်အနက်နဲ့ ဖက်ရှင်ထွင်ကြတာ ရေစီးကြောင်း တစ်ခု ဖက်ရှင်လောကမှာ ရှိနေပါတယ်။ အဲ့ဒါကြောင့် အမ်ဘာစကိုးကို အမှိုက်အိတ် ဖက်ရှင်လုပ်ပြဖို့ တောင်းဆိုခံရတယ်။

အမှိုက်အိတ်ကို ၀တ်စုံလုပ်ဖို့စိတ်ကူးက ရယ်စရာပြက်လုံးတစ်ခုအဖြစ်ဖြင့် စတင်ခဲ့ပါတယ်။ “ကျမတင်တဲ့ ဗီဒီယိုတွေ ကြည့်ဖို့ စာရင်းပေးထားတဲ့သူတွေမှာ အမှိုက်အိတ်ကို ကြည့်ကောင်းတဲ့ဝတ်စုံဖြစ်အောင် လုပ်ဖို့ အမြဲမှတ်ချက် ရေးတဲ့သူတွေ ရှိတယ်။ ဒီတော့ ကျမ စမ်းကြည့်ဖို့ စိတ်ကူးရတယ်။ ဘာများ လုပ်လို့ရမလဲဆိုတာ လုပ်ကြည့်မှပဲ သိရမယ်”
အခုလို ပြက်လုံးကနေ စခဲ့တာ ဖြစ်ပေမဲ့ နောက်ဆုံးရလဒ် ၀တ်စုံအပေါ် အရမ်းသဘောကျတာကြောင့် အပြင်မှာ တကယ်ဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
စကိုးက အမှိုက်အိတ်တွေ တစ်ပုံး ၀ယ်လိုက်ပြီး စတင်လုပ်ကိုင်တယ်။ ဘယ်လို ဒီဇိုင်းမျိုးကို ထုတ်ရမလဲဆိုတာ အဖြေထုတ်ရတာ အခက်ဆုံးပဲလို့ သူမက ပြောပြပါတယ်။
အမှိုက်အိတ်ကို ကိုယ်မှာ စွပ်ပြီး ၀တ်ထားရင် အရူးမ လို့ ပြောခံရဖို့ရှိတယ်။ ဒီတော့ ၀တ်စုံဟာ အမှိုက်အိတ်နဲ့ လုပ်ထားတာ ဖြစ်ပေမဲ့ မြင်ရသူတွေက အမှိုက်အိတ်လို့ မမြင်တော့ဘဲ ဖက်ရှင်ဝတ်စုံလို့ မြင်အောင် လုပ်ဖို့ အရေးကြီး တယ်။ အဲဒီမှာ သူက နှင်းဆီပွင့်ဖောင်းကြွတွေ ထည့်ပေးလိုက်တယ်။ အမှိုက်အိတ်ကို အစရှည်ရှည် အပိုင်းတွေဖြတ်၊ လိပ်ခေါက်ခြည်ပြီး ပန်းပွင့်ပုံ ပေါ်အောင် ဖော်တယ်။ ပြန်ပြေမထွက်အောင် တိပ်အမည်းရောင်နဲ့ ကပ်တယ်။ နှင်းဆီနက်တွေ အလုံအလောက် ရပြီဆိုတော့မှ သူက အောက်ခံအဖြစ်သုံးတဲ့ အတွင်းခံဝတ်စုံမှာ နှင်းဆီပွင့်တွေကို ကပ်တယ်။
ပထမဆုံးအကြိမ် လုပ်တာဆိုတော့ ကျွမ်းကျင်မှု မရှိသေးလို့ ခြောက်နာရီကျော်ကြာ လုပ်ကိုင်ခဲ့ရပေမဲ့ လုပ်ရကျိုးနပ်တယ်လို့ စကိုးက ပြောပြတယ်။ “ဘာလုပ်ရမှန်း မသိလို့ ဟိုလိုလုပ်ကြည့် ဒီလိုလုပ်ကြည့်၊ စဉ်းစားခန်းဖွင့် အဲဒါ သုံးနာရီလောက် ကြာပြီးမှ နှင်းဆီစိတ်ကူးကို ကျမ ရသွားတယ်”
ကိုယ်လုပ်ထားတဲ့ ၀တ်စုံနက်ကို ကိုယ်တိုင် သဘောကျလွန်းလို့ ကျေနပ်မိတယ်။ ယူကျု့မှာ ဗီဒီယိုတင်ပြီး Twitter မှ တွိ လိုက်တယ်။ ကြည့်မိတဲ့သူတွေ သဘောကျကြလို့ ပြန်ဖြန့်လိုက်ကြလို့ ဗီဒီယို ကြည့်ရှုသူဦးရေ တစ်သိန်းကျော်သွားခဲ့ပါတယ်။

 

woman respond someone call you trashy amber scholl 19

Amber Scholl creo vestido con bolsas de basura 6

woman respond someone call you trashy amber scholl 5

woman respond someone call you trashy amber scholl 7

woman respond someone call you trashy amber scholl 9

woman respond someone call you trashy amber scholl 10

woman respond someone call you trashy amber scholl 11

woman respond someone call you trashy amber scholl 14

Capture1

 

Read 1103 times
Rate this item
(0 votes)